Episode-1

978 89 8
                                    

"ဟင့်အင်း မဖြစ်ရဘူး omma မဖြစ်ရဘူး... omma မရှိရင် သမီးဘယ်လိုမှ အသက်ဆက်မရှင်နိုင်ဘူး Omma.... OMMAAAAAAAAAAAAA........"

သမီး Bammie ဘာဖြစ်တာလဲ?????? Omma ရှိတယ် Omma ရှိတယ် ဘာမှ မကြောက်နဲ့နော်

သူမ၏ ရင်ခွင်ထဲတွင် ချွေးများ မျက်ရည်များဖြင့် အသက်ကိုမနည်း ရှိုက်ကာ ရှူနေရသော အထက်တန်း ကျောင်းသူအရွယ် ကလေးတစ်ယောက်

BB: Omma ဘာမှမဖြစ်ပါဘူးနော်...???

BB omma: Omma က ဘာဖြစ်ရမှာလဲ သမီးရဲ့ ခု သမီးဘေးမှာ omma ရှိတယ်လေ သမီးက omma ရင်ခွင်ထဲမှာလေ

BB: ဘယ်တော့မှ ထွက်မသွားရဘူးနော် Omma က သမီးနဲ့ အတူ အမြဲရှိနေရမယ်

BB omma: အေးပါ သမီးရယ် သမီးလေးဘေးမှာ အမြဲနေမှာ စိတ်ချ မောင်းထုတ်ရင်တောင် omma မသွားဘူး

BB: ပြီးရော

ပြောပြီး BamBam တစ်ယောက် သူ့ omma ရင်ခွင်ထဲတွင် ကြောင်ကလေး တစ်ကောင် သဖွယ် ပွတ်သီး ပွတ်သတ်လုပ်နေသည်

BB: omma ဒီနေ့ အိမ်ပြန်လာတယ်နော်

BB omma: အင်းပေါ့ တခါတလေတော့ ပြန်လာတာပေါ့ သမီးအခန်းထဲ သမီးအတွက် သင်ထောက်ကူ စာအုပ်တွေ ဝယ်လာတာတွေ လာထားတုန်း သမီးယောင်နေတာတွေ့လို့

BB: သမီး ခုတလော အိပ်မက်ဆိုးတွေ ဆက်တိုက်မက်နေတယ် omma

BB omma: ဟုတ်လား

BB pov: ဘယ်သိမလဲ ဒီတစ်ပတ်လုံးမှာ အိပ်ပြန်အိပ်တာ ၂ရက်တောင် ရှိလို့လား

BB omma: သမီးရယ် ကလေးလည်း မဟုတ်တော့ဘူး ဘာတွေကို ဒီလောက်တောင် ကြောက်နေရတာလဲ

BB: Appa မရှိတော့ကတည်းက အားကိုးစရာဆိုလို့ ဒီ omma ဘဲ ရှိတော့တာလေ ပြီးတော့ omma ကလည်း စီးပွားရေးကိစ္စတေနဲ့ ရှုပ်နေတာ သမီးကို လှည့်တောင် ကြည့်တာမှ မဟုတ်တာ

BB omma: ဩော် သမီးရယ် omma လည်း နေချင်တာပေါ့ ဒါပေမယ့် သမီးလေးအတွက် ပိုက်ဆံတွေ ရှာနေတာလေ ပြီးတော့ သမီးလေးကိုလည်း ပြည့်စုံအောင် လိုလေသေးမရှိ ထားပေးထားတာပဲလေ

BamBam omma က bambam ၏ ဆံနွယ်လေးများအား သပ်ရင်း ပြောသည်

BB: ပြောလိုက်ရင် သမီးလေး အတွက် သမီးလေး အတွက် သမီးလိုချင်တာက အဲ့ဒီ ပစ္စည်း ပကာသနတေ ဒြပ်ဝတ္ထုတွေ မဟုတ်ဘူး omma သမီးလိုချင်တာ သာမန် မျက်စိနဲ့ မမြင်ရတဲ့ omma ရဲ့ အချစ်မေတ္တာ ဂရုစိုက်မှုကို လိုချင်တာ

Mr. Dream CatcherWhere stories live. Discover now