Final

236 14 7
                                    

You Are My Only ACE (ONE SHOT)
OC & Taemin

Japan မြို့ ၏ မြူ နှင်းများ တစ်ဖွဲဖွဲကျနေသော ဆောင်းရာသီတစ်ခုတွင်......
လှလှ ပပဝတ်ဆင်ထားသော ကောင်မလေးတစ်ယောက်...တံခါးရှေ့ မှာ အပြုံးတစ်ခုကိုပြင်ဆင်ရင်း.....

'' ဒေါက်...ဒေါက်....ဒေါက်.....''

'' ဟယ်....သမီး....အမေတို့ ဆီကို လာလည် တယ်ပေါ့.... ''

အမေ့ရဲ့ စကားကိုပြန်မဖြေနိုင်ဘဲ.... သူမအမေ့ကိုတင်းကျပ်စွာ ထွေးပွေ့ လိုက်တယ်

သူမ အမေ့ကို အရမ်းလွမ်းနေခဲ့တာ..... ဂျပန်နိုင်ငံ တစ်နိုင်ငံ ထဲ နေပေမယ့်  မြို့ ချင်းမ တူတဲ့ အတွက် အမေ့ဆီကိုလာဖို့ အချိန်​တွေကြာ ခဲ့တယ်
၂ နှစ်လောက် မတွေ့ ရတာကြာပြီဖြစ်တဲ့
အမေဆီကို လာလည်တာ ဒါ ပထမဆုံးမို့ လို့ ထင်တယ်...
သူမရင်ထဲ လစ်ဟာနေသော အရာတစ်ခု.. ပြည့်စုံလာသလိုခံစားလိုက်ရသည်.....

'' JunHee...သမီးတစ်ယောက်တည်းလား.... Taemin ရော? ''
'' အမ်... ''
JunHee သူ့ အမေကိုဘာပြန်ပြောရမှန်း မသိချေ.........

'' ထုံးစံအတိုင်း သူ့ Schedule တွေနဲ့ အလုပ်ရှုပ်နေပြန်ပလား.... သမီးရယ်....'' သူ့ ပါး​လေးကိုကိုင်ပြီး မေးလိုက်သည်.....

'' အာ...မဟုတ်ပါဘူး....သူကခု Korea မှာမို့လို့ သမီးနဲ့ တူတူ မလာနိုင်တာပါ.....သူက အမေတို့ ကို အမြဲတမ်းသတိရပါတယ်......သူက သမီးနဲ့ တူတူသွားမယ်ပြောထားတာ...
ဒါမယ့် သမီးက အမေတို့ ကိုလွမ်းလို့ မနေနိုင်တော့လို့ လာခဲ့တာ..... ''

JunHee ပြောသာပြောလိုက်ရတယ်....သူ့ ရင်ထဲမှာလဲ ရာသီဥတုက သိပ်အကောင်း ချည်း မဟုတ်......

JunHee လဲထုံးစံ အတိုင်း Taemin ကို အပြစ်မမြင်အောင် ကာကွယ်ပြီး ပြောပေး နေ သည်ကိုသူ့ အမေကရိပ်မိသောကြောင့် Taemin အကြောင်းဆက်မမေးတော့ဘဲ သူ့သမီးကို အိမ်ရှေ့ ခန်းထဲ ခေါ်သွားတော့လေသည်......

အမှန်ဆို taemin က ဒီနေ့ JunHee နဲ့ အတူတူရှိသင့်တာ....... ဒီနေ့ က သူတို့ နှစ်ယောက်အတွက် အရေးကြီးဆုံးနေ့ ဆိုလဲမှန်တယ်.........

ဒါမယ့်....သူက ဂျပန်မှာ ဆို Taemin က Korea မှာ......
Taemin သူ့ အနားမှာ နေပေးလို့ မရသလို သူ ကလဲ Taemin နောက်ကိုတကောက်ကောက် လိုက်မနေနိုင်ဘူးပေါ့......
အဆိုတော် နဲ့ စာရေးဆရာမ ဘဝဆိုတော့လဲ ကံစေရာပေါ့လေ........

You Are My Only ACE [One shot]Where stories live. Discover now