မောဟိုက် တုန်ရီခြင်းတို့နှင့်အတူ ကဗျာသည် အိမ်မက်ကမ္ဘာအတွင်းသို့ ခုန်ချလိုက်မိသည်။ အိပ်စက်ရန်အစီအစဉ်မရှိသေးသော်လည်း ပင်ပန်းခဲ့ရသော စိတ်၏အရှိန်တို့ကြောင့် လွယ်ကူစွာပင် အိပ်ပျော်စေခဲ့သည်။ နှိုင်းအား စောင့်ပေးရင်းဖြင့် အိပ်ခန်းသို့မပြန်ဖြစ်ဘဲ ထိုနေရာတွင်သာ အိပ်ပစ်လိုက်သည်။
နှိုင်းခေါင်းထဲတွင် မူးနောက်ခြင်းများကြီးစိုးလျက် မကြည်မလင်ဖြင့် နိုးထလာသည်။ သူမအိမ်သို့မည်သို့မည်ပုံ ပြန်ရောက်လာသလဲမသိ။ နိုးလာလာချင်းသတိရမိသူမှာ ကဗျာပင်။
"ကဗျာရော"
စိုးရိမ်စိတ်တို့ကြောင့် နောက်ကျိနေသော ခေါင်းအား လျစ်လျှူရှုကာ ကဗျာ့အားရှာရန် ထလိုက်စဉ်တွင် သူမကုတင်ဘေး၌ ပုံလျက်လေးအိပ်ပျော်နေသော အကြင်သူ။
"ဟာ ကဗျာ အခန်းထဲမပြန်ဘဲ ဒီမှာဘာလို့အိပ်နေရတာလဲ"
နှိုင်းမျက်လုံးတွေပါ ပြာဝေသွားရကာ ကဗျာ့အနားသို့သွား၍ လှုပ်နှိုးရတော့သည်။
"ကဗျာ ကဗျာ"
လက်မောင်းတို့အား ထိကိုင်ကာ အသာအယာလှုပ်နိုးလိုက်တော့ အအိပ်စက်လွန်းသည့် ကဗျာမှာ နိုးလာခဲ့သည်။
"နှိုင်း နိုးနေပြီလား"
"အင်း နိုးပြီ ကဗျာကဘာလို့ဒီနားမှာအိပ်နေရတာလဲ အခန်းထဲပြန်အိပ်တာမဟုတ်ဘူး အအေးပက်ကုန်မှဖြင့်"
"ကဗျာ အဆင်ပြေပါတယ် နှိုင်းကိုစောင့်ပေးရင်း ခနအိပ်ပျော်သွားတာ"
"ကဗျာရယ် ဒါနဲ့ နှိုင်းကို ကဗျာဘဲ အိမ်ပြန်ခေါ်လာတာလား"
"ကဗျာပြန်ခေါ်လာတာထက် အစ်ကိုသတ္တိကပြန်လိုက်ပို့ပေးတာပါ"
"တောင်းပန်ပါတယ် ကဗျာ နှိုင်းသတိလွတ်သွားမိတယ်"
"ရပါတယ် နှိုင်းရယ် နှိုင်းကဘဲ အမြဲတမ်းကာကွယ်ပေးလာတာ ကဗျာလည်း တစ်ကြိမ်တစ်ခါတော့ ပြန်ပြီး ကူညီပေးရတာပေါ့"
"လာ နောက်မှပြော အခုတော့အရင်ကုတင်ပေါ်တတ်တော့"
"ဟင့်အင်း ကဗျာပြောစရာရှိသေးတယ်"
YOU ARE READING
ပြိုကျလျက်ရှိသော မိုးရိပ် (Complete)
Romanceလောကဓံရေ အရာအားလုံးကို ယူသွားပါ ဒါပေမဲ့ ကဗျာ့ကိုတော့ ပိုင်ဆိုင်ခွင့်ပေး (နှိုင်းယှဉ်ဝင့်လွှာ) ကဗျာ့အတွက် ပျော်ရွှင်ခြင်းဆိုတာ ပန်းချီလေ (ကဗျာခြွေ) ကမ္ဘာမှာ ပျောက်ပျက်မသွားတဲ့အရာက ဘာလဲဆိုရင် ကဗျာ့အပေါ်ထားတဲ့ ချစ်ခြင်းဘဲပေါ့ (မြတ်ပန်းချီခြယ်)
