Jinyoung's pov:
ဒီလိုနဲ့ပဲ ကျွန်မတို့ ဟန်မြစ်ဆီကို လာခဲ့ကြပါတယ်
ဟန်မြစ်က အတော် အလှမ်းဝေးတာမို့ စက်ဘီးစီးပြီး သွားခဲ့ကြပါတယ် ထုံးစံအတိုင်း BamBam ကပဲ နင်းရတာပေါ့
ဟန်မြစ်ကမ်းနား ရောက်တော့
"ဟဲ့ ဟဲ့"
ရုတ်တရက် ထွက်လာတဲ့ ကောင်လေးတစ်ယောက်ကို ဝင်တိုက်မိမလို ဖြစ်သွားလို့ ထွက်သွားတဲ့ ကျွန်မတို့ ၂ယောက်ရဲ့ အာမေဋိတ်အသံပါ......
အဲ့ဒီ့ကောင်လေးက ထူးတော့ ထူးဆန်းတယ် ခေါင်းစွပ်ပါတဲ့ အနွေးထည်ကို ဝတ်ထားပြီး ဦးထုတ်ကို ခပ်ငိုက်ငိုက်စောင်းထားတယ် ပြီးတော့ အနွေးထည်မှာ ပါတဲ့ ခေါင်းဆောင်းကို ထပ်ဆောင်းထားသေးတယ် မျက်မှန် အမည်းရောင် Mask အမည်းရောင်နဲ့ Beat နားကြပ် အနီရောင်ကိုလည်း တပ်ထားသေးတယ်....
ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်မဆိုတဲ့လူက အလွန်စွာတာ မဟုတ်တာကို မြင်ရင် ငြိမ်ခံမနေတတ်တဲ့ ဆတ်ဆတ်ထိမခံ ကျွန်မအကျင့်နဲ့တော့ ကောင်းကောင်း တွေ့သွားတာပေါ့....
"ဒီမှာ ရှင် စက်ဘီးတစ်စီးလုံး လာနေတာတောင် မမြင်ပုလား အခက်မသင့်လို့ ရှင့်ကို တိုက်မိရင် ကျွန်မတို့ တိုင်ပတ်ဦးမှာ"
အဲ့ဒီကောင်လေးကတော့ ဘာမှလည်း ပြန်မပြောဘူး နားလည်း ထောင်နေတဲ့ပုံ မပေါ်ဘူး ခေါင်းတစ်ချက် ပြန်ငုံ့သွားပြီး ဆက်ထွက်သွားတယ်
"ဟာ ဘယ်လိုလူလဲဟ ငါ လုပ်လိုက်ရရင်တော့...."
"Jinyoung ရယ် စိတ်လျှော့ပါ စိတ်လျှော့ စိတ်လျှော့"
ကျွန်မ စိတ်အကြောင်းကို ကောင်းကောင်း သိတဲ့ BamBam ကတော့ သူ့ကို လက်နဲ့ ရွယ်နေတဲ့ ကျွန်မကို မရမက ဆွဲထားတာပေါ့ နောက်တော့ BamBam ကို သနားလို့ ကျွန်မ သူ့ကို လျစ်လျူရှုပြီး ဆက်ထွက်လာခဲ့တယ် တကယ်ပါ ဘယ်လို လူလည်း မသိဘူး.... ထပ်တွေ့လို့ကတော့ နုပ်နုပ်ကို စဉ်းပစ်ဦးမှာ...
"JINYOUNG AHHHHHHHH......."
ကျွန်မလည်း ဘယ်လောက်ထိ အတွေးနယ်ကျွန်နေတယ် မသိ BamBam က မရှိရှိတဲ့ အားအကုန် သုံးပြီး ညောင်နာနာ အသံကို High tone တင် အသားကုန် ဖြဲ အော်မှပဲ ကျွန်မ အသိတရား ပြန်ဝင်တော့တယ်

YOU ARE READING
The Prince & The Photographer
FanfictionJinMark , JJ project GOT7 fan fiction Myanmar version Pls enjoy & don't forget to vote each episode. Gamsanida ^^