(10.2)

310 54 1
                                    

(10.2)

လီကျိုးရှင်းက ကျိယွီနဲ့ လင်းနျဉ်တို့ကိုလည်း မြည်းခိုင်းလိုက်တယ်။ ကျိယွီကတော့ အရသာကို မြည်းပြီးတဲ့အချိန်မှာ အလွန်လေးနက်စွာနဲ့ စကားလုံးပေါင်းငါးရာလောက် ချီကျူးခဲ့ပြီး ရှီနန်နဲ့အတူ မီးဖိုခန်းအပေါက်ဝနားမှာ သွားထိုင်ပြီး ညစာစားဖို့ မျှော်နေခဲ့လေတယ်။

အဓိကဇာတ်ကောင်ရဲ့ ဟင်းချက်စကေးက  တကယ်ကို ဟာသမဟုတ်ဘူး။

အရင်တုန်းက လီကျိုးရှင်းက ကုဝမ်ချန်ရဲ့ ဆွဲဆောင်မှုတွေကို အမှတ်(8) လောက် ပေးထားခဲ့ပေမယ့် အခု သူ့ရဲ့ဟင်းချက်လက်ရာကို သိလိုက်ရတော့ ဆယ်မှတ်မှာ ဆယ်မှတ် အပြည့်ပေးလိုက်ပြီ။

လင်းနျဉ်က ကျိယွီထက်တောင် ထုံထိုင်းစွာနဲ့ မေးလာတယ်။

“တကယ်လား?  တစ်တုံးပဲ ကျွေးတာလား?”

လင်းနျဉ်ရဲ့ အလွန်လေးနက်လွန်းတဲ့မျက်နှာကိုကြည့်ပြီး စနောက်လိုက်တယ်။

“ငါတို့က အရမ်းဆင်းရဲတယ်လေ .. ဒီမှာ အသားက ငါးတုံးပဲ ရှိတာ.. ကြည့်လိုက် တစ်ယောက်ကို တစ်တုံးဆီမှ ဘယ်လောက်ထိ  မျှမျှတတလုပ်ပေးထားသလဲ"

လင်းနျဉ်ရဲ့မျက်လုံးတွေက သူ မကျေနပ်တဲ့အကြောင်းကို ဖော်ပြလာတယ်။

“မင်းက ဘယ်လိုမျိုး ထင်မြင်ချက်တွေ ရှိနေတာလဲဆိုတာ မသိပေမဲ့  ငါက မင်းပြောတဲ့စကားတိုင်းကို ယုံမယ့် ငတုံးမဟုတ်ဘူး”

လင်းနျဉ်ကလည်း ကုဒ်တွေရှာနေတာကို ရပ်တန့်ထားဖို့ ဆုံးဖြတ်လိုက်တယ်။ သူက မီးဖိုးခန်းတံခါးပေါက်နားကိုရောက်တော့ ဒီနေရာမှာ သူ နေဖို့အတွက် နေရာမရှိတော့သလိုမျိုး ထိုင်စောင့်နေကြတဲ့ လူနှစ်ယောက်ကို ခွကျော်ကာ  အထဲကို ဝင်သွားလိုက်တယ်။

“ပြီးဖို့ ဘယ်လောက်ကြာဦးမှာလဲ”

သူက သူ့ရဲ့အကြည့်တွေကို ပိုပြီး ကောင်းမွန်စေဖို့နဲ့ အေးခဲတဲ့အမူအရာကိုလည်း အတတ်နိုင်ဆုံးလျှော့ချဖို့ကြိုးစားရင်း ကုဝမ်ချန်ကို မေးလိုက်တယ်။

လူတိုင်းရဲ့ တုံ့ပြန်မှုတွေက ဒီအရသာရှိတဲ့ ဟင်းလျာတွေကို ပြင့ဆင်ပေးနေခဲ့တဲ့ စားဖိုးမှူးကို စိတ်ကျေနပ်စေခဲ့တယ်။

အစစ်အမှန်ကုန်းတစ်ယောက် စာအုပ်ထဲကိုကူးပြောင်းပြီးနောက် အဖြာင့်ယောင်ဆောင်နေရလေရဲ့Where stories live. Discover now