You r my chocopie

423 50 0
                                    

"Taste my Bubble, Feel my Love" ရဲ့ အဆက်နော် ^^

LuLu ဆုံးသွားပြီးတဲ့နောက်ပိုင်းမှာ SeHun လဲ ကလေးတစ်ဖက် အလုပ်တစ်ဖက်နဲ့အဆင်မပြေခဲ့ပါဘူး။
Soo လေး ငယ်ငယ်တုန်းကတော့ appa omma တို့နဲ့အပ်ထားလို့အဆင်ပြေပေမယ့်။ ခုတော့ နှစ်ယောက်ထဲဆိုတော့အရမ်းပင်ပန်းရတယ်။ Soo လေး ကျောင်းစတက်တဲ့ချိန်ကစပြီး SeHun appa နဲ့ omma က နိုင်ငံခြားထွက်သွားခဲ့တယ်။ သူတို့လည်းအသက်ကြီးပြီဆိုတော့ နားချင်ပြီလေ။ အဲ့လိုနဲ့ပဲ SeHun Soo လေးကို အလုပ်တစ်ဖက် အိမ်မှုကိစ္စတစ်ဖက်နဲ့ ခက်ခက်ခဲခဲပြုစုပျိုးထောင်ခဲ့ရတာပေါ့။ ကံမကောင်းချင်တော့ Soo လေးမှာလဲ LuLu လိုပဲမွေးရာပါနှလုံးရောဂါရှိတယ်လေ။ SeHun လဲ LuLu တစ်ယောက်လုံးကိုဆုံးရှုံးခဲ့ရတော့ Soo ကိုလဲ LuLu လိုထပ်မဖြစ်စေချင်တော့ အမြဲအရိပ်တကြည့်ကြည့်နေရတာပေါ့။ ဒါကို Soo လေးလဲနားလည်ပါတယ်။ LuLu အရိုးပြာထားတဲ့နေရာကိုသွားတိုင်း Soo အရမ်း ဝမ်းနည်းပြီး LuLu အပေါ်အပြစ်လုပ်ထားသလိုခံစားရတာပေါ့။ ဒါကြောင့်လဲ Soo လေး SeHun စကားဆို အမြဲနားထောင်ပြီး လိမ်လိမ်မာမာနေခဲ့တယ်။
-------------------------------------
Soo လေး ဒီနှစ်အထက်တန်းပထမနှစ်ကိုတက်ရတော့မယ်လေ။ အမှန်တကယ်တော့ အထက်တန်းတတိယနှစ်ကိုတက်ရမှာပါ။ Soo လေးကနေမကောင်းဖြစ်နေတော့ အလယ်တန်းပြီးတော့ ကျောင်းနားလိုက်ရတယ်လေ။
ဒီနေ့ကတော့ LuLu ရဲ့ နှစ်ပတလည်နေ့ကိုရောက်လာပြန်ပြီပေါ့။
SeHun နဲ့ Soo တို့ အနက်ရောင် ဝတ်စုံကိုဝတ်ဆင်ထားပါတယ်။
Soo က SeHun ကို neck tie စည်းပေးနေတာပေါ့။
Soo : appa ကလဲနော် သမီးတောင်ဒီအရွယ်ရောက်နေပြီ ခုထိ neck tie မစည်းတတ်သေးဘူး။
SeHun : အော် Soo လေးရယ် သမီးငယ်ငယ်က သမီးကို appa ပဲထိန်းလာရတာလေ။ ဒီလိုဟာတွေလုပ်ဖို့အချိန်မရဘူးကွယ့်။
Soo : ဟုတ်ပါပြီ။ ကဲ ပြီးပြီ။ ကြည့်ရအောင် Wuri appa ဘယ်လောက်ခန့်လဲလို့။
SeHun : အမယ် appa က ချောပြီးသားပါနော်။
Soo : ဟုတ်ပါပြီရှင်။ ဒါနဲ့ appa omma အတွက်ဝယ်စရာရှိသေးတာမမေ့နဲ့နော်။ omma က အရမ်းကြိုက်တာ။
SeHun : appa မမေ့ပါဘူး Soo လေးရယ်။ နှစ်တိုင်းလဲမမေ့ခဲ့ပါဘူး။ "Bubble Tea" လေ။
Soo : အင်း appa. Garja.
ဒီလိုနဲ့ Soo တို့ LuLu ဆီလဲရောက်ရော...
SeHun : Yeobo. Hun Wasawyo. Soo လေးဒီနှစ်ဆို အထက်တန်းတက်ရတော့မယ်သိလား။ ဒီကြားထဲကျောင်းနားထားတယ်ဆိုတာမနှစ်တုန်းကပြောပြထားတယ်လေ မှတ်မိတယ်မလား။ Hun လေ သမီးလေးကိုစောက်ရှောက်ရင်း လိမ်လိမ်မာမာနေတယ် သိလား။ ပြီးတော့လေ...
(Soo SeHun ပခုံးပေါ်သို့ လက်တင်လိုက်ပြီး)
Soo : appa. Ginchana??? မငိုပါနဲ့ appa ရယ်။ appa omma ကိုလာတွေ့တိုင်းအရမ်းငိုတာပဲ။ Soo ကိုကျတော့ မငိုနဲ့လို့ပြောပြီးတော့။
