Chapter 3

421 30 3
                                    

အချိန်အတန်ကြာသည်အထိ သူ့ ကိုသေနတ်ဖြင့်ချိန်ထားသော်လည်း နောက်ဆုံးသက်ပြင်းချပြီး အခန်းထဲကပြန်ထွက်သွားမှ Kibum စိတ်အေးရတော့သည်...

Jinki ကဘာလဲ ဘယ်သူလဲ သူမျက်နှာလေးကချစ်ဖို့ ကောင်းပေမယ့် ဘာလို့ အရယ်အပြုံးတစ်စက်မှ မရှိတာလဲ သူ့ ကိုဘာလို့ သတ်ချင်နေတာလဲ စသဖြင့် မေးခွန်းပေါင်းများစွာက Kibum ခေါင်းထဲတွင်နေရာယူလျက်...

*****************************************

Jinki POV

ကျွန်တော့်စိတ်တွေလေးနေတယ်... Kibum ဖို့ သတ်ဖို့ ကျွန်တော့်လက်တွေတုန်နေတယ်.. Lee Jinki.. မင်းဘာဖြစ်နေတာလဲ.. အ၇င်တုန်းကဆို ယောကျာ်း မိန်းမ လူကြီးလူငယ်မရွေးမင်းလက်စဖျောက်ခဲ့တာပဲ.. အေးဆေးပဲ... ဒီတစ်ယောက်ကျမှ ငါဘာဖြစ်နေတာလဲ...

'ဘယ်သူ့ ကိုမှ မသနားရဘူး.. သနားရင်ကိုယ်ပဲခံရလိမ့်မယ်' ဆိုပြီး မွေးစားအဖေပြောခဲ့သော ဆုံးမစကားတွေကို ပြန်ကြားယောင်နေမိသည်.. ခုတလောပင်ပန်းလို့ ပဲနေမှာပါလေ

ဟော အဖေ့ဆီကဖုန်းလာတယ်

"Nae...မွေးစားအဖေ"

"Jinki.. ငါခိုင်းထားတာ ဘယ်လိုလဲ.. အမှိုက်ရှင်းပြီးပြီလား"

"ကျွန်တော်ခုတလော သိပ်နေမကောင်းလို့ အဖေ.. ပစ္စည်းတော့ ကျွန်တော့်လက်ထဲအသင့်ပါ"

"အဖေတော့ မြန်မြန်ရှင်းစေချုင်တယ်.. ဆူးဆိုတာကြာကြာထားလို့ မရဘူးသား.. မင်းမလုပ်နိုင်ရင် လုပ်နိုင်တဲ့လူလွှတ်ပေးမယ်"

"မလိုပါဘူး.. Lee Jinki ကဘယ်တုန်းက မအောင်မြင်ခဲ့တဲ့ mission ရှိလို့ လဲဗျာ.."

"ပြီးရောလေ.. သတင်းကောင်းစောင့်နေမယ်.. အဖေက သိပ်စိတ်မရှည်တတ်ဘူးဆိုတာတော့ သိစေချင်တယ် "

"ဟုတ်ကဲ့ပါ..."

*************************************

Jinki မနက်နိုးတော့ Kibum က သူ့ နေရာမှာမရှိတော့.. အော်သံကြားသဖြင့် အောက်ကပြတင်းပေါက်ကို လှမ်းကြည့်လိုက်တော့ Kibum ကိုချုပ်ကာ ကားပေါ်သို့ အတင်းဆွဲတင်နေသော လူတစ်စု...

အမြန်ပြေးလိုက်သွားသော်လည်း မမီတော့သဖြင့် ဆိုင်ကယ်ဖြင့်လိုက်ရသည်...

ရေခဲမှတ်လို နှလုံးသားWhere stories live. Discover now