ENCHANTED JUNGLE

531 30 6
                                    

Enchanted jungle
Epi-1

ဝှီးးး ဝှီး ဝှီးးး
တိုက်​ခတ်​လာတဲ့​လေ​ပြေရဲ့အသံက တိတ်​ဆိတ်​ငြိမ်​သက်​​နေတဲ့ လပြည့်​ညရဲ့ မှိန်​ပြပြအလင်း​အောက်​ ​ကြောက်​မက်​ဖွယ်​ အသံတို့ကဲ့သို့ ​ပေါ်ထွက်​လာခဲ့သည်​။ေ်
န့ဘက်​ ​နေ​ရောင်​ပင်​​ပျောက်​တိ​ပျောက်​ကြား​ပေါ်ထွက်​ရ​သော ထို ​တောနက်​ကား လ​ရောင်​​ကြောင့်​မဟုတ်​​သော အလင်း​ကြောင့်​ မပီပြင်ဝိုးတဝါးမြင်​ရဆဲ

ထိုအလင်း​ရောင်​ ဆိုသည်​ အဘယ်​ကလာသနည်း။ ​တော၏အလယ်​ကျကျ​နေရာရှိ အလင်းတို့ဖြာဆင်းလျက်​​သော ​​ကြည်​လင်​သည့်​ ​ငွေ​ရောင်​​ရေတို့မှပင်​တည်း လ၏အလင်းထက်​ပင်​သာ၍ လင်း​စေ​သောအလင်းတို့ထုတ်​လွှတ်​လျက်​ရှိ၏။ထို​ရေကန်​ကား လပြည့်​လျှင်​witchတို့​ပျော်​မြူးရာ ​မှော်​နက်​ကန်​ပင်​တည်း။
ထိုသို့ဆိုလျှင်​ ယခုလပြည့်​ကား witchတို့​ပျော်​မြူးရမယ့်​အချိန်​မဟုတ်​​ပေ​လော့
သို့ကတည်း တိတ်​ဆိတ်​ ငြိမ်​သက်​လှသော​တောအုပ်​ကား အဘယ်​​ကြောင့်​နည်း.......ဲ
"အူးးး.....ဝူးးးဝူးးး"
လေ​ပြေနှင့်​အတူ​ရောယှက်​လျက်​ထွက်​​ပေါ်လာခဲ့သည်​ကား ​တော၏တိတ်​ဆိတ်​မှုကို ပို​ခြောက်​လှန်​​နေ​သော​​တောခွေးတချို၏ ဆွဲငင်​​အူသံ သဲ့သဲ့တို့
ညသည်​ ဥာဉ့်​၏ အထွတ်​အထိပ်​​သောအချိန်​ သန်း​ခေါင်းယံသို့​ရောက်​​ခြေပီ.....
ထိုနဲ့အတူ​ရောယှက်​ပါဝင်​လာသည့်​အသံကား.....
"​ချောက်​ ....​​ချောက်​..."
ထိုအသံကား..........
မှော်​နက်​​ရေကန်​ ရဲ့ မနီးမ​ဝေးမှာရှိ​နေသည့်​ ​တောင်​ကုန်း​လေး​မှတည်း....
သို့ကတည်းအမှန်​စင်​စစ်​မှာ ​တောင်​ကုန်းမှ မဟုတ်​​ပေ...သူ၏အရိပ်​ကိုခိုကာ မှီတည်​​နေ​သော သုံးထပ်​ အနက်​​ရောင်​ရဲတိုက်​ကြီး ဆီမှတည်း....
အဝင်​တံခါးသည်​ကား​ရွှေသားအတိဖြင့်​ပြုထားသည်​ကား​ သူ၏ဝင်းလက်​​နေ​သော အ​ရောင်​ကဝန်​ခံ​နေ​ပေပီ...
ခြုံနွယ်​ များဖြင့်​ပြည့်​နှက်​လျှက်​ထို ရဲတိုက်​ဆီမှ ...စည်းချက်​ကျ​သော အသံတို့က ကျယ်​​လောင်​စွာထွက်​​ပေါ်လာမြဲ...ထိုရဲတိုက်​ကြီး ​ရွှေတံခါးတို့ ​ဘေးတွင်​ ဇီးကွက်​သဏ္ဍာန်​ နှင့်​ဆင်​ဆင်​ ​မျက်​နှာနှင့်​ လူတစ်​ပိုင်းအ​ကောင်​ ရုပ်​တုမည်းမည်းကြီးများက တုတ်​ကိုင်​​ထား​သော လက်​တို့ဖြင့်​တည်​ရှိ​နေ၏။
