"SingleBell ♬ SingleBell ♪ Single all the way♬"
ဟဲ့! သီချင်းကအဆန်းပါလား!
Krisပြုတ်လက်စ ရယ်ဒီမိတ်ခေါက်ဆွဲပြုတ်အိုးကို အသာထားကာ အသံလာရာ TVရှေ့သို့ထွက်လာခဲ့တယ်။
"JingleBell ♪ JingleBell ♬ Jingle all the way"
Singleမဟုတ်ပါဘူးကွာ! Jingleပါ! -_-
ငါ့နှယ်...နားကြားမှားတာကြီးကလည်း ရယ်ချင်စရာ။
"Single all the way♪" Krisလေသံလေးနဲ့ ဆိုကြည့်လိုက်တယ်။
အံမယ်! ဘယ်ဆိုးလို့လဲ!
Facebookထဲမှာ Single Singleအော်နေတဲ့သူတွေဆိုရမယ့်သီချင်းလို့ ပေါက်ပေါက်ရှာရှာတွေးမိလိုက်တယ်။
ကိုယ့်အတွေးနဲ့ကိုယ် ပြုံးစိစိဖြစ်နေရင်း TVကိုကြည့်လိုက်တော့ Christmas Treeတွေကြားထဲပျော်မြူးနေတဲ့ချစ်သူ၂ဦး!
ကြည့်ရတာ MTVထင်ပါရဲ့!
ဟမလေး!
မိုးမမြင်လေမမြင်ကိုနမ်းနေလိုက်ကြတာ!
ကိုယ်တောင်ကြည့်ရင်း မရိုးမရွတွေဖြစ်လာသလိုလို!
MTVပဲဟာကို အဲ့လောက်တောင်လုပ်ပြဖို့ လိုလို့လား?
"ကဲဟယ်!" Kris TVက powerခလုတ်ကို ခပ်ပြင်းပြင်းနှိပ်ပြီး ပြုတ်လက်စခေါက်ဆွဲအိုးရှိရာ မီးဖိုချောင်ဆီသို့ ခြေလှမ်းတွေကို ပြင်လိုက်တယ်။
ဘာရယ်ကြောင့်တော့မဟုတ် TVထဲက အတွဲကိုမြင်တော့ ဝမ်းနည်းသလိုလို ဒေါသထွက်သလိုလို!
တကယ်ဆို သူ့အခြေအနေနဲ့ Christmasညမှာ ခေါက်ဆွဲပြုတ်စားနေရမှာမှမဟုတ်တာ။
အနည်းဆုံးတော့ ကိုယ့်ချစ်သူနဲ့အတူတူ Christmasညကို အတူတူကုန်ဆုံးတာမျိုးလေး ဥပမာ ညစာအတူစားတာမျိုးလေးပေါ့။
ခုတော့ ခေါက်ဆွဲပြုတ်တစ်ထုပ်နဲ့ တစ်ကိုယ်တည်း နှစ်ပါးသွားနေရတဲ့ဘဝ!
'ချစ်သူမရှိလို့လား' ဆိုပြန်တော့လည်းမဟုတ်ဘူး။
ရှိတယ်!။