Yeol
♡ ♡ ♡ ♡ ♡ ♡
ကျွန်တော့်အတွက်အချစ်ဆိုတာဘာလဲ...ဘယ်ကစလဲ ??
ချစ်ချင်းအစ မျက်စိကလား...မဖြစ်နိုင်ဘူး
တခြားသူတွေလိုမြင်မြင်ချင်းချစ်ခဲ့တာလဲမဟုတ်ဘူး...
ကျွန်တော့ရင်ထဲကပေါက်ဖွားလာတဲ့အချစ်ကတော့ ကျွန်တော်ကိုယ်တိုင်တောင်မယုံကြည်ရလောက်အောင်...
အချစ်နဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့အရာကစ တယ်...
ချစ်တယ်ဆိုတာထက်ကျွန်တော်သူ့ကိုမြတ်နိုးတယ်...
အရာရာကာကွယ်ပေးရင်း သူ့အနားမှာထာဝရရှိပေးချင်တာ....
သူ့အပြုံးလေးတွေနဲ့အရာအားလုံးကိုမေ့ပျောက်သွားစေနိုင်တဲ့အတွက်
သူ့ကိုကျွန်တော်မြတ်နိုးတယ်....Baek
♥ ♥ ♥ ♥ ♥ ♥ ♥
မဖြစ်နိုင်ဘူးလို့ဦးနှောက်ကအကြိမ်တားပေမယ့်
နှလုံးသားကနောက်မဆုတ်မိပဲရှေ့ကိုအကြိမ်ကြိမ်တိုးရင်း......
ကျွန်တော်လေသူ့နွေးထွေးမှုတွေကြားကရုံးမထွက်နိုင်ခဲ့ဘူး..
ကျွန်တော့်အတွက်သူရှိနေရင်အရာရာပြီးပြည့်စုံနေပြီး အရာရာရင်ဆိုင်ရဲနေတာ...
သူ့အချစ်ရဲ့စွမ်းအားတွေနဲ့ပေါ့....
ကျွန်တော့ကိုအရာရာကာကွယ်ပေးတဲ့သူ့ကိုကျွန်တော့်အသက်ထက်ပိုချစ်တယ်...