Yellow Rose Ep 01

787 41 0
                                    

YiEn အဝါရောင် နှင်းဆီပန်းလေးတွေ ကြည့်ရင်း ကိုယ့်ကိုယ်တောင်သတိမထားမိဘဲ ပြုံးနေမိတယ်--
" ဒီမှာရှင့် !" ဘေးနားက ပန်းဆိုင်ပိုင်ရှင်အော်သံ ကြားမှ YiEn အတွေးလွန်နေရာကနေ လက်ရှိကာလဆီကို ပြန်ရောက် လာတော့တယ် --
" Arrr., ဒီပန်းလေး အပွင့် တစ်ရာ စည်းပေးပါနော် "
" ချစ်သူအတွက်လား ? ချစ်သူက အရမ်းကံကောင်းတာပဲနော် ဒီလောက်ချောတဲ့ ရည်းစားရတာ :) " [ငါလဲမနာလိုဘူး XD ဟီးး]
ဆိုင်ရှင် ကောင်မလေးစကားကို YiEn ဘာမှပြန်မဖြေဘဲ ပြုံးပြရင်း ပန်းစီးယူပြီး ဆိုင်ထဲက ထွက်လာပြီး
အိတ်ကပ်ထဲကဖုန်းကိုဆွဲ ထုတ်လိုက်တာနဲ့ တစ်ပြိုင်နက်တည်ူ့ Phone မြည်လာတော့တယ်--
"Hi Babe" YiEn အသံလေးကို ချွဲချွဲနွဲ့နွဲ့လေး ဖြစ်အောင် လုပ်ပြီး ပြောလိုက်တာကြောင့် တစ်ဖက် ရီသံသဲ့သဲ့လေး ထွက်လာတော့တယ်--
"Hi Babe ! ဘယ်မှာလဲ အလုပ်မှာလား? ထမင်းရောစားပြီးပြီလား ?" Jinyoung
Yien ရဲ့ အသံလေးကြောင့် စိတ်ထဲ မရိုးမရွဖြစ်လာတဲ့ စိတ်ကိုမနဲထိန်းပြီး ပြန်မေးလိုက်တော့ တစ်ဖက်က
" Aww Babe ကိုအပြင်ခနထွက်လာတာ ကိစ္စလေးရှိလို့ ထမင်းတော့မစားချင်သေးဘူး Babe ချက်တာပဲ စားချင်တာ" Jinyoung Yien ရဲ့ အဖြေကြောင့် အနားမှာသာရှိရင် ဆွဲပြီးဖက်နမ်းချင်စိတ်တောင် ပေါက်သွားမိတယ်--
"Yien Tuan! နောက်တာတော်တော့ !
ဒီနေ့ည စောစောပြန်လာခဲ့ "
" Waeyo Babe? ဒီနေ့ည ဘာအစီအစဉ်ရှိလို့လဲ " Yien မသိချင်ယောင်ဆောင်ပြီးမေးလိုက်တော့
" Arniyo ! စောစောသာပြန်လာခဲ့ပါ လွမ်းလို့ !" Jinyoung မြန်မြန်ပြန်ဖြေရင်း ဖုန်းကိုချပစ်လိုက်တော့တယ်
(Yien Tuan ခုချိန်ပျော်လွန်းလို့ ရှိသမျှသွားတွေပေါ်အောင်ပြုံးဖြီးနေမှာ)
Jinyoung တွေးရင်း ဒီညအတွက် Yien ကြိုက်တတ်တာတွေ ချက်ဖို့် စပြီးပြင်ဆင်လိုက်တော့တယ်--
( ဒီနေ့ Yien နဲ့ သူနဲ့ Dating ရက် ၁၀၀ ပြည့်တဲ့နေ့လေ)

