Part-6

1.3K 123 0
                                    

'' Yeollie ဘယ်တုန်းကပြန်ရောက်တာလဲ company လာတာအစောကြီးပါလား''

''Nae မနက်စောစောက ပြန်ရောက်တာ အိမ်မှာမနေချင်တာနဲ့ စောစောလာလိုက်တာ ''

'' Yeollie ရဲ့ secretaryတောင်မလာသေးဘူး Hyung လူရွေးမှန်သွားတယ်သိလား သူကအရမ်းအလိုက်သိပြီးအလုပ်ကြိုးစားတယ် အရမ်းလည်းချောတယ် သူ့သတင်းကတော့ company တစ်ခုလုံးမှာ မွှေးနေတာပဲ ''

'' Hyung ကအဲ့လောက်တောင် အမွှန်းတင်နေမှတော့ကျွန်တော်တောင်အခုပဲ တွေ့လိုက်ချင်တယ် ''

'' မကြာတော့ပါဘူး လာတော့မှာပါ သူလာရင် coffee ပို့ခိုင်းလိုက်မယ်လေ ''

''Nae''

ဒေါက် ဒေါက်

'' ကော်ဖီလာပို့တာပါ''

''ဝင်ခဲ့ပါ စားပွဲပေါ်မှာထားခဲ့လိုက်ပါ''

Chanyeol သည် မျက်နှာကိုမော့မကြည့်မိ အလုပ်နည်းနည်းရှုပ်တာရယ် စိတ်မကြည်တာရယ်ကြောင့် စာရင်းဖိုင်တွေကိုသာ အာရုံစိုက်နေတော့သည်

'' မျက်နှာမော့ကြည့်တော့ ဘာဖြစ်မှာမလို့လဲ အပြင်နဲ့များတခြားစီ မာနကလည်းကြီးပါ့ ဟွန့်''

Soo စိတ်ထဲဝေဖန်နေမိသည်

Soo သိတဲ့ Park Chanyeol သည် တဖက်သားကိုအလေးထားသည် ဂရုစိုက်တတ်သည် လူကြီးလူကောင်းဆန်ပေမယ့် မာနမကြီး အခုတော့Sooစိတ်ထဲထင်ထားတာတွေနဲ့ တခြားစီဖြစ်နေသည်

Chanyeol သည် အလုပ်ထဲတွင် အာရုံရောက်နေပီးအတန်ကြာမှ coffee ကိုသတိရသည်

''ဒီကောင်မလေးမဆိုးဘူးပဲ Coffee ဖျော်ထားတာ ငါ့အကြိုက်ပဲ အမှတ်တော့မပေးသေးဘူး Hyung ပြောသလို ဟုတ်မဟုတ်စောင့်ကြည့်အုံးမှ ''

ဒေါက် ဒေါက်

'' ဝင်ခဲ့ပါ ''

'' Yeollie မြေဝယ်ဖို့ လူတွေ့ရမယ် မြေနေရာရယ် ကြိုက်ဈေးရယ် Yeollie ဆုံးဖြတ်ရမှာ Doo Kyungsoo ကိုခေါ်ပြီးသွားကြည့်လိုက်လေ ''

''ဟင် Doo Kyungsoo တဲ့ ငါများနားကြားလွဲတာလား Soo များဖြစ်နေမလား မဟုတ်လောက်ပါဘူးလေ''

'' Do Kyungsoo ဆိုတာဘယ်သူလဲ Hyung''

''အဲ့ဒါ yeollie ရဲ့ secretary ပဲလေ အခုထိမတွေ့ရသေးဘူးလား ''

'' Nae ''

''အတွင်းရေးမှူး Do ခဏလောက် ဝင်ခဲ့ပါ''

'' Nae ''

'' Yeollie ဒါကမင်းရဲ့ secretary ပဲ အတွင်းရေးမှူး Do ဒါက Park Chanyeol ''

Chanyeol အရမ်းအံ့သြ၍ဘာစကားမှမပြော နိုင်ခဏမျှကြောင်ကြည့်နေမိ၏

အခုကျတော့လည်း Do Kyungsooက သူတွေ့ဖူးတဲ့ကလေးဆန်ဆန်ပုံစံလေးမဟုတ် တကယ့်ကိုရင့်ကျက်နေတဲ့ တည်တည်ငြိမ်ငြိမ် ပုံစံလေးနဲ့ အရမ်းကိုလှပတဲ့ အသည်းပုံ နှုတ်ခမ်းလေးကွေးပီး ပြုံးပြနှုတ်ဆက်နေတယ်

Chanyeol ပျော်နေတဲ့စိတ်တွေမသိမသာ ဖုံးကွယ်ပြီး

'' Nae Hyaung စိတ်တိုင်းကျရွေးချယ်ထား တဲ့လူပဲ ကျွန်တော်လည်းသဘောကျပါတယ် ''

'' Nae ကျေးဇူးတင်ပါတယ် သူဌေး ''

---------*******####&&&&******-------

အဝေးပြေးလမ်းပေါ်မှာပေါ့

''Do Kyungsoo ဘယ်လိုဖြစ်လို့ ကိုယ့် company မှာအလုပ်လုပ်ဖြစ်သွားတာလဲ ''

''Soo အလုပ်လုပ်ကြည့်ချင်လို့ အလုပ်ခေါ်တာတွေ့တာနဲ့ အလုပ်လျှောက်လိုက်တာပါ ''

''တကယ်တော့ Soo အလုပ်လုပ်ချင်တဲ့ရည်ရွယ်ချက် တစ်ခုထဲကြောင့်မဟုတ်ပါဘူး Park Chanyeol ဆိုတဲ့ ရှင့်ကို အမြဲတွေ့ချင်တဲ့မျှော်လင့်ချက်နဲ့ပါ''

''Soo ဘာတွေတွေးနေတာလဲ ''

'' Arnyi ...

''ရှေ့ဆိုရောက်ပီ Soo လည်း အကြံပေးပေါ့ ''

''Nae''

ဒီလိုနဲ့တနေ့တာကုန်သွားလို့ရုံးဆင်းချိန်ရောက်ခဲ့ပြီလေ....

'' Soo ကားပါလား မပါရင် ကိုယ်လိုက်ပို့ပေးမယ်လေ''

''ရပါတယ် Soo ဝင်စရာနေရာလေးရှိလို့ bus နဲ့ပဲပြန်လိုက်တော့မယ် ''

'' အင်းအာ့ဆိုလည်းဂရုစိုက်ပြန်နော် မနက်ဖြန်မှတွေ့မယ် bye ''

'' Nae ''

XoXo ဖုန်း ring tone မြည်လာသည်

''Yeobosayaw...''

'' ကိုယ့်အသံတောင်မမှတ်မိတော့ဘူးလား Kai လေ စွာတေးမလေး Soo ရဲ့ Kai ''

'' Kai ! ''

'' Chanyeol ရဲ့ခြေလှမ်းတွေခဏတာ ရပ်တန့်သွားခဲ့တယ် Kai ဆိုတာဘယ်သူလဲ Soo မှာချစ်သူများရှိနေတာလား''

Soo ကိုပြန်လှည့်ကြည့်လိုက်တော့ဖုန်းပြောနေ ရင်း Chanyeol နှင့်ခပ်လှမ်းလှမ်းရောက်နေပီ လေ

အတွေးများစွာဖြင့် Chanyeol တစ်ယောက်လည်း ကားပေါ်တက်သွားလေသည်

--------******#####&&&&****----------

You Don't know !Nơi câu chuyện tồn tại. Hãy khám phá bây giờ