အခန်း(၂၂)

353 24 2
                                    

ချစ်တာသူ့ကို...🍭(Season2)
အခန်း၂၂

🍬🍬🍬🍬

ညအိပ်၀တ်စုံပင်မလဲ‌တော့ဘဲ
ခြံထဲကဆိုင်ကယ်ကိုဆွဲယူ၍ထွက်လာခဲ့သည်ညဘက်ဖြစ်နေပြီမို့လို့ကုမ္ပဏီကိုမသွားတော့ပဲသူ့အိမ်ကိုပဲလိုက်လာခဲ့သည် တစ်ခုခုကိုဆုံးဖြတ်ပြီးရင်ချက်ခြင်းလုပ်ရမှ‌ေကျနပ်သည် အချိန်ဆွဲတာကိုဂျီဂျီမကြိုက်ပေ...
ဘယ်သူ့ကိုမှအသိမပေးဘဲထွက်လာခဲ့ပေမယ်အိမ်ရှေ့ရောက်တော့ပိတ်ထားတဲ့ခြံတံခါးကဂျီဂျီ့ကြိုကိုဆိုနေသည်

ဒီအချိန်ကြီးကိုအိမ်မှာမရှိဘူးဆိုတော့...

ဂျီဂျီ့ခေါင်းထဲမှာအတွေးမျိုးစုံ၀င်လာသည် တကယ်ပဲနောက်မိန်းကလေးနဲ့ရူပ်နေပြီလား...

မဖြစ်နိုင်ဘူး သူကအလုပ်ဂျပိုး...

သိချင်ဇောနဲ့ကုမ္ပဏီကိုရောက်လာခဲ့ပြန်သည်

အဆာက်အဦးတစ်ခုလုံးကအပ်ကျသံပင်မကြားရအောင်တိတ်ဆိတ်မှောင်မဲနေသည်

ည8နာရီဆိုတဲ့အချိန်မှာဘယ်သူကအလုပ်လုပ်နေမှာလဲ...နင်တော်တော်ရူးတာပဲဂျီဂျီ...

" တင်မ်.."

ဖုန်းထဲကsmsအသံကြောင့်ဖွင့်ကြည့်မိတော့ ကံသာ့ဆီကဖြစ်နေသည် ကံသာပို့လိုက်တဲ့ဓာတ်ပုံထဲမှာဦးနေရောင်ကသူ့မိတ်ဆွေတွေနဲ့စကားပြောနေသည် စားပွဲပေါ်မှာလည်းဝိုင်ပုလင်းနဲ့စားသောက်စရာတွေအပြည့် ဘေးမှာလည်းမိန်းမလှလေးတွေနဲ့ ..

" ဂျီဂျီဘာလို့ကိုကြီးကိုတစ်ယောက်တည်းလွှတ်လိုက်တာလဲ.."

" ခုလိုက်ခဲ့နော် ကံသာလိပ်စာပို့လိုက်မယ်"

ပါတီပွဲမှာဘယ်လောက်ထိဖြစ်ပျက်နေလို့ကံသာကသူ့ကိုလှမ်းခေါ်ရတာလဲ...
ရင်ဘက်ထဲမှာပူလောင်လာသည်
သိချင်စိတ်ကြောင့်ကံသာပို့တဲ့လိပ်စာအတိုင်းချက်ချင်းလိုက်လာခဲ့သည်...

ရှန်ဂရီလာ‌ဟိုတယ်ရဲ့ကားပါးကင်တွင်ကားရောင်စုံအမြောက်အမြားရှိနေသည် ကြည့်ရတာပါတီတစ်ခုခုရှိပုံပင်...
ဆိုင်ကယ်ကိုကားရှင်းသည့်အပြင်ဘက်‌ေထာင့်တွင်ဖြစ်သလိုရပ်ထားခဲ့လိုက်သည်

ချစ်တာသူ့ကို....🍭 season 2Where stories live. Discover now