(11.2)ချစ်ရတဲ့ လူငယ်လေး

337 56 1
                                    

(11.2)ချစ်ရတဲ့ လူငယ်လေး

ချန်ယန်အကယ်ဒမီက နေရာအကျယ်ကြီးပဲ။ အတွင်းပိုင်းမှာ လေ့ကျင့်ရေးစခန်းတွေနဲ့ တိုက်ခိုက်ရေးကွင်းတွေလည်း အများကြီးရှိတယ်။

“ဒီခရီးလမ်း” ဆိုတဲ့ စာအုပ်က အာကာကကြယ်တာရာလမ်းကြောင်းပေါ်က နည်းပညာတိုးတက်လွန်းတဲ့  သိပ္ပံစိတ်ကူးယဉ်စာအုပ်အမျိုးအစားဆိုပေမယ့် စာရေးသူက မက်ခါတွေအကြောင်းတွေကို တိုးတက်စေတာမျိုး ၊ ဒါမှမဟုတ် စက်လက်နက်ပစ္စည်း နည်းပညာတိုးတက်မှု အကြောင်းကို အတိအလင်း ရေးသားပုံဖော်ထားတာမျိုးမဟုတ်ပါဘဲ စိတ်စွမ်းအားနဲ့ ထိုစွမ်းအင်တွေနှင့် ပတ်သတ်တဲ့ အကြောင်းအရာတွေကိုပဲ အသားပေး ရေးသားထားခဲ့တယ်။

သူတို့အဖွဲ့သားတွေ လေပေါ်ဥယျာဉ်ကို ရောက်တော့ ဝင်ပေါက်မှာရှိတဲ့ စစ်ဆေးရေးစက်က သူ့ကို ဝင်လို့မရကြောင်း တားစီးလာခဲ့တယ်။

“စစ်ဆေးမှု ကျရှုံးပါတယ်.. ဝင်ရောက်ခွင့်မရှိပါဘူး"

သူတို့ရဲ့ အနောက်မှာတော့ စီနီယာကျောင်းသားအဖွဲ့က ရပ်စောင့်နေခဲ့ကြတယ်။ စစ်ဆေးရးစက်ဆီမှ ထွက်ပေါ်လာတဲ့ အသံကို ကြားလိုက်တော့ ထိုစီနီယာအဖွဲ့ထဲက အကြီးဆုံးကျောင်းသားတစ်ယောက်က သူတို့ကို မေးလာတယ်။

“မင်းတို့က ဒီနှစ်ရဲ့ ကျောင်းသားအသစ်တွေလား?”

“ဟုတ်ပါတယ်”

ရှီနန်က နားမလည်တဲ့ ပုံစံနဲ့ ပြန်မေးခဲ့တယ်။

"ဒါက ကျွန်တော်တို့မှာ ဒီအထဲကို ဝင်ရောက်ခွင့်အတွက် ခွင့်ပြုချက်စာမရှိလို့ အထဲကို ဝင်လို့မရတာလား?”

“မဟုတ်ပါဘူး”

အတန်းကြီး စီနီယာက ချီနန်ရဲ့ မေးခွန်းကို ပြန်ဖြေလာတယ်။

“လေပေါ်ဥယျာဉ်မှာရှိတဲ့ စစ်ဆေးရေးစက်က ကျောင်းရဲ့စနစ်တွေနှင့် တွေနဲ့ ချိတ်ဆက်ထားတာလေ.. သူက တစ်မျိုးတည်းပဲ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်.. အဲဒါက မင်းတို့တွေ ကျောင်းရဲ့ စမ်းသပ်မှုမှာ အနည်းဆုံး အမှတ် ၈၀ ရထားမှ အဲဒီစနစ်က မင်းတို့တွေကို ဒီကျောင်းရဲ့ ကျောင်းသားဖြစ်ကြောင်း အသိအမှတ်ပြုမှာဖြစ်ပြီး ဒီဥယျာဉ်ထဲ ဝင်ခွင့်ပေးလိမ့်မယ်”

အစစ်အမှန်ကုန်းတစ်ယောက် စာအုပ်ထဲကိုကူးပြောင်းပြီးနောက် အဖြာင့်ယောင်ဆောင်နေရလေရဲ့Where stories live. Discover now