Yeol ' pov …
ကျနော်တို့ အစာကို မတွေ့မချင်း လေးပင်စွာ လမ်းဆက်လျှောက်လာခဲ့တယ် ဆေးရုံတစ်ရုံရှေ့ အရောက် ကျနော့်သူငယ်ချင်း K က ကျနော့်ကို လှမ်းကြည့်တယ် ကျနော် အထာပေါက်စွာနဲ့ပဲ ခေါင်းကို မော့ပြီး လေကို တဝကြီးရှူရှိုက်ပြီး အနံ့ခံလိုက်တယ် ကျနော်တွေးမိတယ် တကယ်ပါ ကျနော့်သူငယ်ချင်းက အနံ့ခံတဲ့နေရာမှာတော့ ပြိုင်စံရှားပဲ ကျနော် ခေါင်းအသာငြိမ့်ပြလိုက်ပြီး အုပ်စုလိုက် ဆေးရုံထဲကို ဝင်လာခဲ့တယ် ……
In Hospital …
Soo : Baek နင်ကြားလား ? ငါအသံတစ်ခု ကြားလိုက်တယ် ခြေသံလိုလို …
Baek သူ့သူငယ်ချင်း Soo စကားကြောင့် လက်ရိပ်ပြကာ အကုန်လုံးအား ဒူးထောက်ဝပ်ခိုင်းလိုက်သည်
Baek : အထုတ်အပိုးတေ ပြင် … ငါတို့ဒီကနေ အမြန်ထွက်မယ်
Minho : အေးဆေးပေါ့ Baek ရာ ဘာတေ အဲ့လောက်လောနေတာလဲ ? Soo စိတ်လှုပ်ရှားပြီး နားကြားမှားတာလဲ ဖြစ်နိုင်တာပဲ Hey ! Soo ရော့ ဒါသောက်ထားလိုက် …
Minho ပြောရင်းး Soo အား သူ့နံဘေး စင်ပေါ်ရှိ စိတ်ငြိမ်ဆေးဘူးအား ယူ၍ပစ်ပေးလိုက်သည်
Soo ပျံလာသော ဆေးဘူးအား လက်တစ်ဖက်နှင့် လှမ်းဖမ်းလိုက်ရင်း သူ့ဘေးရှိ စင်ပေါ်သို့ ပြန်တင်ထားလိုက်သည်
Soo : စိတ်ပူပေးတာကိုတော့ ကျေးဇူးတင်ပါရဲ့ ဒါပေမယ့် ငါစိတ်လှုပ်ရှားနေတာ မဟုတ်ဘူး ငါတကယ်ကြားလိုက်တာ …
Minho : ဘာမှမဟုတ်ပါဘူးဆို ဒီမှာကြည့် ငါသွားစစ်ပြမယ် …
စက်သေနတ်တစ်လက်အား ပုခုံးတွင် လွယ်လိုက်ပြီး တံခါးဆီသို့ တည့်တည့်မတ်မတ်လျှောက်သွားသော Minhoအား Soo လှမ်းအော်တားမိသည်
Soo : Minho မလုပ်နဲ့ တံခါးမဖွင့်လိုက်နဲ့ …
Minho : မဖွင့်ပါဘူးဟ အထဲကနေပဲ အပြင်ကို လှမ်းကြည့်မှာပါ ဂျက်လည်းချထားတာပဲကို အေးဆေးပေါ့ …
Soo ထပ်မတားမိတော့ချေ Minho ဆိုသော တစ်ယောက်ကို စစ်တပ်ထဲဝင်လာကတည်းက သူသိပ်ကြည့်မရ အစစအရာရာ ဆရာသိပ်လုပ်လွန်းသည် Baek ရည်းစားမို့သာ သူအလိုက်သင့်ပေါင်းနေခြင်းပင် သူသိသူတတ် စည်းလုံးခြင်းဆိုတာ ဘာမှန်းလည်း သူသိပုံမရ တစ်ကိုယ်တော်ပွဲထွက်ချင်နေသော သူ့အား လွှတ်ထားလိုက်သည် အသိစိတ်ကတော့ အဆင်သင့်ဖြစ်နေရန် ကိုင်ထားသော စက်သေနတ်အား ဂျလောက်ခနဲ ကျည်ဖြည့်လိုက်ကာ သတိအနေအထားနှင့် နေလိုက်သည်