1 Month Later...
'' Morning အတွင်းရေးမှူးDo''
''Morning ပါ ဒါရိုက်တာ ''
'' ဒီနေ့အစောကြီး ရောက်နေပါလား''
''Nae ပျင်းနေတာနဲ့ company ကို စောစောထွက်လာလိုက်တာ''
''ဒါနဲ့ Yeollie မရောက်သေးဘူးလား ဒီနေ့ညနေ ခရီးသွားစရာရှိတယ် အတွင်းရေးမှူး Doo သိပြီးပြီလား ''
''Arnyi ... အခုမှသိတာ Soo ရော လိုက်ရမှာလား''
''လိုက်ရမှာပေါ့ အင်ချွန်းကိုသွားပြီး မြေကွက်သွားကြည့်ရမှာ အဲ့ကမြေနေရာ အဆင်ပြေရင် hotel ဆောက်မှာလေ ''
''wow အရမ်းကောင်းတယ် hotel ဆောက်မယ်ဆိုရင် ''
''အတွင်းရေးမှူးDo ညနေအိမ်စောစောပြန်ပြီး ခရီးသွားဖို့ပြင်ဆင်လိုက်လေ Companyက ကားနဲ့ခေါ်ခိုင်းလိုက်မယ်''
''Nae ဘယ်နှရောက်သွားမှာလဲဟင်''
''Yeollie နဲ့ အတွင်းရေးမှူးDo နှစ်ယောက်ထဲ သွားရမှာ တည်းဖို့အတွက်လည်း စိတ်ပူစရာ မလိုဘူး အဲ့မှာ Yeollieရဲ့ အပန်းဖြေအိမ်ရှိတယ် ဦးလေးကြီးလင်မယားနှစ်ယောက်ကို အစောင့်ထားထားတယ်''
''Nae''
'' အဆင်ပြေတယ်မှတ်လား''
''ပြေပါတယ် ဒါရိုက်တာ''
ဘာလို့လဲမသိ သူနဲ့ခရီးအတူသွားရမယ်ဆိုတော့ ရင်တွေခုန်လိုက်တာ....
------*****###%%%&&&&****--------
'' Bor! Hyung ဘယ်လို စီစဉ်ထားတာလဲ ''
''Yeollie အံ့သြမယ်ဆိုတာ Hyung သိပါတယ် Yeollie ကို အခွင့်ရေးရအောင် ဖန်တီးပေးလိုက်တာ''
''Hyung ဘာတွေပြောနေတာလဲ''
''Hyung သိတယ် Yeollie အတွင်းရေးမှူးDo ကိုစိတ်ဝင်စားနေတယ်မှတ်လား''
''မဟုတ်ပါဘူး Hyung ကလည်း အလုပ်သဘောအရ ပြောဆို ရင်းနှီးတာပါ''
''Hyung ကိုမလိမ်ပါနဲ့ Yeollie ကို သိလာတာ ဟိုးငယ်ငယ်ထဲက တခြားသူကို လိမ်လို့ရမယ် Hyung ကိုတော့ မရဘူး''
''Hyung ကလည်း...''
''အခုနောက်ပိုင်းမှ Yeollie ရဲ့ မျက်နှာမှာ အပြုံးဆိုတာပြန်မြင်လာရတယ် ဘာကိစ္စမှမရှိပဲ အတွင်းရေးမှူးကိုခဏခဏခေါ်တယ် အတွင်းရေးမှူးမလာတဲ့ရက်ဆိုရင် Yeollie မျက်နှာမှာအလိုမကျတဲ့ပုံစံနဲ့ အားလုံးကို အပြစ်ပဲမြင်နေတယ် ဒါတွေက အတွင်းရေးမှူးကို စိတ်ဝင်စားနေတယ်ဆိုတဲ့ သက်သေတချို့ပဲ ''
'' ဟဟ Hyung က စုံထောက်တောင် လုပ်လို့ရတယ် ကျွန်တော် မဖုံးကွယ်တော့ပါဘူး ကျွန်တော် Soo ကို စိတ်ဝင်စားတာ စစတွေ့ချင်းထဲကပါ ''
'' ဒီလိုမှပေါ့ အခုအခွင့်ရေးရတုန်း ဖွင့်ပြောလိုက်''
''မဖြစ်နိုင်ပါဘူး Hyung ရယ် ကျွန်တော့ဘဝနဲ့က လုံးဝမဖြစ်နိုင်ပါဘူး''
'' Yeollie ပြီးခဲ့တာတွေထားလိုက်တော့ အတိတ်ကနေရုန်းထွက်လိုက်တော့ အိပ်မက်ကနေ နိုးထလိုက်စမ်းပါ ကိုယ့်ကိုယ်ကိုယ် မချုပ်နှောင်စမ်းပါနဲ့ ''
''ဒါပေမယ့် ....''
'' ဆရာ ကျွန်တော် အတွင်းရေးမှူးကို သွားကြိုလိုက်ရတော့မလား''
''အင်း သွားကြိုလိုက်တော့ Driverလီ သူဌေးလည်းအဆင်သင့်ဖြစ်နေပြီဆိုတော့''
''ဟုတ်ကဲ့ ဒါရိုက်တာ ''
''ကဲ Yeollie ပြင်စရာရှိတာပြင်တော့ ခဏနေ အတွင်းရေးမှူး Do ရောက်လာတော့မယ် ''
'' Nae ... Hyung လည်း လုပ်စရာရှိတာလုပ်တော့နော် ''
'' ok အာ့ဆို ပြန်လာမှတွေ့မယ် Hyung ပြောတာမမေ့နဲ့နော် အဆင်ပြေပါစေ''
ရင်တွေခုန်လိုက်တာ Soo နဲ့နှစ်ယောက်ထဲ ခရီးသွားရတော့မယ် ဘယ်တုန်းကမှမဖြစ်ဖူးတဲ့ ခံစားချက်မျိုး ရင်ခုန်မှုမျိုး ကျွန်တော် ခံစားမိနေပီ ဟုတ်တယ် ကျွန်တော် Soo ကိုချစ်တယ် ချစ်လွန်းလို့ တန်ဖိုးထားလွန်းလို့ ချစ်တယ်ဆိုတဲ့စကားကို ကျွန်တော် Soo ကို မပြောမိဖို့ ထိန်းသိမ်းပါတော့မယ်
YOU ARE READING
You Don't know !
Romance'' ဒေါက်....ဒေါက်'' Soo တစ်ယောက် တံခါးခေါက်ထဲက omma မှန်းသိလိုက်သည် '' Omma ..... Wae !!! '' " Soo ထတော့လေ Wedding သွားဖို့ပြင်ရဦးမယ်လေ '' '' Omma သမီးမလိုက်ချင်ဘူး အိမ်မှာပဲနေချင်တယ် :'( " သနားစရာအသံလေးနှင့်ပြောလိုက်သည် '' မလိုက်လို့မရဘူး သမီးလူဝ...