SeHun : (မျက်ရည်များသုတ်လိုက်ပြီး) mian Soo-ah. appa မငိုတော့ပါဘူးနော်။ ကဲ ပြန်ရအောင်။ omma ကို နှုတ်ဆက်လိုက်ပါအုံး။
Soo : omma. Soo ပါ။ omma နဲ့မတွေ့ရပေမယ့်။ omma အရိပ်အောက်မှာကြီးပြင်းခွင့်မရပေမယ့် omma ကို Soo အရမ်းချစ်ပါတယ်နော်။ ပြီးတော့ omma က Soo ကြောင့်...
SeHun : Soo-ah အဲ့လိုမပြောရဘူးလေ။ ဘာလို့ Soo ကြောင့်ဖြစ်ရမှာပဲ။ ဒါက omma ကိုယ်တိုင်ရွေးချယ်ခဲ့တာပဲ။ Soo အဲ့လိုပြောရင် omma စိတ်မကောင်းဖြစ်သွားမှာပေါ့။
Soo : Araso appa. omma Soo ပြန်တော့မယ်နော်။ နောက် မကြာမကြာလာတွေ့ပါမယ်။
-------------------------------------
ဒီနေ့ Soo ကျောင်းစတက်ရတဲ့နေ့ပေါ့။ တိုက်တိုက်ဆိုင်ဆိုင် ကျောင်းကပွဲကျင်းပတဲ့နေ့လည်းဖြစ်နေတယ်လေ။ SeHun ကျောင်းအုပ်ကြီးနဲ့စကားပြောနေတယ်။ ပြီးတော့ Soo ဆီပြန်လာတော့
SeHun : Soo-ah ဒီနေ့ကျောင်းမှာကပွဲရှိတယ်တဲ့။ တကယ်လို့ Soo မကြည့်ချင်ရင် မနက်ဖြန်မှလာလို့ရတယ်တဲ့။ လူများရင် Soo လေး စိတ်ရှုပ်တယ်မလား။
Soo : appa ရယ် Soo ကို ရောဂါသည်တစ်ယောက်လိုမဆက်ဆံပါနဲ့နော်။ ပြီးတော့ Soo ကြည့်ချင်ပါတယ်။ ဒီလိုပွဲမျိုး Soo တစ်ခါမှကြည့်ဖူးတာမဟုတ်ဘူး။
SeHun : ဟုတ်ပါပြီဗျာ။ သမီးလေးသဘောပါ။ ဟုတ်ပြီလား။ အမလေး တူစရာရှားလို့ ဇွတ်လုပ်တာပဲလာတူရလားဟင်။ အမေတူသမီးလေး။
Soo : ဟွန့် omma နဲ့တူလို့ချောတာပေါ့။
SeHun : အမ် appa ကရော။
Soo : appa က ရုပ်ဆိုးကြီး။ (လျှာလေးထုတ်ကာပြောင်ပြီး ပြေးဖို့လှည့်လိုက်ရာ)
"ဖုန်း!!"
Soo လူတစ်ယောက်နှင့်ဝင်တိုက်မိ၍လဲသွားသည်။
Soo မော့ကြည့်လိုက်တော့...
Soo's pov : Wow~ ချောလိုက်တာ။ အသားညိုပေမယ့်ဆွဲဆောင်မှုရှိသားပဲ။ ယောက်ျားပီသတဲ့မျက်နှာနဲ့။ အို.. ပြောရက်စရာမရှိအောင်ပြီးပြည့်စုံနေတဲ့သူပဲ။ ရင်ဘတ်မှာထိုးထားတဲ့ နာမည်ကိုကြည့်လိုက်တော့..
"Kai" (Soo နှုတ်မှအသံတိုးတိုးလေးထွက်သွားသည်။)
Kai : Ginchanayo????
SeHun : (ပြေးလာပြီး) Soo-ah. Ginchana??? အဲဒါကြောင့် appa ကမပြေးပါနဲ့လို့ပြောသားပဲ။
Soo : appa!!! (အားရပါးရအော်ထည့်လိုက်တယ်။)
SeHun : Aigoo Kamjagiya. မအော်နဲ့လေ။ Soo လေး အော်လို့မရဘူးလေ။
Soo : appa ရယ် သမီးကလေးမဟုတ်တော့ပါဘူး။ Kai လဲရှိနေတာကို appa ကအဲ့လိုကြီးလုပ်တော့သမီးရှက်တာပေါ့။ (ပြောရင်း Kai ကိုလှည့်ကြည့်လိုက်တော့...) ဟင် ခုနကပဲဒီမှာရှိနေတာကို ဘယ်ရောက်သွားတာလဲ။ မြန်တာ။
SeHun : ဟဲ့ ဟဲ့ ဘာတွေတွေးနေတာတုန်း appa ပြောတာတောင်မကြားတော့ဘူး။ လာ လာ စကားများမနေနဲ့တော့ ပွဲစတော့မှာ။ သွားမယ်။

You r my chocopieWhere stories live. Discover now