*Seoul ရဲဌာနချုပ် *

"Hyung! Appa ရှာနေတယ် ရုံးခန်းသွားလိုက်ဦး " Yien ဌာန ပြန်ရောက်ရောက်ချင်း JB လာပြောတာကြောင့် အပေါ်ရုံးခန်းကို ဆက်တက်သွားလိုက်တော့တယ်
(Yien ကို JB's Appa က မွေးစားထားပေမယ့် သူတို့နှစ်ယောက်က ညီအစ်ကိုအရင်းတွေလိုပဲ)
------
"Appa! ခေါ်တယ်ဆို ကျွန်တော်လဲ ပြောစရာရှိလို့ "
"Yien!ပြောစရာရှိရင် နောက်မှပြော
အခုအရေးကြီးတာပြောစရာရှိတယ်"
Yien သူ့ Appa မျက်နှာကိုကြည့်တာနဲ့ တကယ့်အရေးကြီးကိစ္စ ပေါ်လာပြီလို့တွေးမိတာကြောင့် ဘာမှဆက်မပြောတော့ပဲ appa ဆီက ဆက်လာမယ့်စကားကိုပဲစောင့်နေလိုက်တော့တယ် --
"Yien ..," appa နှုတ်ကထုတ်ပြောရမှာလေးလံတဲ့ ပုံစံနဲ့ သူ့ဆီကို File တွဲတစ်ခုလှမ်းပေးတယ်--;်
Yien ဖွင့်ကြည့်လိုက်တော့ အထဲမှာ
ဓာတ်ပုံနဲ့ profile ---
"Park JinSan ?"
ဓာတ်ပုံထဲက သူရဲ့ မျက်လုံးတွေ နှုတ်ခမ်းတွေက တစ်ယောက်နဲ့တူသလိုလို မြင်ဖူးသလိုလို
ခံစားရပေမယ့် ဘာမှစဉ်းစားလို့မရတာကြောင့် Yien သူ့ Appa ကိုပဲပြန်မော့ကြည့်လိုက်တော့
" အဲ့လူက မင်း အဖေနဲ့အမေကို သတ်တဲ့သူပဲ " Yien Appa ဆီက မမျှော်လင့်တဲ့စကားကြောင့် တစ်ကိုယ်လုံး သွေးတွေဆူပွက်လာသလို ခံစားရင်း မျက်ရည်တွေ အလိုလို ဝဲတက်လာတော့တယ်---
(တစ်ကယ်တော့ သူရဲ အလုပ်ကိုဝါသနာမပါပေမယ့် သူ့ဘဝတစ်လျှောက်လုံး သူ့မိဘတွေကိုသတ်ခဲ့တဲ့သူကိုလိုက်ရှာဖို့
ဒီအလုပ်သူရွေးချယ်ခဲ့တာ )်
Yien တုန်ရီနေတဲ့လက်တွေကိုထိန်းရင်း
ဲအဲ့လူရဲ့ Profile ကိုကြည်လိုက့်တော့
"Thai??Thai မှာအခုနေတာလား?
ဘိန်းမှောင်ခိုခေါင်းဆောင် ? သားတစ်ယောက်ရှိတယ် Korea မှာ ??" Yien ပါးစပ်ရေရွတ်ရင်း တစ်နေရာအရောက် သူ့မျက်လုံးတွေ ပြူးကျယ်သွားတော့တယ် ---
"Pa..Park...Jin..Young????"
Yien File ကိုကြည့်လိုက် Appa မျက်နှာကိုမော့ကြည့်လိုက်နဲ့် အပြန်အလှန်ကြည့်နေမိတယ်---
Yien လက်ထဲမှာကျန်နေတဲ့ ဓာတ်ပုံတွေ
ထပ်ကြည့်လိုက်တော
ဒီလောကမှာ သူ့အချစ်ဆုံးသူနဲ့
သူအမုန်းဆုံးသူကိုတစ်ပြိုင်တည်းတွေ့လိုက်ရတော့တယ်--့

"Park Jinsan ? Park Jinyoung ? "
Yien သူ့ရင်ဘတ်တစ်ခုလုံးပေါက်ကွဲထွက်တော့မလို ခံစားရရင်း မျက်ဝန်းအိမ်က
မျက်ရည်တွေ အထိန်းအကွပ်မရှိစီးကျလာတော့တယ်------

"Yien ... မင်းရွေးချယ်ပါ
လက်စားချေဖို့လုပ်မှာလား
ဒါမှမဟုတ်
မင်းမိဘကိုသတ်တဲ့သူရဲ့ သားနဲ့
အတူတူနေမှာလား "
Appa ရဲ့ စကားသံက Yien နားထဲ မိုင်းဗုံးတစ်ခုလို ပေါက်ကွဲဝင်လာတော့တယ်----

Yellow RoseWhere stories live. Discover now