Falling For a bad boy
12.5K 771 5
Part 1
  Kyungsoo တစ်ယောက် ကျောင်းပေါက်ရောက်သည်နှင် တပြိုင်နက် ကျောင်းကြီးကို  ငေးကြည့်နေမိသည်....သူ့ အတွက်တော့....ဒီလို ကျောင်းမျိုး တက်ရဖို့ ဆိုတောင်  အိမ်မက်ထဲတောင် ထည့်မမက်ဘူး တဲ့အရာ တစ်ခု...ရှင်းရှင်းပြောရရင် ဒီလို  ကျောင်းမျိုး ဆိုတာ သူလို ဆင်းရဲသားတွေနဲ့ လားလား မှ မသက်ဆိုင်တဲ့ နေရာ  တစ်ခု...ဒါဆို သူက ဘာလို့ အခု ဒီကျောင်းပေါက် ရောက်နေတာလဲ .....အဖြေ က  ရိုးရှင်းပါသည်....သူ့  Appa ရဲ့ အလုပ်ရှင် သူငှေးကြောင့်
သူ့  Appa...သူ့ Appa က သူငှေး အိမ် တစ်အိမ် က Driver တစ်ယောက်  ..အဖေတစ်ခု  သားတစ်ခု သူတို့ သားအဖ နှစ်ယောက် ဘ၀ က အရမ်းကို ရိုးရှင်းပြီး အေးဆေးပါသည်  ..တစ်ရက် သူ့ Appa နေမကောင်းဖြစ်လို့ အလုပ် မဆင်း နိုင်တဲ့အချိန် သဘော  ကောင်းပြီး စိတ်ရင်း ကောင်းလွန်းတဲ့ Mr.Kim အိမ်ရောက်လာတာကနေ စခဲ့ တဲ့  ဇာတ်လမ်း တစ်ပုဒ်...
Appa ဆိုရင် သူငှေး အိမ်ရောက်လာလို့ ဆိုပြီး ၀မ်းသာ မျက်ရည်တောင် ၀ဲခဲ့ ရတဲ့ အထိ..Mr Kim က စာလုပ်နေတဲ့သူ့ကို မြင်ပြီး
အရမ်း ကိုကြင်နာတဲ့ အသံနဲ့
သား အခု ဘယ်ကျောင်းမှာ တက်နေတာလဲ ဆိုပြီးသူ့ကို မေးခဲ့တာ
  သူ က သူတက်နေတဲ့ Kyrain High School ကို ပြောတော့ Mr Kim ကဘဲ သား Shinhwa  မှာ မတက် ချင်ဘူးလားးးမင်းလို စာတော်တဲ့ကျောင်းသား တစ်ယောက် အတွက် Uncle  အစစ အရာရာ တာဝန်ယူပါရစေ ဆိုပြီး တောင်းဆို ခဲ့တာ
********
Kyungsoo သူ တွေးနေတဲ့အတွေး တွေ ကို  ရပ်လိုက်ရင်း ကျောင်းကြီး ကို တစ်ချက် ကြည့်လိုက်ကာ ကျောင်းထဲ ၀င်ဖို့ သူ  တွန့်ဆုတ်နေမိသည်...သူ အဲလို ဖြစ်နေတာ ဒီကျောင်းကြီး ရဲ့ အရှိန် အဝါ  ကြောင့်ပင်.....
သူတွေး နေတုန်း
နောက်ကနေ အရှိန်နဲ့  ၀င်လာတဲ့ ပြိုင်ကား တစ်စီး သူ့ကို ပွတ်မိ သွားလို့လဲကျ သွားလေသည်....သူ  ကားကို အမြန်လိုက်ကြည့်ပေမယ့် ကားမောင်းတာ မြန်လွန်းပေလို့လား သူမသိ...ကား  နောက်ပိုင်းလေးသာ သူ မြင်လိုက်ရသည်.....ကားပိုင်ရှင်ကတော့ သေချာ  ပါသည်...အထက်တန်းစား  လူတန်းစား ဆိုတာ သူ မေးမကြည့်ဘဲနဲ့တောင် သိလေသည်
Falling For A Bad Boy(Z+U)Where stories live. Discover now