Baby's Appa Is Mine

12.3K 826 20
                                    

မျက်တောင်တစ်ချက်ခတ်လိုက်ရင် ပျောက်သွားမှာစိုးသည့်အလား ကျွန်တော့် ရှေ့မှာမြင်နေရတဲ့ လူတစ်ယောက်ကို စူးစိုက်ကြည့်မိနေတယ်။ ကျွန်တော် အခုမြင်နေရတာ လူလား ?
ကျွန်တော်တို့ အဖွဲ့ကို နှုတ်ဆက်ပီး စကားတွေ လာပြောနေပုံရရင်တော့ သူက လူတစ်ယောက် ဆိုတာ သေချာနေပါတယ်။ ဒါပေမယ့် ဘာလို့ အဲလောက်လှရတာလဲ ? အဲ ကျွန်တော် အဲလိုပြောလိုက်လို့ မိန်းကလေးထင်လား arnyi ကျွန်တော်တို့ကမ္ဘာမှာ ပြားချပ်ချပ် ရင်ဘတ်ရှိသူကို ယောင်္ကျားလေးလို့ သတ်မှတ်နေသေးသ၍ သူက ယောက်ျားလေးပါ။ ပိုပီး သေချာတာက စကားပြောလိုက်တိုင်း လှုပ်ရှားသွားတဲ့ သူ့ရဲ့ လည်တိုင်ရှင်းရှင်းမှာတွေ့နေရတဲ့ adam's apple ပါ ပီးတော့ သူ့အကျီမှာ မြင်နေရတဲ့ name card 'Mr Luhan´ တဲ့။

အဲဒါဆို ယောက်ျားလေးတစ်ယောက်ကို လှတယ်လို့ပြောတဲ့ ကျွန်တော့်ကို အရူးလို့ ပြောကြမှာပဲ။ Arnyi ကျွန်တော် မရူးသေးပါဘူး တော်တော်လှတယ် ဆိုတာထက်ပိုတယ်။ အဖြူရောင် ကာလာတင်ထားတဲ့ ဆံပင်တွေကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ဂျယ်နဲ့ထောင်ထားပီး ခေါင်းငုံ့ကာ မျက်လွှာချလိုက်တိုင်း ရှည်လျားတဲ့ မျက်တောင်တွေက မိန်းကလေးရှုံးအောင်လှရက်လိုက်တာ။ နို့နှစ်ရောင် မျက်နှာလေးပေါ်မှာ အထင်ရှားဆုံးက သူ့မျက်လုံးလေးတွေ ကြယ်တွေတောင် သူ့လောက်အရည်လဲ့စွာ တောက်ပနေမယ်မထင်။ စကားပြောလိုက်တိုင်း ရှေ့စူထွက်လာတတ်တဲ့ ပန်းဆီရောင် နှုတ်ခမ်းလေး။ကျွန်တော်လား ကျွန်တော် ငုတ်တုတ်မေ့နေခဲ့တယ် ထင်ပါရဲ့။

******************************

Luhan မသင်္ကာလို့ ဘယ်သူမှမရိပ်မိအောင် လက်နဲ့နထင်စမ်းမိတော့ လက်မှာ စိုစွတ် သွားတယ်။ သေချာပါတယ် ဇောချွေးပင်။ ဒီလောက် aircon တရစပ်ဖွင့်ထားတဲ့ အဆောက်အအုံထဲမှာ ချွေးကျတယ်ဆိုတာ ဇောချွေးပဲပေါ့။ အားလုံးရှေ့ မှာ ဘာမှမဖြစ်သလို ဟန်ဆောင်နေရပေမယ့် စိတ်ထဲမှာတော့ ဟိုငနာလေးကို ၁၀ ခါ ထက်မနည်း သတ်ပီးပီလေ။ ဒီနေ့ သူတို့ကုမ္မဏီ ကို ဝန်ထမ်းသစ်တွေရောက်လို့ manager ဖြစ်တဲ့ ကျွန်တော်က တာဝန်ယူပီး နေရာလိုက်ပြ အလုပ်ရှင်းပြပေးနေရတာလေ။ ဝန်ထမ်းအသစ်တွေထဲမှာ ဂေါက်ကြောင်တစ်ကောင် ပါလာမယ်လို့ ဘယ်တွေးမိမတုန်း။

Baby's Appa Is MineWhere stories live. Discover now