Part - 4

1.5K 123 0
                                    

ကျွန်တော် သူ့ကို စတွေ့တာ Wedding တစ်ခုမှာပေါ့ အားလုံးက အလက်လက်တွေ ရှေ့ကွဲနောက်ကွဲတွေ အပြိုင်အဆိုင် ဝတ်ဆင်လာတဲ့ကြားမှာ ဘာမှသိပ်မပြင်ဆင်ပဲ ရိုးရိုးလေးနဲ့လှနေတဲ့သူ့မျက်နှာလေး ကျွန်တော်ခုထိမေ့လို့မရဘူး

ကျွန်တော်သူ့ကိုစိတ်ဝင်စားတယ်ဆိုတာ ဝန်ခံပါတယ် ဒါပေမယ့် မဖြစ်နိုင်မှန်းလည်း ကြိုသိနေတယ်

သူ့လိုမိန်းကလေးနဲ့ကျွန်တော်နဲ့မတန်ပါဘူး ဟုတ်တယ် သူကကောင်းကင်ပေါ်က လမင်းလေးဆို ကျွန်တော်က မြေပြင်ပေါ်က သူ့အလှကို ထိုင်ငေးခွင့်သာရပြီး ကြည့်နူးနေရမယ့်ကောင်လေးတစ်ယောက်ပေါ့

ကျွန်တော်အရာရာပြည့်စုံတာဝန်ခံပါတယ် ကျွန်တော့်မှာမပြည့်စုံတာက ကျွန်တော့မှာ ချို့ယွင်းချက်ရှိနေတာက ......

-------***###%%%&&&***--------

'' Omma... Soo အလုပ်လုပ်မလို့ ''

'' Omma Company မှာ အချိန်မရွေးလုပ်လို့ ရတယ် ဘယ်နေရာမှာလုပ်ချင်တာလဲ သမီးက''

'' မဟုတ်ဘူး Omma Sooအလုပ်ခေါ်ထားတဲ့ ကြော်ငြာတွေ့လို့တခြားနေရာမှာအရင်ဆုံး အလုပ်လုပ်ကြည့်မလို့ ''

''Omma Company တစ်ခုလုံးရှိလျှက်နဲ့ သမီးကဘယ်မှာသွားလုပ်မလို့လဲ ''

'' Park Company မှာ Omma Soo ကို ခွင့်ပြုပေးပါနော် Omma နော် နော် ''

'' ဟင်းးးးအခုကျမှဘာစိတ်ကူးပေါက်လို့ အဲ့လောက်အသည်းသန်ဖြစ်နေတာလဲ သမီးလုပ်ချင်လည်းခဏပဲရမယ်နော် Omma ရဲ့ Company ကို သမီးပဲ အမွေဆက်ခံရမှာ''

''Nae Omma အာ့ကြောင့် Omma ကိုအရမ်းချစ်တာ Mhwa Mhwa :* ''

'' ဟုတ်ပါပြီ သူလုပ်ချင်တာများ လုပ်ရရင် မျက်နှာကစပ်ဖြီးဖြီးနဲ့ဟွန့် ''

'' ဟိဟိ ''

''တွေ့ရတော့မယ် သူ့ကိုတွေ့ရတော့မယ် ရှေ့မဆက်ဖို့လည်းကိုယ့်စိတ်ကိုချုပ်ထိန်းပါတယ် ဒါပေမယ့် သူ့ကိုတွေ့ချင်တဲ့စိတ် တစ်ခါလောက်ထပ်တွေ့ရင်ကိုကျေနပ်ပါတယ်''

''Soo ကံကောင်းတယ်ပဲပြောရမလား အလုပ်ခေါ်တဲ့ကြော်ငြာတွေ့ခဲ့တယ်လေ ဒီအခွင့်ရေးကိုဘယ်လက်လွတ်ခံမလဲ အခုOmmaကလည်း ခွင့်ပြုလိုက်ပီဆိုတော့ Sooအတွက်က ထီပေါက်တာထက် ပိုပျော်တယ်''

-----****####%%%%&&&&****-------

''Bor! နင်အလုပ်လုပ်မလို့ဟုတ်လား ''
Baekhyun က အလန့်တကြားထအော် လိုက်တယ်

'' Wae ... ဖြည်းဖြည်းပြောပါဟ ငါအလုပ်လုပ်မှာအဲ့လောက် အံ့သြစရာရှိလို့လား''

'' အေးလေ နင့်လို တစ်သက်စားလို့မကုန်တဲ့ သူက ပြီးတော့ နင့် Omma ဆီမှာလည်းမဟုတ် ဟိုလူကြီး Park Chanyeol ဆီမှာဆိုတော့ ငါတို့ကအံ့သြတာပေါ့ ''
Sehun ကကြားဖြတ်ပြောလိုက်တယ်

'' ဒီတလောနင့်ဆီကကြားနေရတာ အဲ့လူကြီးအကြောင်းပဲနင်သူ့ကိုစိတ်ဝင်စားနေတာလား Soo မ နင်ငါနဲ့Sehounကို ဘာတွေဖုံးကွယ်ထားလဲမှန်မှန်ပြော ''

'' နင်တို့ကလည်းဟာ ငါဘာမှမဖုံးကွယ်ပါဘူး ငါအားလုံးပြောပြနေတာပဲကို ငါသူ့ကိုစိတ်ဝင်းစားရုံပါ ''

'' ဘယ်လိုဘယ်လို နင်ကဘယ်တုန်းက ဘယ်လိုဖြစ်လို့ ဘယ်လိုစိတ်ဝင်စားသွားတာလဲ နင်နဲ့သူကဘယ်နှစ်ခါတွေ့ဖူးလို့လဲ ''
Baekhyun က အသံစွာစွာနှင့်မေးလိုက်တယ်

'' နင်တို့ကလည်းဟာ ငါ့ကိုစိတ်မဆိုးပါနဲ့ ငါကဒီတိုင်းဒီတိုင်းပါပဲ ငါမရှင်းပြတတ်တော့ဘူး ငါအလုပ်လုပ်ကြည့်ရုံပါပဲ အတွေ့ကြုံရအောင် ''

'' Baekhyun ရေ တားမနေနဲ့တော့ တားလည်းအပိုပဲ သူကလုပ်ချင်တာကိုလုပ်မှာပဲ အခုလည်းကြည့်ပါလား သူအားလုံးပြင်ဆင်ပြီးမှ ငါတို့ကိုတိုင်ပင်သလိုနဲ့လာပြောတယ် ဟွန့် ''

'' နင်တို့ကလည်းငါ့ကိုဆူဖို့ပဲသိတယ် အခုဟာအလုပ်တောင်မလျှောက်ရသေးဘူး အလုပ်ရမရတောင်မသေချာသေးတဲ့ဟာကို''

'' အေးပါဟာ နင်စိတ်ချမ်းသာရင်ပြီးတာပါပဲ ငါတို့ကနင့်ကိုစိတ်ပူလို့ ပြီးတော့ငါတို့တွေက ဆိုးတူကောင်းဖက်သူငယ်ချင်းတွေမဟုတ်လာ''

'' အင်းပါဟာ ကျေးဇူးပါသူငယ်ချင်းတို့ရယ် ''

ကဲအခုအလုပ်လျှောက်ဖို့ပဲလိုတော့တယ် သူတို့ဆီကလည်းခွင့်ပြုချက်ရပီဆိုတော့ ရာသီဥတုကကိုယ့်ဘက်ပါပြီလေ

------####$$$$&&&&%%%%****-----

You Don't know !Where stories live. Discover now