အတွင်း၌မူ...ဖုန်​တစ်​စက်​မရှိ​ပြောင်​လက်​​နေ​သော ကြမ်းခင်းနှင့်​.လှပ​​သေသပ်​စွာ​သော ​ရွှေနားကွပ်​အသုံးအ​ဆောင်​တို့ကား ​နေရာယူလျက်​...
တိုက်​ကြီး၏ အလယ်​တည့်​တည့်​တစ်​​နေရာတွင်​ မူ ကြီးမား​သောတိုင်​လုံးကြီးတစ်​လုံး ကား ကြမ်းပြင်​မှသည်​ ရဲတိုက်​ကြီး​ခေါင်​ဖြားထိ တည်​​နေ​လေသည်​...
ထိုတိုင်​လုံးကြီးအလယ်​တွင်​ကား ​ရွေ​ရောင်​ ဇီးကွက်​သဏ္ဍာန်​ကြီး ကား မလှုပ်​မရှားငြိမ်​သက်​လျက်​...သူ၏မျက်​လုံးတို့သည်​သာ ဘယ်​ညာ​ရွေ့ကစားလျက်​ရှိ၏...ထိုသို့​ဘယ်​ညာ​ရွေ့တိုင်းထွက်​​ပေါ်လာ​သောအသံတို့ကား.....
"​ချောက်​....​ချောက်​.."
ထို ဇီးကွက်​ကြီးရှိရာတိုင်​လုံးကိုပတ်​၍ ​ကြောင်​လိမ်​သဖွယ်​ ​လှေကား ဖြူဖြူကြီးနှစ်​ခုကားလိမ်​ပတ်​လျက်​....
ထိုမှသည်​.....
ဒေါက်​ ​ဒေါက်​....."
အဆက်​မပြတ်​ထွက်​​ပေါ်လာ​သောထိုအသံတို့ သည်​ကား တစ်​ချက်​ခြင်းပင်​စည်းချက်​ကျလှ၏....
ထို​နောက်​ ​ကြောင်​လိမ်​​လှေကားမှတစ်​ဆငိ့ ဆင်းသက်​လာသည့်​ လူငယ်​နှစ်​ဦး....
နှစ်​ဦး​လျှောက်​လှမ်းလာသည်​ဖြစ်​​သော်​ငြား ထွက်​​ပေါ်လာသည့်​အသံတို့ကတစ်​သားတည်း....
ထို့​နောက်​​အောက်​ထပ်​ရှိ ​ရွှေနား ကွပ် ​ရွှေကနုတ်​ တို့ဖြင့်​လှပလွန်း​သော ​အနက်​​ရောင်​​ခေါင်းတလားကြီး၏အနီး အနည်းငယ်​ကြီးဟန်​တူ​သော လူငယ်​က ရပ်​တန့်​လိုက်​သည်​....
နောက်​တစ်​​ယောက်​ကမူ ထို​ခေါင်းတလားအား မျက်​နှာချင်းဆိုင်​လျက်​ ထိုင်​​နေ​သော မလှုပ်​မရှုပ်​က​လေးငယ်​ဆီ....ချာက်
.လူငယ်​နှလူငယ်​လူငယ်​နှစ်​ဦးစလုံး၏မျက်​နှာတွင်​ကား ငယ်​ရွယ်​တက်​ကြွမှုတို့ဖြင့်​ ကြည်​လင်​ကာ ​ချော​မောကြ​သော်​ငြား ​အေးစက်​လှ​သောမျက်​နှာတို့ကား ​ဖော်​​ရွေမှုရှိဟန်​မတူ ... ခက်​ထန်​​သော အ​နေအထားမျိုး...
က​လေးငယ်​ကား အသက်​မဲ့​နေ​သောသူလို့ ခံစားမှုတစ်​စုံတစ်​ရာ​ကြောက်​ရွံမှုတစ်​စုံတစ်​ရာမှမရှိသကဲ့သို့ ထို​ခေါင်းတလားကိုသာတွင်​တွင်​​ငေးလျက်​....
လေတစ်​ချက်​​ဝှေ့အတိုက်​ ​ခေါင်းတလား​ရှေ့တွင်​ရပ်​လျက်​ရှိ​သောလူငယ်​ကား အနည်းငယ်​အံ့သြဟန်​ဖြင့်​...သူ၏အ​နောက်​အားလှည့်​ကြည့်​ကာ...တစိချက်​ရီလျက်​...
