(9.2)

359 54 2
                                    

(9.2)

အသက်နှစ်ဆယ်ကျော်အရွယ်လောက်ရှိတဲ့ကောင်လေးတစ်ယောက်က အဘိုးကြီးရဲ့ နောက်ကျောဘက်ကနေ ထွက်လာပြီး အရှေ့မှာရှိနေတဲ့ လီကျိုးရှင်းတို့ နှစ်ယောက်ကို ပြုံးပြီး ကြည့်လိုက်တယ်။

"အထဲမှာ ရှိရမယ့် ဧည့်သည်တွေက ဘာလို့ အပြင်ကို ရောက်နေကြတာလဲ?"

အဘိုးကြီးက သူ့လည်ပင်းမှာ ကြိုးတစ်ပင် ရစ်ပတ်ထားသလို ခံစားနေရတယ်။

ဒီအခိုက်အတန့်မှာ သူ သေရတော့မယ်လို့ ထင်လိုက်ပေမယ့်  သူ့လည်ပင်းမှာ ရစ်ပတ်ထားတဲ့ စိတ်စွမ်းအားကြိုးမျှင်က ရုတ်တရက်ပျောက်ကွယ်သွားခဲ့ပြီး သူ့ရဲ့အသက်ရှူပြွန်ထဲကို ပိတ်ဆို့ထားတဲ့ ဖိအားက ရုတ်တရက် ပျောက်ကွယ်သွားတာကြောင့် အပြင်းအထန် ချောင်းဆိုးတော့တယ်။

ယဲ့အန်းက အနောက်ကနေ လီကျိုးရှင်းနဲ့ ကုဝမ်ချန်တို့ကို  တီးတိုးလေး လှမ်းပြောလိုက်တယ်။

"သခင်.. အဲဒီလူက ဒီလေလံပွဲရဲ့ ပိုင်ရှင်ပါ"

လီကျိုးရှင်းနဲ့ ကုဝမ်ချန်တို့ အကြည့်ချင်းဆုံသွားခဲ့တယ်။ လီကျိုးရှင်းက သူ့ရဲ့ နဂိုရိုးသားတဲ့ပုံစံကို  ချက်ချင်း ပြင်ဆင်လိုက်ပြီး ပထမဆုံး စပြောလိုက်တယ်။

"ကျွန်တော်တို့က  ဒီအဘိုးရဲ့ မျက်နှာကို နည်းနည်းလောက်  ရင်းနီးနေလို့ သူ့ဆီကို လာပြီး စကားပြောရုံပါပဲ"

ပိုင်ရှင် : "တကယ်လား?"

အဲဒီလူရဲ့ မျက်နှာပေါ်မှာရှိနေတဲ့ အပြုံးကတော့ လုံးဝမပျောက်ကွယ်သွားခဲ့ဘူး။ ဒါကြောင့်ပဲ သူ့ရဲ့စိတ်ကို ဖတ်ဖို့အတွက် ပိုမိုခက်ခဲနေခဲ့တယ်။

သူ့ရဲ့မျက်လုံးတွေက တစ်ယောက်ပြီးတစ်ယောက် အကဲခတ်သွားခဲ့ပြီးမှ လီကျိုးရှင်းဆီသို့ ကြည့်လာခဲ့တယ်။

"ဆေးရောင်းတဲ့အဖိုးကြီး.
ငါ့ရဲ့ ဧည့်သည်တွေကို ထပ်ပြီး လိမ်နေပြန်ပြီလား"

အဘိုးကြီးက ပိုင်ရှင်ရဲ့ အကြည့်တွေအောက်မှာ တုန်လှုပ်နေခဲ့ပြီး တုန်ယင်နေတဲ့အသံတွေနှင့် ပြန်ဖြေတယ်။

"မ .. မလုပ်ပါဘူး"

လေလံပွဲပိုင်ရှင်ရဲ့ အပြုံးတွေက ပိုပြီး ကျယ်ပြန့်လာတယ်။

အစစ်အမှန်ကုန်းတစ်ယောက် စာအုပ်ထဲကိုကူးပြောင်းပြီးနောက် အဖြာင့်ယောင်ဆောင်နေရလေရဲ့Where stories live. Discover now