ခြေထောက်တွေက ဦးတည်ရာမရှိပြေးနေကြသည်
ဖိနပ်တွေအောက်က ခြေဖဝါးလေးတွေသွေးခြေဥနေလောက်ပါပြီ လူကမောဟိုက်နေပေမဲ့ ခြေထောက်တွေကမရပ်ကြသေး သူတို့ကိုတင်းကျပ်နေတဲ့စိတ်တို့ကထွက်ပေါက်တစ်ခုအနေနဲ့ပြေးခိုင်းထားသည်ပြေးရင်းဟန်မြစ်ကမ်းဘေးရောက်လာသည် ခြေထောက်တို့ကတော့ဆက်ပြေးမဆိုထား ရပ်ရန်ပင်အားမရှိတော့ မြေကြီးပေါ်ဒီအတိုင်းထိုင်ချလိုက်ပြီးဟန်မြစ်ဘက်မျက်နှာမူကာ
"" Hun ah မင်းကိုအရမ်းချစ်တယ် သေလောက်အောင်ချစ်တယ် အရူးရဲ့ ""
သူ့ကိုပြောခွင့်မရတော့ ဟန်မြစ်ကြီးကိုဘဲအော်ပြောလိုက်တယ်
သူဘယ်လောက်ပြောပြော အဲ့အရူးကယုံမှာမဟုတ်
< အ >
နှုတ်ခမ်းကတော်တော်နာနေသည်
သွေးစအနည်းငယ်ထွက်နေသေးသည့် နှုတ်ခမ်းကိုလက်တို့ဖြင့် ဆွဲပွတ်လိုက်သည် လက်ဖမိုးမှာပါလာသည့်နှုတ်ခမ်းထက်ကသွေးစတို့ကိုမြင်ရတော့ နှလုံးကဆက်ခနဲအောင့်လာသေးကျွန်တော့ကိုအမြဲစိတ်တိုတတ် သဝန်တိုတတ် အထင်လွဲတတ်ပေမဲ့သူဒီလို ကိုယ်ထိလက်ရောက်ဘယ်လိုမှမလုပ်ခဲ့
သူနဲ့ကျွန်တော်တွဲလာသည့်အချိန်ကတော်ရုံမဟုတ် ၂နှစ်တောင်ကျော်လာပြီ သူကျွန်တော့ကိုခုထိမယုံနိုင်သေးဘူးလား
မျက်ရည်တွေအတားအဆီးမရှိလျံကျလာပြီးကျွန်တော့စိတ်တွေကတော့Hun နဲ့စတွေ့ခဲ့တဲ့
အတိတ်ချိန်များဆီသို့*=*=*=*=*=*=*=*=*=*
(Flash Back )Kai Sooအတွဲနဲ့အမြဲ Centeen သွားနေကျ ကျွန်တော် ဒီနေ့တော့တစ်ယောက်ထဲCenteen ကိုရောက်ချလာခဲ့တယ်
#အဲ့အချိန်တုန်ကအထိ ကျွန်တော့်နှလုံးသားလေးအခိုးမခံရသေး#