(13.2)
ဒီတစ်ကြိမ်မှာတော့ လူအများရဲ့ အာရုံကို ဆွဲယူဖို့က ပါမောက္ခရဲ့ အလှည့်ဖြစ်သွားပြီ။ သူက ပထမနှစ်ကျောင်းသားတွေရဲ့ စိတ်ဓာတ်ကို မြင့်တင်ပေးဖို့အတွက် ရှင်းယွင့်အဖွဲ့ကို ဂုဏ်ယူဝင့်ကြွားစွာနှင့် ချီးကျူးပေးခဲ့တယ်။
လီကျိုးရှင်းတို့ ငါးယောက်အတွက်ကတော့ ဝင်ခွင့်စစ်ဆေးမှု အချိန်တုန်းက သူတို့ရဲ့ ကြီးကြပ်ရေးမှူးဆရာတွေကလည်း Vagor ဂြိုလ်အတွင်းမှာ သူတို့ရဲ့ စွန့်စားခန်းအကြောင်းတွေကို တခြားကျောင်းသားတွေအားလုံးရှေ့မှာ ဆက်တိုက်ချီးကျူးတာကို ခံခဲ့ကြရတယ်။ ထိုအချိန်တုန်းက လူအုပ်အလယ်မှာရှိနေခဲ့တဲ့ သူတို့ငါးယောက်လုံး အနည်းငယ်လောက် ရှက်ရွံ့သလို ခံစားခဲ့ရတယ်။
ဒါပေမယ့် အခုချိန်မှာတော့ ပထမနှစ်ကျောင်းသားတွေရဲ့ရှေ့မှ စင်မြင့်ပေါ်မှာ ရပ်နေရပေမယ့် အဖွဲ့သားတွေအားလုံးက တည်ငြိမ်နေခဲ့ကြတယ်။ သူတို့ရဲ့စိတ်အာရုံအလုံးစုံကို နောက်လာမဲ့စစ်ဆင်ရေးအကြောင်းကပဲ လွှမ်းမိုးထားခဲ့တယ်လေ။ စိတ်ခံစားလွယ်တဲ့ ရှီနန်တောင်မှ ချီးကျူးခံနေရချိန်မှာ မျက်နှာ မနီရဲသွားတော့ဘူး။
သူတို့အားလုံးက သက်တူရွယ်တူတွေပဲဖြစ်နေတာကြောင့် တစ်ချို့ကျောင်းသားတွေကတော့ ရှင်းယွင််အသင်းရရှိနေတဲ့ အာရုံစိုက်မှုတွေကို မနာလိုဖြစ်နေခဲ့ကြတယ်။ လူအုပ်ထဲက တစ်စုံတစ်ယောက်က တီးတိုးပြောလာတယ်။
"အခုထိ ပြီးဆုံးသွားတဲ့ ဂြိုလ်သုံးလုံးထဲက စိတ်စွမ်းအားအမြင့်ဆုံးအမှတ် 1890 မှတ်လို့ ကြားတယ်၊ ငါတို့ ဂြိုလ်က တစ်ယောက်ယောက်က 1930 မှတ်တောင် ရထားတယ်ဆိုတော့ အမှတ်ကွာခြားချက်က 40 တောင်ရှိနေတာပဲ!"
"အင်း ဟုတ်တယ်၊ စိတ်စွမ်းအားအကြောင်းတစ်ခုတည်းကိုပဲပြောရရင်တော့ မင်းအခုပြောနေတဲ့ လူက နံပါတ်တစ် မဟုတ်ဘူး"
ဘေးနားက ကျောင်းသားတစ်ယောက်က သူ့ကို သနားစရာလိုမျိုး ကြည့်ပြီးပြောလိုက်တယ်။
"ဒါပေမယ့် မင်းတို့ မသိသေးတာဖြစ်လောက်မယ်.. ထျန်းလန်ရှင်းကထိပ်တန်းကျောင်းသားတွေဆိုတာက သူ့တို့ရဲ့စိတ်စွမ်းအားကို ထုတ်သုံးနိုင်နေပြီ၊ သူက သူရဲ့ စိတ်စွမ်းအားနဲ့ အစွယ်သားရဲတစ်ကောင်ကိုတောင် အမဲလိုက်ထားပြီးသွားပြီ၊ ငါတို့ဂြိုလ်က ကြီးကြပ်ရေးမှူးက အဲဒီ Videoကို ငါတို့ဆီကိုတောင် ပို့လာသေးတယ်.. ငါဆို အဲဒါကို ကြည့်ရင်း ကြက်သီးတွေတောင်ထသွားတာ"

YOU ARE READING
အစစ်အမှန်ကုန်းတစ်ယောက် စာအုပ်ထဲကိုကူးပြောင်းပြီးနောက် အဖြာင့်ယောင်ဆောင်နေရလေရဲ့
Fantasyခေါင်းစဥ်_ အဖြောင့်အယောင်ဆောင် _MC Gong _falls in love first _brotherhood _comedy _friendship _manly gay couple _military _powercouple _secret crush _straightuke _transmigration