Birthday Present - Part One

3K 292 12
                                    

Title: Birthday Present
AU!: MCAHH* AU
Pairing: XiuChen
Genre: Slight-comedy, fluff

Summary: Min Seok needs some unique presents to give Jong Dae on his oncoming birthday yet he can't think of one.

(MCAHH မဖတ်​ဖူးသူများနားလည်​နိုင်​မည်​မဟုတ်​​ပါ​ကြောင်း)

~•••••~

အပြင်​မှာ မြူ​ငွေ့တို့ဆိုင်း​နေ​သော ည​တစ်​ချိန်​ဖြစ်​သည်​။ ညခုနှစ်​နာရီထိုးပြီဖြစ်​သည့်​အပြင်​ ​ဆောင်းဦးရာသီမို့ ပတ်​ဝန်းကျင်​က ပုံမှန်​ထက်​ ပိုပိုသာသာ အေးစိမ့်​​နေ၏။

ဤသို့​အေးစိမ့်​​နေသည့်​တိုင်​ Heater ပင်​ မဖွင့်​ထား​သော အခန်းတစ်​ခန်းထဲ​တွင်​​တော့ စာ​ရေးစားပွဲတွ​င်​ ထိုင်​လျက်​ရှိ​သော နက်​ပြာရင့်​​ရောင်ဆံပင်​နှင့်​ ​ကောင်​​လေးတစ်​​ယောက်​ခမျာ စာရွက်​အထပ်​လိုက်​​ပေါ် တကုတ်​ကုတ်​ ​ရေးချွတ်​ရင်း ​ချွေးပြန်​​နေ​လေသည်​။

"ချစ်​ရတဲ့ Jong Dae..."

အ​ပေါ်တစ်​​ကြောင်း​ ရေးပြီးပြီးချင်းပဲ ပါး​ဖောင်း​ဖောင်းနှင့် ​ကောင်​​လေးက ​ခေါင်းတွင်​တွင်​ခါရင်း စာရွက်​ကိုလုံး​ချေပစ်​လိုက်​ကာ စားပွဲနှင့်​ ​ငါး​ပေအကွာက အမှိုက်​ခြင်းထဲ လှမ်းပစ်​ထည့်​လိုက်​ပြန်​သည်​။ အနက်​​ရောင်​ အမှိုက်​ခြင်းထဲတွင်​​တော့ ပုံစံမျိုးစုံနှင့်​ တွန့်​​ကြေ​နေခဲ့​သော စက္ကူလုံးများက သူတို့နည်းတူ ဆုပ်​​ခြေခံရကာ ​​ရောက်​လာဦးမည့်​ စက္ကူများကို ​စောင့်​ဆိုင်း​နေကြသည်​။

"Jong Dae ​လေး Annyeong! ပထမဆုံး Hyung ​ပြောချင်​တာက​တော့ Happy Birthday ပါလို့။ Dae က Hyung ​ပေးတဲ့လက်​​ဆောင်​ကို ကြိုက်​မယ်​ မဟုတ်​လား..."

သုံး​​ကြောင်း​တောင်​မပြည့်​​သေး၊ ထိုအသားဖြူဖြူ ​ကောင်​​လေး၏ လက်​တို့က ​ရေး​နေရာမှ ရပ်​တန့်​သွားပြန်​သည်​။ ပြီး​တော့ သူ့လက်​ရာသူ​ ငေးကြည့်​​နေပြန်​သည်​။

"ဟီးဟီး... Dae ​လေးတဲ့။ Cheesy ချက်​က​တော့ ချွဲ​တောင်​​ကြပ်​တယ်။ အဟမ်း... အဟမ်း..."

နောက်​မှထွက်​လာ​သော အသံ​ကြောင့်​ ​ကောင်​​ခေးခမျာ အ​မြှောက်​နဲ့အထုခံလိုက်​ရ​သော နှံပြည်​စုတ်​သဖွယ်​ မျက်​လုံးများပြူးကျယ်​သွားရင်း ​​ရှေ့ကစာရွက်​ကို လက်​နဲ့အုပ်​ရင်း ​နေရာမှ ထပျံ... ​အဲ... ​နေရာမှထရပ်​လိုက်​​လေသည်​။

Birthday Present [XiuChen]Where stories live. Discover now