The End
tae ပန်းစည်းလေးတစ်စည်းကို လက်မှာကိုင်ပြီး အုတ်ဂူလေးတစ်ခုဆီကို တစ်လှမ်းချင်း လှမ်းလာနေတယ်။ခြောက်သွေ့အုတ်မှိုင်းနေတဲ့ အုတ်ဂူလေးရဲ့ရှေ့မှာ ကမ္မည်းတိုင်လေးတစ်ခု။အဲ့မှာ ထွင်းထားတဲ့ စာလုံးလေးက Hwang Min Young 25နှစ်။သူဒီအုတ်ဂူလေးဆီကို လာနေခဲ့တာ ဒီနေ့နဲ့ဆို 2နှစ်တိတိရှိပြီ။
လွန်ခဲ့တဲ့ 2နှစ်ကျော်လောက်က
Doc--သမီးမှာ အဆုတ်ကင်ဆာ ဖြစ်နေပြီ
fany--ရှင်----သမီး ကုသလို့ မရနိုင်တော့ဘူးလား doc:
Doc--ဆရာတို့ ဆေးသစ် နည်းမျိုးစုံနဲ့ ကုသပြီးသွားပြီ။သမီးရဲ့ရောဂါက လုံးဝ ကုလို့မရတော့ဘူး။နောက်ဆုံး အဆင့်ကို ရောက်နေပြီ။
fany---ဒါဆို သမီး အသက်ရှင်ဖို့ကာလက-------
Doc:--သမီး အများဆုံး နောက်ထပ် 6လ ပဲ နေရတော့မယ်။ဒါတောင် သမီးဆေးပုံမှန်သောက်ပြီး ထိန်းထားနိုင်မှပါ။မဟုတ်ရင် ဒီထက်လည်း စောနိုင်တယ်။ဆရာတို့ မကူညီနိုင်တာ စိတ်မကောင်းပါဘူး။
fany--ဆရာတို့ အပြစ်မှ မဟုတ်တာ။သမီးကိုက ဒီလောက်ပဲ အသက်ရှင်ဖို့ပါလာတာကိုး။ဒါဆို သမီး သွားလိုက်ပါဦးမယ်။
fany ဆေးရုံထဲက ထွက်တာနဲ့ taeဆီချက်ချင်း messageပို့ လိုက်သည်။
message *ဒီနေ့ ညနေ 5နာရီ ငါတို့ တွေ့နေကြ ကော်ဖီဆိုင်မှာ တွေ့ကြရအောင် tae*
tae fanyဆီက message တွေ့လိုက်တော့ အရမ်းပျော်သွားသည်။fany အခုတလော သူ့ကို ရှောင်နေတယ်လို့ထင်ခဲ့တာ။အခုလို fanyဆီက ဆက်သွယ်လာတော့ သူ ပြောမပြတတ်အောင် ဝမ်းသာသည်။
fany အိမ်ပြန်ရောက်တာနဲ့ ရေမိုးချိုးပြီး သူ့ကိုယ်သူ အလှပဆုံးဖြစ်အောင် ပြင်လိုက်သည်။သူ့ရုပ်က ရောဂါသည်ရုပ် ပေါက်နေလို့မဖြစ်ဘူးလေ။သူ ၅နာရီ မထိုးခင် ဆုံနေကြ ကော်ဖီဆိုင်လေးကို ရောက်သွားတော့ tae က ကြိုတောင် ရောက်နှင့်နေပြီ။fany tae ရှိရာခုံလေးမှာ ဝင်ထိုင်လိုက်သည်။tae--fany ရောက်လာပြီလား။(taeဝမ်းသာအားရပြောလိုက်သည်)
fany--ငါနင့်ကို ပြောစရာရှိလို့ ချိန်းလိုက်တာ
STAI LEGGENDO
The End
Storie breviThe End tae ပန်းစည်းလေးတစ်စည်းကို လက်မှာကိုင်ပြီး အုတ်ဂူလေးတစ်ခု ဆီကို တစ်လှမ်းချင်း လှမ်းလာနေတယ်။ခြောက်သွေ့အုတ်မှိုင်းနေတဲ့ အုတ်ဂူလေးရဲ့ရှေ့မှာ ကမ္မည်းတိုင်လေးတစ်ခု။အဲ့မှာ ထွင်းထားတဲ့ စာလုံးလေးက Hwang Min Young 25နှစ်။သူ ဒီအုတ်ဂူလေးဆီကို လာနေခဲ့တာ ဒ...