The Vase

1 0 0
                                    


သူတို့အားလုံး Sapnap လို့ခေါ်ကြတဲ့ Nick Armstrong ဆိုတာ Dream ရဲ့ အခင်ဆုံးသူငယ်ချင်းပါပဲ။

သူတို့နှစ်ယောက် 1962 ကျောင်းဆင်းချိန်တစ်ခုမှာစတွေ့ခဲ့တာပါ။Dream က လှေကားထစ်ပေါ်မှာထိုင်နေတုန်း Sapnap က စာရွက်တွေအပြည့်ထည့်ထားတဲ့လွယ်အိတ်ကြီးတစ်အိတ်နဲ့ ကျောင်းဂိတ်ပေါက်ကနေဖြတ်သွားတာ။သူ့သင်္ချာစာရွက်တွေထဲက တစ်ရွက်လေနဲ့အတူလွင့်လာပြီး Dream ထိုင်နေတဲ့နေရာမှာလာကျတယ်။ Sapnap အပြေးလေးသွားပြီးကျနေတဲ့ စာရွက်ပြန်ကောက်ဖို့အလုပ် လှေကားပေါ်မှာ လက်မောင်းထဲမျက်နှာဝှက်ပြီးငိုနေတဲ့ Dream နဲ့တိုးပါတော့တယ်။

" မင်း..အဆင်ပြေရဲ့လား..",Sapnap အဲ့ကောင်လေးကိုမေးလိုက်တော့..သူက Sapnap ကိုပြန်လည်းမကြည့်သလို ပြန်လည်းမဖြေပဲ မကြားချင်ယောင်ဆောင်ပါတယ်။
" ငါမင်းကိုနှောင့်ယှက်မလို့လာတာမဟုတ်ပါဘူး..ငါ့စာရွက်ကျသွားလို့ပြန်လာကောက်တာ.."

အဲ့တော့မှ Dream က မတ်မတ်ပြန်ထိုင်ပြီး Sapnap ကိုမျက်လုံးချင်းဆုံအောင်မကြည့်ပဲ စာရွက်ကိုကောက်ကာ ပြန်ကမ်းပေးတယ်။
" ရော့..ဒီမှာ..ဆောရီးပဲ"
Sapnap,ထိုကောင်လေးပေးတဲ့စာရွက်ကိုယူပြီးလှည့်ထွက်သွားမလို့ပြင်ပေမယ့် လှေကားပေါ်မှာတစ်ယောက်တည်း ကြိတ်ငိုနေတဲ့ကောင်လေး ကောင်းကောင်းမွန်မွန် အိမ်ပြန်ရောက်သွားရဲ့လားလို့မသေချာမချင်း စိတ်မဖြောင့်နိုင်တာကြောင့်..

" မင်းကြည့်ရတာ..စိတ်ညစ်နေတဲ့ပုံပဲ."

သူပေါ်တင်ပဲထုတ်ပြောလိုက်တော့ ထိုကောင်လေးကဘာမှမပြောပဲ သူ့ရှေ့က အရက်ပုလင်းကိုလေပေါ်မှာမြှောက်ရင်း အမျိုးသမီးကြီးတစ်ယောက်ကိုအော်နေတဲ့ လူကြီးကို စိုက်ကြည့်နေတယ်။ Sapnap လည်း ထိုကောင်လေးစိုက်ကြည့်နေတဲ့နေရာကိုကြည့်လိုက်ပြီး ဘာတွေဖြစ်နေတာလဲနားလည်သွားတော့..သူလည်းနားလည်ပါတယ်ဆိုတဲ့အကြည့်နဲ့..
" မင်းဝမ်းနည်းနေတာအဲ့တာကြောင့်လား...အဲ့တာဘယ်သူလဲ"
Dream ကတော့ ဒီကောင်ဘာလို့သူများကိစ္စကိုအဲ့ လောက်သိချင်နေတာလဲဆိုပြီး ဘာမှမပြောပဲတိတ်တိတ်နေလိုက်ပါတယ်။ ဒီလူဘာလို့သူ့အကြောင်း အဲ့လောက်ဂရုစိုက်နေတာလဲဆိုတဲ့အကြောင်းကို မယုံသင်္ကါနဲ့စဥ်းစားကြည့်ပေမယ့် အကြောင်းအရင်းတစ်ခုတောင်ရှာမတွေ့ခဲ့ပါဘူး။
" ငါ့အဖေ",နောက်တော့မှ သူ့အဖေကိုစိုက်ကြည့်နေရင်းကနေ လှည့်ကြည့်ပြီး Dream ပြန်ဖြေတယ်။
Sapnap ကသူ့ဘေးမှာထိုင်လိုက်ရင်း...
" အဲ့အန်တီက မင်းအမေလား"
"အင်း ",Dream က နှာရှုပ်လိုက်ရင်း အင်္ကျီလက်ရှည်စနဲ့မျက်လုံးကမျက်ရည်တွေကို ခပ်ကြမ်းကြမ်းဖိသုတ်လိုက်တယ်။

Flowers From 1970-DreamNotFound (mmtran)Where stories live. Discover now