မက်ဆေ့ချ်တွေဝင်လာတဲ့အတွက် သူ့ဖုန်းကိုဖွင့်ကြည့်လိုက်တော့ Wilbur ဆီကပို့တာဖြစ်နေတယ်။Wilbur: George,Good Morning!Tommy ကိုထပ်ထိန်းခိုင်းအုံးမလို့လားလို့ လန့်မသွားပါနဲ့အုံး Haha..ဒီနေ့ည ညစာစားလာလို့ရမလား ဖိတ်ချင်လို့ပါ
စားသောက်ဆိုင်မှာ အစ်ကို့အဖေအတွက် တစ်ယောက်စာခုံဘိုကင်ချိတ်ထားပြီးသားလေ..အခုကသူကဆေးရုံမှာဆိုတော့ သူ့နေရာအလကားဖြစ်မှာစိုးလို့တဲ့
George,England ကသူ့မိသားစုဆီကထွက်လာကတည်းက ညစာကို သေသေချာချာပြင်ဆင်မစားရသေးပါဘူး။
သူ့အလုပ်က လုပ်ဖော်ကိုင်ဖက်တွေနဲ့ အလုပ်အကြောင်းပဲအဓိကပြောဖြစ်တဲ့ ညစာ တွေတော့မပါဘူးပေါ့။George: အစ်ကို့အဖေတမျိုးမထင်မှာသေချာရဲ့လား
Wilbur ရဲ့ မက်ဆေ့ချ်က ချက်ချင်းစာပြန်လာတယ်။
Wilbur: သူကတော့အဲ့လိုပြောတာပဲ..ဆိုတော့..စိတ်မဆိုးလောက်ပါဘူး
George: ကျွန်တော်လာခဲ့ပါမယ်။ ဘယ်အချိန် ဘယ်နေရာကိုလာခဲ့ရမလဲ
Wilbur: ညနေ ခြောက်နာရီခွဲ..The Minx စားသောက်ဆိုင်..ခြောက်နာရီလောက်လာခဲ့လိုက်ပေါ့George မျက်လုံးပြူးမိသွားတယ်။The Minx ဆိုတာ သူတို့မြို့မှာ ဈေးအကြီးဆုံးစားသောက်ဆိုင်။
George အသိတွေထဲကချမ်းသာပါတယ်ဆိုတဲ့လူတွေတောင် တစ်နှစ်မှ တစ်ခါနှစ်ခါအပြင် သွားမစားနိုင်ကြဘူး။
George:အဲ့ကိုလာခဲ့ပါမယ်
Wilbur:အော်..ပြီးတော့..အဲ့စားသောက်ဆိုင်က အဝတ်အစားကန့်သတ်ထားတာရှိလို့ Suitတစ်စုံလိုရင် အစ်ကို့ကိုပြော..
George: ကျွန်တော့်ဗီရိုထဲမှာပဲ ပြန်ရှာကြည့်လိုက်ပါ့မယ်။ ကျေးဇူးပါပဲ Wilbur
Wilbur: မလိုပါဘူးကွာ..ကဲ..ဟိုမှာထပ်တွေ့ကြတာပေါ့
George ဖုန်းပိတ်လိုက်ပြီး အတွေးလွန်နေမိတယ်။
ညနေခြောက်နာရီခွဲလောက်မှာညစာစားရင် ဘယ်အချိန်လောက်ဆို စားလို့ပြီးမလဲ..စားစရာမှာပြီးစောင့်ရမယ့် အချိန်ကောထည့်တွက်ရင် ပိုကြာလောက်တယ်။Dream ဖုန်းခေါ်မယ့်အချိန် ညရှစ်နာရီလောက်ဆို အိမ်ပြန်မရောက်လောက်ဘူး။သူစိတ်မကောင်းဖြစ်မိပေမယ့် Dream ဖုန်းမခေါ်နှင့်ဖို့မျှော်လင့်ရတာပဲ။ သူအိမ်မှာရှိမနေနိုင်တဲ့ဒီညတစ်ညအတွက်ပါပဲ။ Wilburဖိတ်တာကိုလည်း ငြင်းရမှာမတတ်သာဖြစ်နေမိတယ်။The Minx မှာဘိုကင်ချိတ်ထားတဲ့နေရာကို Wilbur ရဲ့အဖေက အလကားမဖြစ်သေချင်ဘူးလို့ ကိုယ်တိုင်ပြောတာဆိုတော့လည်း။ သူမလိုက်ဘူးလို့ပြောရင် Wilbur စိတ်မကောင်းဖြစ်မှာသေချာတယ်။

YOU ARE READING
Flowers From 1970-DreamNotFound (mmtran)
Mystery / ThrillerThis is not my own. I love this fiction . Author is astronomika. All credits go to original writer. I'm just wanna share this story. Translator(Ayla Cumberbatch)