Ones in the Millions (Part-51)
-Taemin pov-
သူတို့ နှစ်ယောက် အတန်ကြာ စိုက်ကြည့်နေရင်း Kibum တစ်ယောက် မျက်ရည်များ ဝဲလာတော့သည်
'Kibum ah..´
'မနှင်ပါနဲ့...´
'......´
'ကျေးဇူးပြုပြီး နင့်ဘဝထဲက ငါ့ကို မနှင်ပါနဲ့.. ´
Taemin တစ်ယောက် တံခါးအပြင်ဘက်တွင် အကြာကြီး နားထောင်မိနေရင်း ကြောင်ကာ ရပ်နေမိတော့သည် ။
//Kibum Hyung က Miyoung ကိုချစ်နေတာလား?//
သူ နည်းနည်းလေး မှ မရိပ်မိခဲ့တာ အမှန်ပေ..။
အမြဲတမ်း Miyoung ၏ ဘေးတွင် အချစ်ဆုံး သူငယ်ချင်း တစ်ယောက် အဖြစ် Kibum ကို မြင်နေခဲ့တာ ကျင့်သားရနေလေပြီ..။ နဂိုထဲက ရှုပ်ထွေးနေသော အခြေအနေ တွေမှာ ပိုမို ခက်ခဲလာသယောင်..။
Kibum တစ်ယောက် တံခါး တွန်းဖွင့်လိုက်ကာ အပြင်သို့ ထွက်လာသည့် အချိန်တွင် သူ တံခါး အနောက် သို့ အမြန်ကွယ်ကာ ပုန်းနေမိလိုက်တော့သည်။
'အားး..´
သူ အခန်းထဲတွင် တစ်ယောက်တည်း ကျန်ခဲ့သော Miyoung အား ပြန်ကြည့်မိလိုက်သည့် အချိန်တွင် ရင်ဘတ်ထဲမှ စူးစူးဝါးဝါး အောင့်လာ၍ ဒူးထောက် ကျသွားတော့သည်။
'တီ..တီ..တီ..´
အိတ်ကပ်ထဲမှ ဖုန်းမှ အဆက်မပြတ် မည်လာ၍ သူ အားတင်းကာ ဖုန်းအား ဖွင့်နားထောင်လိုက်သည်။
'Yoe..Yoebosae yo?´
'Taemin ah! ဘယ်ရောက်သွားတာလဲ?!´
'Minho hyung.. ကျွန်တော်..´
'Wae? Gwancha na?´
'ကျွန်တော် စဉ်းစားပြီးပြီ.. ခဏ တွေ့ရအောင်..´
*******
'Taemin တော်တော့..´
Minho တစ်ယောက် သူ့လက်ထဲမှ ဘီယာဘူး အားယူကာ မြစ်ထဲ လွှတ်ပစ်လိုက်လေသည်။
'စောစော သေတော့လဲ အေးတာပေါ့ဗျာ..´
'Lee TAEMIN! ´
'Arryasoe.. Arryasoe.. လေသံကိုက Miyoung အတိုင်းပဲ..´
သူ ရီကျဲကျဲနဲ့ ပြောလိုက်သော်လည်း Minho တစ်ယောက် မရီနိုင်ခဲ့ပါ..။
YOU ARE READING
Ones in the Millions(Hiatus)
RomanceSHINee : ကျွန်တော် တို့ 5ယောက် လုံး ကောင်မလေး တစ်ယောက်တည်း ကို မတူညီတဲ့ ပုံစံမျိုးနဲ့ တွေ့ဆုံ ခဲ့ပြီး တူညီတဲ့ အချစ် တစ်မျိုးတည်း နဲ့ ချစ်မိခဲ့ ကြတယ်..။ Park Miyoung (Reader) တစ်ချိန်ထဲမှာ လူ 5 ယောက် လုံးကို ချစ်မိသွားဖို့ ဆ...