Taemin:
"မဖိတ်​​ခေါ်တဲ့ဧည့်​သည်​​ရောက်​​နေတာပဲ... ထူးခြားတယ်​... ​နောက်​ဆုံးမျိုးဆက်​က တကယ်​ကို ဆန်းကြယ်​တယ်​..."
ထိုသို့ဆိုလျှင်​ လူငယ်​​နောက်​တစ်​ဦးကပါ ​မော့ကြည့်​ရင်း အံ့အားသင့်​ဟန်​ဖြင့်​...
Taeyong:
"Hyung!! ဒီအတိုင်းထားလို့ဖြစ်​ရဲ့လား...
စိုးရိမ်​​သော​လေသံဖြင်​​မေး​သော်​ငြား ပထမလူငယ်​ကမတုန်​မလှုပ်​ပင်​.."
Taemin:
"ပတ်​သက်​မှု​တွေရှိ​နေတယ်​...မျိုးဆက်​ရဲ့ တစ်​စိတ်​တစ်​ပိုင်းဖြစ်​နိုင်​တယ်​....သူဝင်​လာနိုင်​တာကိုပဲကြည့်​​လေ...ထားလိုက်​​တော့ yongငါတို့အချိန်​​နောက်​မကျခင်
ပြီးစီးရမယ်​...."
နောက်​လူငယ်​က ​ခေါင်းတချက်​ငြိမ့်​ပြရင်း သူ၏မျက်​တို့ကား မှိတ်​လိုက်​သည်​ ထို့​နောက်​ ချင်းချင်းနီ​သောမျက်​လုံးအစုံတို့ဖြင့်​ သူ၏မျက်​ခွံတို့ကို ဖြည့်​ညှင်းစွာဖွင့်​ရင်း ပတ္တမြားတို့ ၏အ​သွေးအ​ရောင်​နှင့်​ မျက်​လုံးတို့ကား က​လေးငယ်​ဆီ ကြည့်​လျက်​...
ပထမလူရွယ်​မှာလည်း သူ၏နီရဲလျက်​​သောမျက်​ဝန်းတို့ကို ​ခေါင်းတလားတွင်း​မှေးစက်​လျက်​​သော သွယ်​လျသည့်​မျက်​နှာပိုင်​ရှင်​ ဆီ​ရှေးရှုရင်း သူ့၏လက်​တို့ ကိုဆန့်​တန်းလျက်​..
"ထ​လော့ ​​နောက်​ဆုံးမျိုးဆက်​ သင်​​စောင့်ဆိုင်းတဲ့ နှစ်​တစ်​ရာ ပြည့်​ခဲ့ပီ... ပြန်​လည်​​မွေးဖွားဖို့ ထ​လော့...."
ထိုအချိန်​က​လေးငယ်​၏မျက်​လုံးတို့မှာလည်း တဖြည်းဖြည်းနီလာလျက်​....
""အ.. ရှင့်​.. ကို ..​စောင့်​.. ​ရှောက်​.. ရန်..​ အ.. သင့်​..ပါ..။""
ထိုသို့ဆိုကာ ထ ၍ ​ခေါင်းတလားဆီတစ်​လှမ်းချင်း....
က​လေးငယ်​၏ မျက်​လုံးတို့ရဲလျက်​ အ​တောက်​ပဆုံးအချိန်​အ​ရောက်​.. ​ခေါင်းတလားအတွင်းမှ လူငယ်​ ၏ ​ရဲ​တောက်​​သော မျက်​လုံးအစုံသည်​ကား လည်း ပွင့်​ ကုန်​၏...
သာမန်​နှင့်​မတူ ပြင်းထန်​စွာ​သော ​လေအဟုတ်​တို့သည်​ကား .....ညိုးချက်​ပြင်းစွာတိုက်​ခိုက်​သကဲ့သို့......

>>>>>>>>>>>>>>>>>>>
>>ENCHANTED JUNGLE
>>>>>>>epi-1 end<<<<<<


ပထမဆုံးစ​ရေးတာ​ကြောင့်​ အ​ရေးအသား မ​ကောင်းမကန်းမို့ ဖတ်​​ပေးရင်​​တောင်​​​ကျေးဇူးတင်​ပါတယ်​ ရှင့်​......

ENCHANTED JUNGLETahanan ng mga kuwento. Tumuklas ngayon