🧡အတိတ်မေ့ခင်ပွန်း🧡Part 43

989 40 1
                                    

🧡အတိတ်မေ့ ခင်ပွန်း🧡Part 43

"ကဲကဲ မင်းတို့ရဲ့ချိုမြိန်တဲ့အချိန်လေးကို ငါတို့နှောက်ယှက်လိုက်ရတဲ့အတွက် စိတ်မကောင်းပါဘူး..."

"Luca....."

ဒီပယံနဲ့ပန်ပန်လည်း ရုတ်ချည်းရောက်ချလာတဲ့လူကြောင့် အံ့ဩသွားသည်

"သူတင်မဟုတ်ဘူး ငါလည်းပါတယ်....."

အဲ့တော့မှ နောက်မှထွက်လာတဲ့ မြွေပွေးဂိုဏ်းခေါင်းဆောင် စေရာအားတွေ့ရတော့သည်

"အာ ကျွန်မတို့ကဖြင့် ရှင်သေပြီထင်တာ...."

ပန်ပန်ရဲ့စကားကြောင့် မြွေပွေးဂိုဏ်းခေါင်းဆောင် စေရာရဲ့မျက်နှာကြီးမဲမှောင်သွားသည်

"မင်းရဲ့နှင်းဆီနီတွေကျေးဇူးကြောင့်ပေါ့ ငါမသေသေးဘူး....."

စေရာမှာ ပိရမစ်ထဲတွင် ပန်ပန်တို့နောက်လိုက်ရင်း ပန်ပန်တို့ချန်ထားခဲ့တဲ့ အလောင်းကောင်တွေနဲ့ တစ်ယောက်တည်းတိုက်ခိုက်နေရသည်

သို့ရာတွင် နောက်က နှင်းဆီနီအဖွဲ့သားတွေနဲ့အတူလိုက်လာတဲ့Lucaနဲ့တွေ့ကာ အတူတူတိုက်ခိုက်ခဲ့ကြသည်

ထိုစဉ် ဂူနရံများကပြိုကျလာတာကြောင့် Lucaတို့အုပ်စုနဲ့အတူ လာရာလမ်းအတိုင်းလှည့်ပြေးခဲ့သည်

သို့ပေမဲ့ သူတို့လည်း ပြိုကျလာတဲ့ရေတံခွန်ရေစီးကြောင်းနဲ့အတူမျောသွားရသည်

သူတို့မှာ ဒီတောအုပ်သို့အရင်ရောက်နေပြီး အခြေအနေကိုတွက်ဆကာ ပန်ပန်တို့လည်း ဒီနေရာသို့ ပါလာနိုင်ကြောင်းတွေး၍ စောင့်နေခဲ့သည်

"မင်းတို့တွေ ဒီကို ရောက်လာသည်ထိ ငါတို့နှစ်ယောက်မစောင့်လိုက်နိုင်ဘူး...ဟိုခွေးက ရဟတ်ယာဉ်နဲ့ ထွက်သွားတာကို ငါတို့တွေ့လိုက်တာကြောင့် အမှီလိုက်ရတာဘဲ...."

Lucaနဲ့စေရာမှာ ရဟတ်ယာဉ်နဲ့ ထွက်သွားတဲ့ စစ်မင်းနွယ်နောက်ကို လ်ိုက်သွားတာကြောင့် သူတို့ဒီမှာ အဖွဲ့သားတွေဘဲ တွေ့ရကြောင်း နားလည်သွားတော့သည်

"အဲ့တော့ သူဘယ်သွားလဲ သိလိုက်လား...."

Lucaမှာ ဒီပယံအား ပိုင်နိုင်သောအပြုံးဖြင့်ကြည့်ကာ

🧡အတိတ်မေ့ခင်ပွန်း🧡Where stories live. Discover now