Ones in the Millions (Part-50)
-Taemin's pov-
'ဘယ်သူ..ဘယ်သူလဲ ဆရာ..??´
Taeyeon ၏ အမေး အဆုံး တာဝန်ကျ ဆရာမှာ စာရွက်အား လှန်ကာ ကြည့်ကာ သွေးနမူနာ ကိုက်ညီသည့် ပိုင်ရှင်အား ပြောလိုက်လေသည်..။
'Lee Taemin..!´
'ဘာ....???´
အံ့သြခြင်း မယုံနိုင်ခြင်း များစွာနဲ့ Kibum တစ်ယောက် အော်လိုက်ကာ Taemin အား လှမ်းကြည့်လိုက်သည် ။
'ဟင့်အင်း.. ´
အစောပိုင်း ထဲက နေမကောင်းဖြစ်ချင်နေသော Taemin ၏ မျက်နှာမှာ ပို၍ သွေးဆုတ်ဖြူ ရော်လာကာ ဆေးစာရွက်အား လှမ်းယူလိုက်လေသည်..။
// DNA Blood test :
Lee Jinki 0.01% match
Choi Minho 0.5% match
Kim Kibum 0.35% match
Lee Taemin 95% match//
'မဖြစ်နိုင်ဘူး..´
Taemin ၏ တုံ့ပြန်မှုကြောင့် ကျန်ရှိနေသောသူတွေအပါအဝင် တာဝန်ကျ ဆရာပါ လန့်သွားလေတော့သည်..။
'ပြန်..ပြန် စစ်ပေးပါ..´
Taemin ၏ စကားကြောင့် တာဝန်ကျဆရာမှာ သက်ပြင်းချကာ..
'အဖြစ်မှန်ကို လက်ခံဖို့ပဲ ဆရာ ပြောချင်တယ်..´
'Lee Taemin!! နင်!!´
'Taeyeon ah..!!´
Taeyeon မှာ Taemin အား စတင် ထုရိုက်နေလေရာ Onew နှင့် Minho မှာ တစ်ယောက် တစ်ဖက် ဆွဲထားရလေတော့သည်..။
'မိုက်ရိုင်းလှချည်လား..!´
'......´
'ငါ့ သူငယ်ချင်း ကို နင်မို့ လုပ်ရက်တယ်..´
'Taeyeon.. စိတ်ထိန်း.. ဆေးရုံမှာ..´
Onew ၏ စကားမှာ အတင်းရုန်းကန် နေသော Taeyeon အား နားဝင်အောင် မလုပ်နိုင်ပါချေ..။
'Yahh!! အခု ဘယ်လိုလုပ်မှာလဲ? ဘယ်လိုလုပ်မှာလဲ ပြော..!!´
Taeyeon ၏ ထုရိုက်သမျှကို သူ ဘာမှ မတုံ့ပြန်ပဲ ငြိမ်နေမိသည်..။
မဖြစ်...မဖြစ်နိုင်ချေ..။
သူ Miyoung ကို လက်ဖျားနှင့်တောင် မထိဖူးပါချေ..။ သူမူးနေတုန်း Miyoung အိမ် ခဏ ခဏ သွားဖူးတာ မှန်ပေမယ့် လွန်လွန်ကြူးကြူး တစ်ခါမျှ မဖြစ်ခဲ့ဖူးလို့ သူထင်ပါသည်..။ သူ စိတ်လွတ်ခဲ့ရင်တောင် Miyoung ဘက်က ထိနိးမှာ အသေချာပင်..။
YOU ARE READING
Ones in the Millions(Hiatus)
Roman d'amourSHINee : ကျွန်တော် တို့ 5ယောက် လုံး ကောင်မလေး တစ်ယောက်တည်း ကို မတူညီတဲ့ ပုံစံမျိုးနဲ့ တွေ့ဆုံ ခဲ့ပြီး တူညီတဲ့ အချစ် တစ်မျိုးတည်း နဲ့ ချစ်မိခဲ့ ကြတယ်..။ Park Miyoung (Reader) တစ်ချိန်ထဲမှာ လူ 5 ယောက် လုံးကို ချစ်မိသွားဖို့ ဆ...