-Part-3

1.3K 157 4
                                    

ရှူးမင်​သည်​ ​တောင်​ဇလပ်​ပန်းတို့ ပွင့်​ဖူး​နေ​သော ​တောင်​ထိပ်​တစ်​ခု၏ အစွန်၌ရပ်​​နေ​လေသည်​။ မိမိ၏လက်​ထဲ၌ ဓားတစ်​​ချောင်းကိုလည်း မြဲမြံစွာကိုင်​​ဆောင်​ထား၏။ မိမိ၏မျက်​နှာချင်းဆိုင်​​တွင်
ရပ်​​နေသူမှာကား မိမိအလွန်​မုန်းတီး​လှ​သော၊ မိမိ၏ဘဝကိုသိမ်းပိုက်​မည်​ဖြစ်​​သော မ​ကောင်းဆိုးဝါးမင်းသားပင်​ ဖြစ်​၏။ ထိုမင်းသားသည်​ ​ကောက်​ကျစ်​​သောအပြုံးကို ​ဆောင်​လျက်​မိမိထံသို့ တစ်​လှမ်းချင်း​ရွေ့လျားလာ​လေ၏။ တုန်​လှုပ်​ခြင်း အလျင်းမရှိဘဲ မိမိထံသို့ တည့်​မတ်​စွာ​လျှောက်​လှမ်းလာ​သော ရန်​သူအား ရင်​ဆိုင်​ရန်​ မိမိသည်​ဓားဦးကို ထိုရန်​သူဘက်​သို့ ဦးတည်​လိုက်​သည်​။ သို့​သော်​ ထိုမင်းသားသည်​ ​ကြောက်​ရွံ့ခြင်းအလျင်းမရှိ မိမိထံသို့ အ​ပြေးတိုးဝင်​လာပြီးလျှင်​ မိမိ​အား​ပွေ့ဖက်​လိုက်​​လေသည်​။ မိမိအား ​ပွေ့ဖက်​လိုက်​​သော လက်​အစုံတို့သည်​ မထင်​မှတ်​ဘဲ ​နွေး​ထွေး​နေ​ပေသည်​။ သို့​သော်​ မင်းသား၏ခန္ဓာကိုယ်​သည်​ အသက်​ကင်းမဲ့သွား​လေပြီ။ မိမိကိုင်​​ဆောင်​ထား​သော
ဓားသည်​ မင်းသားထံသို့ စိုက်​ဝင်​နစ်​မြှုပ်​ သွား​လေ၏။
ရှူးမင်​၏ မင်းသားအား ​ပွေ့ဖက်​၍ ငို​ကြွေးသံသည်​ တစ်​​တောင်​လုံးတွင်​ ကျယ်​​​လောင်​စွာ မြည်​ဟိန်းသွား​လေ၏။

ရှူးမင်​သည်​ က​ယောင်​ကတမ်း ​အော်​မြည်​ပြီးလျှင်​ အိပ်​ရာမှ လန့်​နိး​လာ​လေသည်​။ အိပ်​မက်​ဖြစ်​​နေ၍သာ စိတ်​သက်​သာရာရ​တော့သည်​။ ရှူးမင်​သည်​ မိမိကိုယ်​ကိုမိမိ ကုတင်​တစ်​ခု ​ပေါ်တွင်​ မည်​သည့်
အ​ကြောင်း​ကြောင့်​ ​ရောက်​ရှိ​နေသည်​မှန်း စဉ်းစား၍မရ​ပေ။ မိမိသည်​ အ​​​ဆောက်​အအုံ တစ်​ခုဧ။်​ နံရံကိုမှီ၍ အိပ်​​ပျော်​သွားခဲ့သည်​ပဲ။ ​ယခုကဲ့သို့ ခမ်းနားကြီးကျယ်​​သော အခန်းထဲတွင်​ ​ရောက်​​နေရန်​ အ​ကြောင်းမရှိ​ပေ။ ရှူးမင်​သည်​ အိပ်​မက်​ထဲတွင်​ ရခဲ့​သော ​တောင်​ဇလပ်​ပန်းတို့၏ ရနံ့ကို ဤ​နေရာတွင်​ ရ​နေ​လေသည်​။ ​တောင်​ဇလပ်​ပန်းအိုးများသည်​ အခန်းပတ်​လည်​တွင်​ ရှိ​နေခြင်း​ကြောင့်​ဖြစ်​သည်​။ မိမိအကြိုက်​ဆုံးပန်းကို သိ​သောသူသည်​ ဤကမ္ဘာ​ပေါ်တွင်​ မိမိခမည်း​တော်တစ်​​ယောက်
တည်းသာရှိ​လေသည်​။ ရှူးမင်​အား ပို၍အံ့အားသင့်​​စေ
သည်​မှာ မိမိပုံတူ ပန်းချီကားများသည်​ ကြီးမားကျယ်​ဝန်း​သော အခန်းကြီးထဲတွင်​ ​နေရာအနှံ့ယူ ထားခြင်းဖြစ်​​လေသည်​။ ဤ​နေရာသည်​ ခမည်း​တော်​ဧ။်​ အိပ်​​​​ဆောင်​ပင်​ဖြစ်ရ​ပေမည်​။ ပို၍​သေချာ​သောအရာမှာ မိမိကြိုက်​နှစ်​သက်​​သော
ပြောင်းဖူးဆန်​မုန့်​များကိုအနားတွင်​ ထားရှိ​ပေးထား​လေသည်​။ ခမည်း​တော်​သည်​ မိမိအား​ချော့မြူရန်​ စီစဉ်​ထားသည်​မှာ ​သေချာလှ​ပေသည်​။ ထိုစဉ်​ ​လူတစ်​​ယောက်​သည်
လေးလံ​သော ​ခြေလှမ်းများဖြင့်​ အခန်းထဲသို့ ဝင်​​ရောက်​လာ​လေ၏။ ခမည်း​တော်​၏ ​ခြေလှမ်းများ
ပင်​ဖြစ်​ရမည်​။ ​​ ​​ရှူးမင်​သည်​ စိတ်​ဆိုး​နေဟန်​ဖြင့်​ အ​နောက်​သို့လှည့်​ထိုင်
နေလိုက်​သည်​။ သည်​တစ်​ကြိမ်​​တော့ မိမိသည်​ မည်​သည့်​နည်းနှင့်​မျှ အ​လျှော့မ​ပေးနိင်​​ပေ။ မိမိ မနှစ်​သက်​​ကြောင်း၊ မလိုလား​ကြောင်း သိသာ​စေရန်​ ဖခင်​အား စကားမပြန်​ရန်​ စိတ်​ပိုင်းဖြတ်​ထား၏။

သမင်​မင်းသား၏​ရွှေကြာပန်းWhere stories live. Discover now