အခန်း(၂၃)

685 58 3
                                    

ချစ်တာသူ့ကို...🍭(season2)
အခန်း(၂၃)

🍬🍬🍬🍬

ဟိုတယ်တည်းကပြေးထွက်လာပြီးမှောင်ရိပ်ထဲရောက်မှအားရပါးရငိုချပစ်မိသည်
ဒီယောကျာ်းဟာဘယ်တုန်းကမှဂျီဂျီ့ကိုအထင်ကြီးချစ်ခင်ခဲ့တာမဟုတ်မှန်းသိရက်နဲ့အရူးလိုပဲသူ့နောက်ကိုလိုက်လာခဲ့မိသည်...

ကိုယ့်အဖြစ်ကိုပြန်တွေးပြီးရှက်မိသည်...
သူတခြားမိန်းမဆီရောက်နေပြီလားဆိုတဲ့စိတ်နဲ့ဘာမှမတွေးနိုင်အောင်ပူလောင်ခဲ့ရသည် ကိုယ့်ကိုတကယ်ချစ်တာဖြစ်နိုင်တယ်လို့တောင်တွေးခဲ့မိသေးသည်
ကိုယ်ကတော့ကိုယ့်ပုံစံကြောင့်လူပုံအလယ်မှာသူကဲ့ရဲ့ခံရမှာကိုစိုးရိမ်လိုက်ရတာ....
သူကတော့ကိုယ်နေရာမှာတစ်ခြားတစ်ယောက်အစားထိုးပစ်လိုက်တာလွယ်လွယ်လေး....
ဒါမှမဟုတ်အစတည်းကဂျီဂျီကသူ့အတွက်ဘာမှမဟုတ်ခဲ့ဖူးလား...
သူ့ရင်ထဲမှာအခြားတစ်ယောက်ရှိရက်နဲ့ကိုယ့်ကိုသိမ်းပိုက်ခဲ့တာလား...

အစတည်းကမချစ်ဘူးဆိုလည်းကွာရှင်းပေးလိုက်ပါလား...
ဘာဖြစ်လို့သူများဘ၀ကိုဖျက်ဆီးခဲ့လဲ...
ဘာဖြစ်လို့ချစ်တယ်လို့လိမ်ညာပြောခဲ့လဲ....

တစ်ခါမှမခံစားရဖူးသောရှက်သည့်စိတ်ကလူကိုသေကွေးသွားအောင်ထုထောင်းရိုက်ပုတ်နေသလိုပင်...
ဘာဖြစ်လို့ဒီလိုလူကိုမှရင်ခုန်ခဲ့မိတာလဲ...
ရိူက်သံမထွက်အောင်အောက်နူတ်ခမ်းကိုဖိကိုက်ထားရင်ငိုမိသည်
သူ့ကိုဒီ့ထက်ပိုပြီးမချစ်မိခင်မြန်မြန်ရပ်တန့်ပစ်ရမည် လူရောစိတ်ရောတစ်စက်ကလေးမှမကောင်းတဲ့သူ...လူယုတ်မာကြီး....
သူနဲ့အမြန်ဆုံးကွာရှင်းပြီးကိုယ့်ဘ၀နဲ့ကိုယ်ရပ်တည်မည်

စောစောကသူပြောတဲ့စကားတွေကိုအသံသွင်းခဲ့ရမှာကို...
အလောတကြီးထွက်လာတော့ဖုန်းယူဖို့လည်းမေ့ခဲ့ပြီ...
" ကျစ်..အသုံးမကျတဲ့ဦးနောက်.."

ကိုယ့်ခေါင်းကိုတစ်ချက်ထုပစ်လိုက်သည်
အသံမသွင်းမိတော့လည်းဘာဖြစ်လဲ...
စကားလုံးတစ်လုံးချင်းစီတိုင်းကိုအလွတ်မှတ်မိနေပြီးသား...
အဲ့အတိုင်းမေမေနဲ့ဖေဖေကိုပြန်ပြောပြမည်...

မျက်ရည်တွေကိုသုတ်ပစ်၍ဆိုင်ကယ်ရပ်ထားတဲ့နေရာကိုဆက်လျှောက်လာတုန်းဘယ်အချိန်ကရောက်နေမှန်းမသိသောဦးနေရောင်ကအနောက်ကနေလက်ကိုလှမ်းဆွဲလိုက်၏

ချစ်တာသူ့ကို....🍭 season 2Where stories live. Discover now