"ဘယ်လိုBaekii!!""သြော်…Sooကလည်း…လမ်းခွဲမယ်လို့!"
သူ့ရှေ့မှဘောင်းဘီအိတ်ထဲလက်နှိုက်ပြီး
ပီကေတစ်ဖောက်ဖောက်နှင့် ခြေထောက်
တစ်ဖက်နန့်ကာနန့်ကာပြောနေသော
BaekhyunကိုKyung Sooဆောင့်ကန်
ချင်စိတ်တွေတစ်ဖွားဖွားပေါ်လာလျက်။ဒီကောင်ဘာတွေထဖောက်ပြန်ပြီလဲ
မသိ။"ပြောစမ်းပါဦး!…ဘာကိစ္စနဲ့လဲ?"
မေးသာမေးလိုက်ရသည်။အဖြေဘာဆို
တာKyungsooသိနေသလိုလို။သေချာ
သည်!…နောက်ထပ်သူ့ရဲ့လိုအင်ဆန္ဒကို
ဖြည့်ဆည်းပေးရဖို့။"မတွဲချင်တော့လို့!…"
Baekhyunမျက်နှာခပ်သေးသေးလေး
က ဘာကိုမှအလေးအနက်ထားဟန်
မတူ။ပီကေဝါးမပျက်ပဲKyungsooရဲ့
အမေးကိုဖြေပစ်လိုက်တာအားမနာတမ်း။ဒါတွေကBaekhyunလုပ်နေကျတွေဆို
ပေမဲ့ဒီတစ်ခါတော့တစ်မျိုးပဲ။"ငါပျင်းလာပြီSoo!"ဆိုတဲ့ခါတိုင်း
အနိုင်ယူနေကျစကားနဲ့ ခုစကားနဲ့
မူတော့ကွဲနေခဲ့သည်။လိုချင်တာကိုရယူဖို့တောင်းဆိုတာ
တောင်မှBaekတို့က အဲ့ဒီလိုရင့်သည်။အကြောင်းသိသူငယ်ချင်းတွေဘဝက
အဆင့်တက်လာတာမို့ Baekကို
အစစအရာရာ နားလည်နေသောSoo
က အဲ့ဒီကောင်လေး ပါးစပ်ဟလိုက်
တာနဲ့သွားဘယ်နှစ်ချောင်းပိုးစား
နေလဲဆိုတာ သိနေပြီးသား။^လုပ်လိုက်စမ်းByun Baekhyun!
အခုကမင်းခေတ်ဆိုတော့!^ပီကေကိုဖောက်လိုက် ဝါးလိုက်
ခြေထောက်တွေကိုဆတ်ခနဲခါလိုက်
လုပ်နေသောBaekhyunကိုKyungsoo
စိတ်ညစ်နေလျက်သားနှင့်ကြည့်နေမိ၏။ညနေခင်းရဲ့နောက်ဆုံးလက်ကျန်နေ
ရောင်ခြည်လေးက သူတို့နှစ်ယောက်
ရပ်နေတဲ့ ကစားကွင်းတစ်ခုလုံးကို
ခပ်ဖျော့ဖျော့လေးနှုတ်ဆက်နေလျက်။ရွှေအိုရောင်ညနေခင်းအောက်မှာ
မြက်ပင်စိမ်းစိမ်းလေးတွေပေါ်မျက်နှာ
ချင်းဆိုင်ကာနီးနီးလေးရပ်နေကြသော
ချစ်စဖွယ်ကောင်ကလေးနှစ်ယောက်ကို
တစ်ခါတစ်ခါဖြတ်သွားတဲ့လမ်းကလူတွေ
က မျက်လုံးတွေတစ်ဝင့်ဝင့်။