episode 1

4.7K 294 2
                                    

"" ဟျောင့် လုပ်ပါကွာ မင်းကလည်း ပြောပေးပါကွာ ""
"" ငါ သူ့ကို တကယ် ချစ်လွန်းလို့ပါ ငါမြင်ကတည်း က ကြွေသွားခဲ့ တာ """

နောက်ကနေ Sehun ဆိုတဲ့ ကောင်လေး တစ်ယာက် Luhan နောက် တစ်ကောက်ကောက်လိုက်ရင်း အပူကပ်နေပြီ။

အကြောင်းအရင်း ကတော့ ထုံးစံ အတိုင်းပေါ့။
ကျွန်တော့် နဲ့ခင်တဲ့ ကောင်မလေး တစ်ယောက်ကို ကြိုက်လို့ဆို ပြီး အတင်းလိုက်ပြောခိုင်းနေတာလေ။
အဲ့ ကောင်မလေးနာမည်က ဆူရှီ တဲ့။ ကျွန်တော်နဲ့ ဆူရှီ က ငယ်ငယ်တည်းက မောင်နှမ တွေလို နေလာခဲ့တာ ။
ကျွန်တော့် ညီမလေး လိုပဲ။သူကကျွန်တော့် ထက် သုံးနှစ်လောက် ငယ်တယ်လေ။
ကျွန်တော်တို့ မြို့ ကနေ ပြောင်းလာပြီးကတည်းက ကွဲသွားခဲ့ တာ ခု Uni တက်မှပဲ ပြန်တွေ့ကြတော့တယ်လေ။

မတွေ့ရကြာပြီဖြစ်တဲ့ ညီမလေး လို ခင်ရတဲ့ ကောင်မလေးကို ပြန်တွေ့ရတော့ ဝမ်းသာရမယ် ထင်ခဲ့တာ နောက်ဆုံးတော့ သူနဲ့ ပြန်တွေ့ရတာကလည်း ကျွန်တော့် နှလုံးသားထဲ ဒဏ်ချက်တစ်ခု တိုးဖို့ အကြောင်း တစ်ခု ဖြစ်ခဲ့ရပြန်တယ်။

အကြောင်း က တော့ Sehun ဆိုတဲ့ ကျွန်တော် တစ်ဖက်သတ် ချစ်နေရတဲ့ ကောင်လေးတစ်ယောက်ကြောင့်ပေါ့။

Sehun တို့ကတော့ Uni မှာ အချောဆုံး အမွှေဆုံး အပွေဆုံး လူရှုပ်လေး တစ်ယောက်ပေါ့။

သူနဲ့ မွှေဖော်မွှေဖက် ပွေဖော်ပွေဖက် ကတော့ Tao ဆိုတဲ့ ငတိပင်။

အဲ့ ငဆိုးလေးနှစ်ယောက်ကို လိုက်ထိန်းပေး ရတာက ကျွန်တော်နဲ့ Chris

အဲ့ ငတိ နှစ်ကောင် ပြသနာရှာတိုင်း ကျွန်တော်တို့နှစ်ယောက် မှာ အမြဲ ပျာပျာသလဲလိုက်ရှင်း ရ တာချည်းပင်။

နှစ်ယောက်သာ မွှေချက်ကတော့ လိုင်းစုံသည်။
ရန်ဖြစ်တဲ့ နေရာမှာ လည်း Sehun နဲ့ Tao,မိန်းကလေး ကိစ္စ ဆိုလည်း Sehun နဲ့ Tao။
သူတို့ နှစ်ယောက်ပေါင်းမိတာနဲ့ ကျွန်တော် Luhanနဲ့ Chris တို့ကတော့ သူတို့ကို လိုက်ထိန်းရတာနဲ့ သေပြီပဲ။

ခုတော့ One by one နည်းနဲ့ ထိန်းဖို့ အစီအစဉ် ဆွဲထားခဲ့ကြပြီ။
Chrish က Tao ကို ထိန်း။
ကျွန်တော် က Ohsehun ဆိုတဲ့ ငတိ လေးကို ထိန်း မယ်လို့ပေါ့။

အဖြည့်ခံWhere stories live. Discover now