2ND CONFESSION Episode 1

1.5K 142 19
                                    

2ND CONFESSION
#KrisYeol #Fanfic
Written by Silence_reader6100

Zawgyi

နေရောင်ခြည် နွေးနွေးလေး ကျရောက်နေတဲ့ တနင်္ဂနွေနေ့....
ကျေးငှက်လေးတွေ တီတီတာတာနဲ့ မြူးထူး ပျံသန်းနေကြသလို ... ကျယ်ပြန့်သော ကောင်းကင်ကြီးကလဲ....... ကြည်ပြာရောင် အသွေးထ နေပါတယ်.....
ဒီလိုနေ့မျိုးဟာ..... စုံတွဲလေးတွေ ချိန်းတွေ့ဖို့ အသာယာဆုံးနေ့လေးပဲမလား...
စောင့်နေပါတယ်.... တစ်စုံတစ်ယောက်ဟာ ဒီလိုနေ့ရက်မျိုးကို စောင့်စားနေခဲ့ရတာ ကြာညောင်းနေပါပြီ...... ဒီနေ့ဟာ D day နေ့ ......... သူလက်ချိုးရေတွက်ခဲ့ရတဲ့ နေ့ ..... အခု သူ့ရှေ့ကို ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်လာခဲ့ပြီ......... သူစောင့်မျှော်နေတဲ့သူက သူ့ကို အဖြေလာပေးတော့မယ်... အဖြေ ??? အဖြေဆိုတာ Yes or No ဆိုတာထက် ချစ်တယ် မချစ်ဖူး ဆိုတာထက် ဘယ်သူ့ကို ပို ချစ်သလဲ... ဘယ်သူက အချစ်ရဆုံးလဲ ဆိုတာ ရွေးချယ်ခိုင်းတာ... "ဘယ်ရည်းစားကို အချစ်ဆုံးလဲ?".....
အမှန်တော့ ...... သူရဲ့ ပြိုင်ဖက်ဆိုတာက သူ့ထက်ကြီးပြီး..... သူ့လို ချမ်းသာသော အသိုင်းအဝိုင်းထဲက မိန်းခလေး တစ်ယောက်.......
သူချစ်ရတဲ့သူကတော့ သူအင်မတန် မြတ်နိုးတန်ဖိုးထား အားကျရပြီး သူ့အစ်ကိုကြီး တစ်ယောက်လို အမြဲ ဆိုးနွဲ့ရတဲ့.... ပြီးပြည့်စုံသော ဘုန်းသဘာ တို့နှင့် ခန့်ညား လှတဲ့ Kris ဆိုတဲ့ သူပေါ့
လိပ်ပြာလေးတွေကြား ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ကြီးကို အရယူမယ့်သူက ဒီက Park chanyeol ဆိုတဲ့ ကောင်လေးပေါ့........ hak hak
အံ့သြသွားကြလား...... အချစ်မှာ မတရားတာတွေ ကျားမ ခွဲခြားချက်တွေ မရှိပါဘူး... Always #Lovewins ...........လေ
Chanyeol သူ့အိတ်ထောင်ထဲက အိတ်ဆောင်နာရီလေးကို ဆွဲထုတ်လိုက်ပြီး "ချောက်" ကနဲ မြည်အောင် ဖွင့်ကြည့်လိုက်တယ် ....သူမျှော်လင့်စောင့်စားနေတဲ့ အချိန်တွေ နီးကပ်လာပြီ....... သူကတော့ ဝီရိယပိုကာ ကြိုပြီး လာစောင့်နေမိတာ လွန်ခဲ့တဲ့ တစ်နာရီလောက်ထဲကလေ........
.................................
Chanyeol တစ်ယောက် သူ့အိမ်ဝင်း အနောက်ဖက်မှာရှိတဲ့..... ဝက်သစ်ချပင်ကြီးအောက်က ဒန်းလေးပေါ်မှာ အတွေးများစွာ ပလုံစီရင်း စောင့်နေတယ်......... ဒါပေမယ့် Kris Hyung လာရာလမ်းကိုတော့ မျှော်မကြည့်နေမိဘူး....... သူ့စိတ်ကို သူဘယ်လို အားတင်း ရမလဲ မသိလို့ ..... လှည့်မကြည့်ရဲဖူး...... သူ့ကို မရွေးချယ်မှာကို မသိစိတ်ထဲက ကြောက်နေမိတယ်... သူနောက်ခိုင်းထားတဲ့ အိမ်ခြံအုတ်တံတိုင်းမှာ...... လူတစ်ကိုယ် ဝင်စာ သံပန်းတံခါးလေး တစ်ချပ်ရှိနေတယ်...... သူလာမှာ....... သူအဲ့ဒီကနေ.. တို့ဆီကို လာမှာ.... Chanyeol စိတ်ထဲ အဲ့လိုပဲ ယုံကြည်ထားလိုက်တယ်...... အဲ့ဒီ ခြံတံခါးသော့လေးဟာ သူတို့၂ယောက်စလုံးဆီမှာ ရှိနေပေမယ့်....... သူခြံတံခါးကို ဖွင့်ပြီး တစ်ဖက်ခြံထဲကို သူ ဝင်မသွားချင်ဘူး...... အခါပေါင်းများစွာ သွားခဲ့ဖူးပေမယ့်...... ဒီတစ်ခါ ....... သူလာပါစေ..... အဲ့ဒီ ခြံတံခါးလေးကို ဖွင့်ပြီး...... ကျွန်တော် Chanyeol ဆိုတဲ့ ကောင်လေးရဲ့ အသဲထဲထိ သူဝင်လာပါစေ..... ကျွန်တော် ဆုတောင်းနေမိတယ်........ စောင့်မျှော်နေတယ်....
သူ.......... လာမှာပါနော်.......

You've reached the end of published parts.

⏰ Last updated: Jan 04, 2023 ⏰

Add this story to your Library to get notified about new parts!

2ND CONFESSIONWhere stories live. Discover now