အခန်း(၂၄)

455 51 2
                                    

ချစ်တာသူ့ကို...🍭(season2)
အခန်း(၂၄)

🍬🍬🍬🍬

ဂျီဂျီ့လက်ကလေးကိုသူဆွဲခေါ်လာတော့ကိုယ့်ဘာသာရင်တွေခုန်ပြီးပါလာတာ" ၀င် "ဆိုပြီးတံခါးဖွင့်လိုက်မှဒါကသူ့အခန်းကြီး...

သူပြန်ခေါ်ခဲ့တုန်းကလည်းဂျီဂျီကိုယ်တိုင်ခေါင်းငြိမ့်ခဲ့ပြီးခုကျမှသူ့အခန်းထဲကပြူးတူးပြဲတဲနှစ်‌ေယာက်အိပ်ကုတင်ကြီးကိုကြည့်၍ရှေ့ဆက်မတိုးနိုင်...
" ‌ဟိတ်..ဘာထူးဆန်းတာတွေ့လို့လဲ..၀င်လေ.."

" ဂျီဂျီ..အခန်းမှားနေပြီ..အရင်လိုပဲ.."

" မရဘူး.."

နောက်ပြန်လှည့်လိုက်ပေမယ့်သူကတံခါးပြန်ပိတ်ပြီးကြောနဲ့ကပ်ထား၏

" ခုကအရင်လိုမဟုတ်တော့ဘူးလေ.."

ခါတိုင်းလိုဆိုဝုန်းဒိုင်းကျဲပြီးတွန်းထွက်ပစ်လိုက်နိုင်ပေမယ့်ခုကျတော့သူ့ရင်ဘတ်ကိုလက်နဲ့တောင်မထိရဲပေ...
ဘာကိုဘယ်လိုရှိန်နေမိမှန်းလဲမသိ...

သူ့မျက်လုံးတွေကဒီနေ့မှပိုတောက်ပနေသလိုလို အသံကပဲဒီနေ့မှတိုးညက်ညက်နဲ့ဆွဲဆောင်မူရှိနေသလိုလို..
သူရှေ့ကိုတစ်လှမ်းတိုးလာတိုင်းဂျီဂျီနောက်တစ်လှမ်းဆုတ်သွား၏
" အမလေး.."

နောက်ဆုတ်နေရင်းကုတင်နဲ့ခြေသလုံးတိုက်မိပြီးမွေ့ယာပေါ်ပစ်လဲသွားတော့သူကအပေါ်ကအုပ်မိုးလာ၏

" ဒါကဘာပုံစံလဲ..ကိုယ့်ကိုဆွဲဆောင်နေတာလား.."

" မဟုတ်ဘူး..ဟို.."

သူ့လက်တွေကဂျီဂျီရဲ့ည၀တ်အင်္ကျီလေးကအပေါ်ဆုံးကြယ်သီးတစ်လုံးကိုထုတ်ခနဲဖြုတ်ပစ်လိုက်၏

သူ့ခေါင်းကဂျီဂျီ့လည်တိုင်ဆီကိုဦးတည်လာတော့ မျက်နှာကိုဖတ်ခနဲလက်နှစ်ဖတ်နဲ့ကိုင်၍ဆွဲမော့လိုက်သည်

" ခဏလေး..ဟို.."

ဂျီဂျီ့မျက်နှာလေးကိုသူကမျက်မှောင်ကုတ်၍ကြည့်သည်..

" ဘာဖြစ်လို့လဲ.."

" ဗိုက်..ဗိုက်နာလို့.."

" မတည့်တာတွေစားထားပြန်ပြီလား.."

" အင်း..အိမ်သာသွားလိုက်ဦးမယ်.."

သူ့ကိုယ်ကြီးကိုတွန်းဖယ်၍သန့်စင်ခန်းထဲပြေး၀င်လာခဲ့သည်

You've reached the end of published parts.

⏰ Last updated: 20 hours ago ⏰

Add this story to your Library to get notified about new parts!

ချစ်တာသူ့ကို....🍭 season 2Where stories live. Discover now