Why did he do that?

1.6K 180 9
                                    

~~~~~~~~~Secret Tears~~~~~~~~~

ဥစ္စာ ပစ္စည်းတွေ ဂုဏ်အရှိန်အဝါတွေနဲ့ ခမ်းနားစွာ ထယ်ဝါတည်ရှိနေတဲ့ အိမ်ကြီးတစ်အိမ်ရှိရာ ခြံဝင်းထဲသို့အရောက် ငြိမ့်ငြောင်းစွာ မောင်းနှင်လာတဲ့ အနက်ရောင် နိုင်ငံခြားဖြစ်ကားတစ်စီး တုန့်ခနဲထိုးရပ်သွားသည်

ကားပြတင်းပေါက်ကနေတစ်ဆင့်မြင်နေရတဲ့ ခြံကြီးရဲ့အကျယ်အဝန်းဖြင့်ပင် ကျွန်တော့်စိတ်တွေကို အနည်းငယ်တုန်လှုပ်နေစေသည် ၁၆ နှစ်သားအရွယ်အတွက် ရုတ်ချည်းပြောင်းလဲပစ်လိုက်တဲ့ပတ်ဝန်းကျင်ဟာ လိုတာထက်ပို၍သူစိမ်းဆန်နေလေသည် အဝေးကကြည့်ရင်တောင် ဂုဏ်အရှိန်အဝါတွေ တဖိန့်ဖိန့်တောက်နေတဲ့ ဒီအိမ် ဒီခြံ ဒီပတ်ဝန်းကျင်မှာ သဟဇာတဖြစ်အောင် နေထိုင်သွားဖို့အတွက် အမှန်တော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအားအလွန်နည်းလွန်းသည် အဆင်မပြေမှုတွေအများကြီးကြုံတွေ့လာရင် ခံနိုင်ရည်ရော ရှိနိုင်ပါ့မလား ကျွန်တော် စိုးရိမ်သည် သိမ်ငယ်တတ်တဲ့ ကျွန်တော့်အကျင့်က ဒီပတ်ဝန်းကျင်နဲ့ ဝေးရာကိုစေနှင်ချင်နေပေမယ့် ကျွန်တော့်မှာ ဒီနေရာကလွဲ ကျန်တာ မှီခိုစရာနေရာဟူ၍မရှိပေ...

"သား Sehun ဆင်းတော့လေ ရောက်ပြီ"

ကျွန်တော် အခုမှ နှစ်ခါလား တွေ့ဖူးသည့် ကျွန်တော့် အဖေဆိုသူက ကားတံခါးဖွင့်ပေးကာ လက်တစ်ဖက်ကို ကျွန်တော့်ဆီ ကမ်းပေးရင်း ကားပေါ်မှဆင်းခိုင်းနေသည် အဖေဆိုပြီး ဘာလို့နှစ်ခါပဲတွေ့ဖူးသေးတာလဲလို့ မေးခဲ့ရင် လိုရင်းကို တည့်တည့်ဖြေရရင် အမေက ကျွန်တော်ကို တစ်ကိုယ်တော်မိခင်ဘဝနဲ့မွေးဖွားခဲ့တာကြောင့်လို့ ဖြေရမည်ပဲ...ဒါပေမယ့် ဒီအကြောင်းတွေကို ဘယ်သူ့ကိုမှထုတ်ဖော်ပြောခွင့်လည်းမရှိပါဘူးလေ... အဖေအိမ်ထောင်ကြပြီးနောက်ပိုင်းမှငြိစွန်းပြီးရခဲ့တဲ့ကလေးတစ်ယောက်ကို ဘယ်သူကသနားချင်မှာလဲ တိတ်တိတ်ပုန်းမွေး တိတ်တိတ်ပုန်းကြီးပြင်း အဖေဆိုတာ ဖြူသလား မဲသလားတောင် မသိခဲ့ရဘဲ နေခဲ့ရတဲ့ ရက်ပေါင်းတွေအများကြီးရှိခဲ့တယ်

အမေဦးနှောက်အကျိတ်ကင်ဆာနဲ့မဆုံးခင်မှာရယ်... အမေဆုံးပြီး အဖေကကျွန်တော့်ကို သူနဲ့လိုက်ခဲ့ဖို့ခေါ်တဲ့အချိန်ရယ် အဲ့နှစ်ချိန်ပဲတွေ့ဖူးခဲ့သေးတယ်... သို့သော် အခုချိန်ကနေစပြီးတော့ အဖေကိုနေ့တိုင်းလိုတွေ့သွားရတော့မည်တဲ့လေ... သိပ်အထိအတွေ့မရှိသေးတဲ့ အဖေ့မေတ္တာနဲ့ကြင်နာမှုတွေက ကျွန်တော့်နဲ့ သိပ်မရင်းနှီးသေးတဲ့အတွက် အနည်းငယ်တော့အနေရခက်စေသည်

You've reached the end of published parts.

⏰ Last updated: Nov 27, 2015 ⏰

Add this story to your Library to get notified about new parts!

Secret Tears{Discontinued}Where stories live. Discover now