George နဲ့ဖုန်းပြောရတာ Dream အတွက်တော်တော်တော့အကျိုးရှိပါတယ်။
နောက်လာမယ့်အားကစားပွဲတွေမှာဘယ်အသင်းနိုင်မှာလဲဆိုတာကြိုမေးပြီးတော့ နိုင်မယ့်ဘက်ကိုလောင်းလိုက်ရင် ပိုက်ဆံတွေအများကြီးရှာနိုင်တာပဲ။သူ့ရဲ့ကိုယ်ကျိုးအတွက်နဲ့ အနာဂတ်မှာဖြစ်လာမဲ့အရာတွေကို သူ George ကိုမေးလို့ရပါတယ်။
ဒါပေမယ့် Dream တကယ်လိုချင်တာကဘာလဲ။
သူက George နဲ့စကားအတူတူပြောချင်ရုံလောက်ပါပဲ။သူနဲ့နှစ်ငါးဆယ်အကြာမှာနေတဲ့လူတစ်ယောက်နဲ့စကားပြောဖို့အခွင့်အရေးရှိတာတောင်မှ..သူ့ကို ဘယ်သူနဲ့မှမတူပဲတကယ်ဂရုစိုက်ပေးခဲ့တဲ့ အထီးကျန်ဆန်ဆန်ကောင်လေးတစ်ယောက်နဲ့ပဲ..သူစကားပြောချင်ခဲ့တာပါ။
Dream ကိုယ့်ကိုယ်ကျိုးအတွက်ဖို့တော့ ဘာရည်ရွယ်ချက်မှမရှိပါဘူး။အစကတော့ သူသိချင်စိတ်နဲ့မေးချင်ခဲ့တာတွေအများကြီးရှိခဲ့ပေမယ့် George အကြောင်းသိပြီးနောက်ပိုင်းမှာတော့ သူ့သိချင်စိတ်တွေအကုန်ပျောက်သွားပြီး သူ့စိတ်ထဲမှာကျန်ခဲ့တာက သူတို့ရဲ့ ခိုင်မာတဲ့ဆက်ဆံရေးပါပဲ။
အတူတူဖုန်းပြောခဲ့ရတာတွေဟာ သူတို့အတွက်တော့ သူတို့ကိုယ်ပိုင်လျှို့ဝှက်ချက်လေးပါပဲ။
မှောင်မဲပြီး အထီးကျန်နေတဲ့ညတွေမှာ ကိုယ်နဲ့အတူတူရယ်မောပြီးနှစ်သိမ့်ပေးနိုင်ပြီး အရှိကိုအရှိအတိုင်းလက်ခံပေးမယ့်တစ်စုံတစ်ယောက်။သူတို့နှစ်ယောက်လုံး အခုဆို အဲ့ဒီအရာတွေနဲ့အသားကျနေပါပြီ။
---------------------------------------
တစ်ညလုံးကွေးကောက်ပြီးအိပ်ထားလို့ နိုးလာတော့ George တစ်ယောက် မူးနောက်နောက်နဲ့နိုးလာပါတယ်။ဘယ်အချိန်ရှိပြီလဲကြည့်ဖို့ဖုန်းကောက်ကိုင်လိုက်ပေမယ့် မနေ့ကတစ်ညလုံးသီချင်းဖွင့်ထားပြီးအိပ်ပျော်နေလို့ ဖုန်းကအားမရှိတော့ပါဘူး။သူ သက်ပြင်းရှည်တစ်ချက်ချလိုက်ပြီး ထလိုက်တော့ လဲတော့မလို့ဖြစ်သွားပေမယ့် ကိုယ့်ဘာသာအချိန်မှီထိန်းလိုက်နိုင်ပါတယ်။
ရာသီဥတုလည်းသာယာတာကြောင့် အိမ်မှာဖုန်းအားသွင်းထားခဲ့ပြီးရင် မနက်စာစားပြီး လမ်းလျှောက်ခဏထွက်ဖို့ George ဆုံးဖြတ်လိုက်တယ်။
မနေ့ကကျန်တဲ့မုန့်အချို့ကိုစားပြီးသွားတိုက်လိုက်ပြီးတော့ အောက်ထပ်ကိုမဆင်းခင် အခန်းထဲကအားသွင်းထားတဲ့ဖုန်းကိုပြန်ပလပ်ဖြုတ်လိုက်တယ်။
နေမင်းကြီးက တဖြေးဖြေးထွက်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို အလင်းဖြာနေတယ်။အပြင်ထွက်လာတဲ့ဘယ်သူမဆို သာယာလိုက်တဲ့နေ့လေးလို့ ထင်ကြမှာအမှန်ပါပဲ။ခါတိုင်းလိုပဲ သူစိုက်ထားတဲ့ပန်းပင်လေးတွေကို George စစ်ဆေးကြည့်တယ်။

YOU ARE READING
Flowers From 1970-DreamNotFound (mmtran)
Mystery / ThrillerThis is not my own. I love this fiction . Author is astronomika. All credits go to original writer. I'm just wanna share this story. Translator(Ayla Cumberbatch)