The Time's Torture

2 0 0
                                    


မနက်ခြောက်နာရီလောက်ကြီးမှာ Wilbur Soot က George ဆီကို မက်ဆေ့ချ်ပို့ပြီးအကူအညီလှမ်းတောင်းပါတယ်။

Wilbur: Hello George,မနက်အစောကြီး မက်ဆေ့ချ်ပို့ရတဲ့အတွက် တောင်းပန်ပါတယ်ကွာ,ဒါပေမယ့် အကူအညီလေးတစ်ခုတောင်းစရာရှိလို့ပါ။ဒီနေ့ အလုပ်ရှုပ်သလား။

George: ရပါတယ်...ကျွန်တော်လည်းမနက်စောစောနိုးနေတာနဲ့..ဒီနေ့တစ်နေ့လုံးတော့ဘာမှလုပ်စရာသိပ်မရှိပါဘူး..

George က သူဘာများအကူအညီတောင်းမှာလဲလို့ သိချင်နေခဲ့ပါတယ်။

အစကတော့ ပွဲတစ်ခုခုကိုဖိတ်မလို့လို့ သူထင်လိုက်ပေမယ့် Wilbur ပြောပုံကိုကြည့်ရတာ တစ်ခုခုအရေးကြီးနေတဲ့ပုံမလို့ ပွဲလာဖိတ်တာတော့မဟုတ်မှန်း ခန့်မှန်းလိုက်မိပါတယ်။

Wilbur: မင်း ကလေးတွေနဲ့ အဆင်ပြေလား
George: မဆိုးပါဘူး..ဘာဖြစ်လို့လဲ
Wilbur: မင်း Tommy ကို ခဏလောက်ထိန်းပေးနိုင်မလား..သူကနည်းနည်းတော့ဂျစ်ကန်ကန်နိုင်တာ အစ်ကိုသိပါတယ်..ဒါပေမဲ့ အခုအစ်ကို့မိသားစုက အရေးတကြီးကိစ္စရှိလို့ လူကြီးတွေအကုန်သွားရမှာ
George: အားလုံးအဆင်ပြေကြရဲ့လား,ပြီးတော့ ကျွန်တော် Tommy ကိုကြည့်ထားလိုက်ပါ့မယ်
Wilbur: အစ်ကို အမှန်အတိုင်းပဲပြောတော့မယ်ကွာ..အခုကိစ္စတွေက ပြောရရင်တော့အများကြီးပါပဲ..အစ်ကိုလည်းအလုပ်ကနေနားထားပြီး Techno လည်း သူ့ဆိုင်ကိုပိတ်ထားတာ တစ်ပတ်လုံးပဲ။အားလုံးပြန်အဆင်ပြေသွားဖို့မျှော်လင့်တာပဲ။စိတ်ပူပေးလို့ကျေးဇူးပါပဲကွာ။
George: ရပါတယ်ဗျာ။ဘာပဲဖြစ်ဖြစ် အားလုံးအဆင်ပြေသွားမှာပါ။Tommy ကို ကျွန်တော့ဆီခေါ်လာမှာလား ကျွန်တော်သူ့ဆီသွားလိုက်ရမလား
Wilbur: အစ်ကိုတို့အိမ်ကိုလာလိုက်ပါ့လား။ သူဆော့နေကျနေရာမှာဆို သူကထိန်းရပိုလွယ်တယ်။ ဒီမှာပဲ သူ့ဆော့စရာတွေကရှိတာဆိုတော့။
George: ဟုတ်..ကျွန်တော်အဲ့ကိုတစ်နာရီလောက်နေရင်လာခဲ့လိုက်မယ်လေ
Wilbur: အဲ့လိုပဲလုပ်လိုက်ပါ။ ကျေးဇူးပါပဲကွာ..အစ်ကိုမင်းကိုအကြွေးတင်သွားပြီ။
George ဖုန်းကိုအားသွင်းထားလိုက်ပြီး မီးဖိုချောင်ထဲမှာ လုပ်ရလွယ်တဲ့ cereal တစ်ပန်းကန်စားလိုက်တယ်။ပြီးတော့ မျက်နှာမြန်မြန်သစ်အဝတ်အစားလဲလိုက်တယ်။
 

Flowers From 1970-DreamNotFound (mmtran)Tempat cerita menjadi hidup. Temukan sekarang