Ep : 8

811 89 14
                                    

Xiumin:arnie!!!!!

Krisကတော့စချင်စိတ်နဲ့Xiuminကိုယ်လုံးလေးကိုသိမ်းကြုံးကာဆွဲဖက်လိုက် ပြီးနှုတ်ခမ်းလေးကို..ထိမိသယောင်ဟန်ဆောင်လိုက်သည်... သို့သော်Xiuminရဲ့နှုတ်ခမ်းပါးလေးကိုမြင်မိသောအခါ.. စိတ်မထိန်းနိုင်တော့ပဲ ပါးလေးကိုလက်နှစ်ဖက်နဲ့ဆွဲယူကာနှုတ်ခမ်းချင်းထိကပ်လိုက်ကာနမ်းရှိုက်မိလိုက်သည်...

သို့သော်ထိုအနမ်းလေးကြောင့်..သူ..သူ..ဘဝမှာXiuminဆိုသောသူငယ်ချင်လေးကိုပိုင်ဆိုင်ချင် စိတ်လေးကအမြစ်စွဲလာခဲ့မယ်ဆိုတာကို.....သိခဲ့မယ်ဆိုရင်

Xiuminလည်းအတင်းရုန်းနေမိသည်..Krisကတော့ဖက်နေတာကိုမလွတ်မိ.. Heel Chulကတော့ဓာတ်ပုံလေး ကိုအကောင်းဆုံးပုံဖော်နေမိသည်

P Heel Chul:ရပြီး....တော်လောက်ပြီးထင်တယ် သတို့သမီးလောင်းလေးရှက်နေတယ်ထင်တယ်...hee hee သွားပြီး....

ဆိုကာပြုံးစစနှင့်ထွက်သွားလေသည်.....နောက်မှကျန်သူ ၂ဦးကတော့

Xiumin:yar.....Kris!!!!!နင်ဘာလုပ်တာလဲသေချင်နေတာလား...စတာလည်းအတိုင်းအတာရှိတယ်.....ဖယ်...

ဖက်ထားသောလက်ကိုဆွဲဖြုတ်လိုက်ပြီး

Kris:Xiumin စိတ်ဆိုးသွားတာလား.?..ငါ...ငါ...

Xiumin:ဟုတ်တယ်ဆိုးတယ်....Chenတောင်ငါ့...ငါ့..... ကိုမပေးရသေးဘူး....

ပြောရင်းနဲ့မျက်ရည်များကဝဲတက်လာမိသည်.....

Kris ရဲ့မျက်ဝန်းလေးကတော့လက်ခနဲဖြစ်သွားပြီး....နောက်မှရယ် ကျဲကျဲနှင့်

Kris:စိတ်မဆိုးပါနဲ့.ဟီး...ငါနဲ့လေ့ကျင့်တယ်မှတ်လိုက်ပေါ့နော်....တိတ်တိတ်..မငိုနဲ့..နင့်မွေးနေ့အတွက်လက်ဆောင်ရွေးအုံးလေ.....

Xiumin:တော်ပြီမယူတော့ဘူး..နင့်ဘာသာပေးပေးမပေးပေး သွားပြီး....နောက်ပြီးဓာတ်ပုံတွေကဖျက်ခိုင်းလိုက်နော်...ကြားလား

Kris:အင်းပါ...ဒါနဲ့စောင့်အုံးလေ....လိုက်ပို့ပေးမယ်

Xiumin:မစောင့်ဘူး..လိုက်လည်းမပို့နဲ့... နင့်ကိုငါစိတ်ဆိုးနေတယ်..

Xiuminမျက်နှာကတော့ဒေါသထွက်တာရောရှက်တာရောကြောင့်စူပုပ် နေတာကအချဉ်ရည်မှောက်ကျနေသောပေါက်စီလုံးလေးလို ဖြစ်နေသည်ဆောင့်ဆောင့်အောင့်အောင့်ထွက်သွားတာ ကတော့...ကလေးအမူအကျင့်ကမပျောက်သေး... ပုံစံလေးကိုကြည့်ရင်းKrisတစ်ယောက်စိတ်ထဲရယ်ချင်နေသလိုလို

My love is youWhere stories live. Discover now