PART - ( 31 )

190 23 4
                                    

     Ven စိတ်ထဲ မူမမှန်ဘူးလို့ တွေးထင်မိတဲ့
ကိစ္စတစ်ခုသည် သူ ထင်ထားသည့် အတိုင်း
ပင် ဖြစ်နေခဲ့သည်။ အမေဖြစ်သူ LiLi ဆီက ‌သူ ကြားရသည့် စကားလုံးတိုင်းဟာ နားထဲ
လေးလံစွာ တိုးဝင်လို့ နေခဲ့ပြီး ခဏတော့
တိတ်‌ဆိတ်နေမိသည်။

" မေမေ တောင်းပန်ပါတယ်နော် .. သား
   သားကို အမှန်အတိုင်းပြောပြဖို့အတွက်ကျ
   မေမေ့အတွက် ခက်ခဲခဲ့လို့ပါ .."

     LiLi သည်လည်း ထိုသို့ ပြောပြီး‌ေနာက်
ငြိမ်ကျသွားခဲ့သည်။ သားအမိ နှစ်ယောက်
သည် မျက်နှာချင်းဆိုင်ထိုင်ရင်း ငြိမ်သက်
‌ေနကြကာ

" ဒါဆို အခု မေမေ့မှာ ကလေး‌ေလး
   ရှိနေတာပေါ့နော် .. 
   အဲ့ဒီသခင်ကြီး Faviro ဆိုတဲ့ လူနဲ့
   ရတဲ့ က‌ေလး .."

    LiLi ဟာ စိတ်ညစ်နေသည့် မျက်နှာလေးနဲ့
သူမသား၏ အမေးကို ခေါင်းညိတ်ပြလာခဲ့
သည်။ သူမသည် အားပျော့နေသည့် အသံ
လေးဖြင့်

" မေမေ့ကို စိတ်ပျက်သွားပြီလား .. Ven .."

     Ven သည် သူ့အမေရဲ့မျက်နှာကို သေချာ
ကြည့်နေခဲ့သည်။ နောက်မှ လေသံအေးအေး
လေးနဲ့သာ

" စိတ်မပျက်ပါဘူး .. မေမေရယ်
   သားက ဒီတိုင်း ..
   မေမေ့ကို စိတ်ပူတာပါ..
   အခု မေမေ့ဗိုက်ထဲမှာ ရှိလာတဲ့
   ကလေး‌ေလးက မေမေ့အတွက် ပိုပြီး
   အခက်အခဲ ဖြစ်လာမှာမျိုးတွေကိုပေါ့..

   ပြီးေတာ့ .. စောစောက မေမေ
   ေပြာခဲ့တဲ့ စကားတွေ အရဆိုရင်  
   အဲ့ဒီသခင်ကြီး Faviro ဆိုတဲ့လူက
   ဒီကလေးကို လိုချင်မယ်လို့ သားတော့
   မထင်မိဘူး ..
   ဘာလို့ဆို သူ့မှာ သူ့အထက်တန်းလွှာက
   တရားဝင်မိန်းမနဲ့ ကလေး ရှိပြီးသားလေ.."

      LiLi က Ven ပြောတာကို နားထောင်ရင်း
သူမရဲ့ဗိုက်လေးကို ပွတ်နေခဲ့သည်။

" ဟုတ်တယ် .. သားပြောသလိုပဲ
   မေမေ့မှာ ဒီကလေးလေး ရှိလာတာကို
   သခင်ကြီး Faviro သာ သိရင်
   သဘောမကျလောက်ဘူး ..
   ပြီးတော့ သိသွားလို့ သူက ဒီကလေးကို
   ဖျက်ချဖို့တွေ၊ ဘာတွေ ပြောလာရင်လည်း
   မေမေ မလုပ်ချင်ဘူး .."

" အဲ့ဒီတော့ .. မေမေ ဘယ်လိုဆက်လုပ်မယ်
   စဉ်းစားထားလဲ "

Ven ဆက်မေးလိုက်တော့ LiLi က
  
" မေမေ စဉ်းစားမိတာကတော့
   နောက်တစ်ရက်ရက်မှာ သခင်ကြီး Faviro
   ကို မေမေ သွားတွေ့ပြီး စကားပြောမယ် ..
   ဒါက သူ့ကလေး ဆိုပေမယ့်လည်း
   မေမေ့ဘာသာ တစ်ယောက်တည်း
   မွေးမယ် လို့ သူ့ကို ပြောမယ် ..

You've reached the end of published parts.

⏰ Last updated: 5 days ago ⏰

Add this story to your Library to get notified about new parts!

The Moon & Her Royal SunWhere stories live. Discover now