Happy birthday

131 19 0
                                    

အချစ်အိမ်မက်

Ep - 1

"Yrrr Kim Kai"

"လာပါပြီဗျာ လာပါပြီ"

မတွေ့လိုက်နဲ့တွေ့လိုက်တာနဲ့ တကျက်ကျက်ရန်ဖြစ်နေတတ်သော Kim Kai နဲ့ Do Soo တို့ပဲဖြစ်ပါတယ်ခင်ဗျာ။ အမြဲတမ်း ရန်ဖြစ်နေတဲ့ သူတို့၂ယောက်က သိပ်ချစ်ကြတဲ့ ချစ်သူတွေပါ။ ထစ်ခနဲရှိ တဂျီဂျီ ပွစိပွစိလုပ်ပြီး စိတ်ကောက်တတ်တဲ့ Soo ကို အမြဲသည်းခံပေးနေတဲ့ Kim Kai က သိပ်ချစ်တာပါတဲ့လေ။ Do Soo ကရော. . .

ဟုတ်ပါတယ် ဒါသက်သက်အချော့ခံချင်လို့ရှာကြံကောက်နေတာပါ။ ကလေးလေးလိုမျိုး Kai နားကပ်ချွဲရတာကို သဘောကျတာလို့တဲ့လေ။

အခုရော သူတို့ဘာလုပ်နေကြတာပါလဲ။ Kai ရဲ့ 27နှစ်ပြည့်

မွေးနေ့အတွက်  ပြင်ဆင်နေတာပါ။

ဂျုံမှုန့်တွေနဲ့ လူးလိမ့်နေသော Soo ကိုကြည့်ပြီး Kai က တခစ်ခစ်နဲ့ရယ်နေပါတယ်။

"Yrrr Kim Kai နင် နင် ငါ့ကိုရယ်နေတာမလား "

"Awwn Soo ကလည်းကွာ ခင်ဗျားလေးက သိပ်ချစ်ဖို့ကောင်းနေတယ်လေ"

*** KISS ***

စိတ်တိုနေသော Soo တစ်ယောက်ငြိမ်သွားပါတယ်။ ဟုတ်ပါတယ် ။ Soo ရဲ့ပါးလေးပေါ်မှာ Kim Kai ရဲ့အနမ်းလေး

ခဏအကြာမှ

"Kai စုတ် ငါ့ကိုဘာလို့နမ်းတာလဲ"

"အာ့ အာ့ နာတယ်ဟ Soo ရ "

ထစ်ခနဲရှိ လက်ပါတတ်တာ Do Soo ပါ။ Kai ရဲ့ ကျောပြင်လေးကို Soo ရဲ့ လက်ဝါးလေးနဲ့မိတ်ဆက်လိုက်တာပါ။ (မိတ်ဆက်စရာမလိုတော့ဘူးဟ ညားတောင်ညားနေလောက်ပြီ ခဏခဏရိုက်နေလို့လေ)

"ငါ့ကို ငါ့ခွင့်ပြုချက်မရပဲ မနမ်းနဲ့ ငါမကြိုက်ဘူး"

"ဟားဟားဟား အမယ်လေးဗျာ နောက်တစ်လနေရင်လက်ထပ်တော့မယ် ခင်ပွန်းလောင်းကို ပြောလိုက်တဲ့စကားတဲ့။ ချစ်သူသက်တမ်းပဲ ၁၁နှစ်ရှိပြီ။ ခင်ဗျားလေးက ဘာတွေဘဝင်မကျတာတုန်း "

" ဒါ ဒါ ဒါပေမယ့်လည်း မကြိုက်ဘူး။"

"ကောင်းပြီလေ မနက်ကျမှတွေ့မယ် အိမ်ပြန်တော့မယ်"

" ဟာာ Kai ကလည်း

Soo ပြောချင်တာကလေ ပါးကိုမနမ်းနဲ့ နှုတ်ခမ်းကိုနမ်းလို့ပြောချင်တာ ဟီးးးးး "

"အမယ်လေး မနမ်းနိုင်ပါဘူး။ ကျုပ်နှုတ်ခမ်းကိုများ ရာရာစစ "

"အာ့ဆိုလည်း ပြီးးးးးး. . . .

(ပြောမနေတော့ဘူး ဘာလုပ်လိုက်လဲ သိတယ်မလား တော်တော်ကဲတဲ့ Kaisoo နော်)

- - - - - - - - - - - - - - - - - - - - - - - - -

"၁၁နာရီကျော်နေပြီ ကိုယ်ပြန်တော့မယ်နော်။ Cake ကလည်း Decoration ပဲကျန်တော့တာမလား"

"အင်း ရတယ် အဲ့ Decor က secret . keke . မနက်ကျမှ ကြည့်"

"ဟုတ်ပါပြီ ဒေါ် Soo ရယ် ခင်ဗျားလေးကလေ တကယ်ကို တတ်တယ် " 

"တတ်တာပေါ့ Kim Kai ရဲ့ချစ်သူပဲဟာ " 

"Aigoo ချစ်ဖို့ကောင်းလိုက်တာ"

- - - - - - - - - - - - - - - - - - - - -

Kai တစ်ယောက်အိမ်ပြန်ရောက်တော့ မျက်နှာသစ်အဝတ်အစားလဲပြီး အိပ်တော့မည်ဟု ကြံနေတုန်း

*Phone Ringing*

"Soo ပြော ဘာဖြစ်လို့. ."

"Happy birthday to you

Happy birthday to you

Happy birthday Dear Kim Kai  Happy birthday to you"

*Call end*

"ဟားဟား ဟုတ်သားပဲ 12နာရီကျော်ပြီပဲ ငါကလည်းငါပဲကွာ ညံ့ပ "

သိပ်တော့အဆန်းတကြယ်ဖြစ်နေတဲ့အလေ့အထမဟုတ်ပါဘူး။ နှစ်တိုင်းKim Kai မွေးနေ့ဆို ဒီအသံလေး ကြားရစမြဲပါ။ မေးနေစရာမလိုပါဘူး အခုချိန် Facebook ပေါ်တက်ကြည့်ရင် A4 နှစ်ရွက်စာ Wall post အရှည်ကြီးနဲ့ အရမ်းကိုလိုက်ဖက်ညီတဲ့ ကျွန်တော်တို့နှစ်ယောက်ရဲ့ Couple photo လေးကိုတွေ့ရတော့မှာပါ။ Kim Kai အတွက် Soo ရဲ့ ပထမမွေးနေ့လက်ဆောင်လေးပေါ့။

#Love_Dream

You've reached the end of published parts.

⏰ Last updated: Oct 20, 2015 ⏰

Add this story to your Library to get notified about new parts!

Love DreamWhere stories live. Discover now