Intro Teaser
ချမ်းသာ ကြွယ်ဝတဲ့ မိသားစု အိမ်က
မွေးဖွားလာတဲ့ ကောင်လေးတစ်ယောက်
တစ်ဦးတည်းသားပီပီ အပေါင်းအသင်းအမက်တတ်တယ်
ဒါပေမယ့် သူငယ်ချင်းနည်းတာလည်းသူပဲ
်ကိုးရီးယားနိုင်ငံရဲ့ ဆယ်ကျော်သက်တွေ အတက်ချင်ဆုံး လူကုံထံ သားသမီးတွေသာ တက်တဲ့ ကျောင်းမျိုး မိဘတွေက စီးပွားရေးလုပ်ငန်းတွေနဲ့ပဲ အချိန်ကုန်နေပီး
Kim myeon က ငယ်ငယ်လေးတည်းက အထိန်းနဲ့ နေလာခဲ့ရတယ်မိဘတွေနဲ့ တူတူ ထမင်းစားဖို့ ဆိုတာ အိပ်မက်တစ်ခုလိုပင်
နှစ်ပေါင်းများစွာ ဒါတွေကျော်ဖြတ်လာခဲ့ပြီးပြီဘဲ ဒီနှစ်လည်း ဒီလို အထီးကျန်စွာနဲ့ ဖြတ်သန်းရုံပဲ ရှိတယ်
"ဘဝ တစ်ခုလုံး ဒီလိုပဲအဆုံးသတ်တော့မှာလား"
"အချစ်ဆိုတာ ကိုဘယ်ချိန် ရှာတွေ့နိုင်မှာလဲ"
"ငါ့ကိုနားလည်ပေးနိုင်တဲ့သူဒီကမ္ဘာ မှာရှိသေးလား"
"ငါနဲ့တူတူ အချိန်တွေကိုပျော်ရွှင်စွာကုန်ဆုံးစေမယ့်သူက ဘယ်ချိန်ပေါ်လာမှာလဲ "
"ဒီလိုတွေပဲဆိုရင်အချိန်ဆိုတာငါ့အတွက်ဘာမှတန်ဖိုးရှိတဲ့အရာမဟုတ်ဘူး"
" ဒီလိုနေလာတာကို လည်း ငါတော်တော် အသားကျနေပါပြီ "
"အချိန်တွေတန်ဖိုးရှိလာမယ့် အချိန်ကျရင် ငါ့ရင်ထဲ ဘာတွေခံစားရဦးမလဲ ဆို တာ ငါလည်းမသိဘူး "
"ဒါပေမယ့် အထီးကျန်တဲ့ ဒဏ်ကနေ ရုန်းထွက်ချင်မိတယ် "
" အထီးကျန်ခြင်းက စိတ်အားငယ်စေတာကို appa တို့ omma တို့ကို သိစေချင်တယ် "
Kim Myeon ရဲ့ တီးတိုး ရေရွတ်သံတွေက ပြတင်းပေါက်က ခပ်ဖွဲဖွဲ နှင်းပေါက်လေးတွေက လွဲပြီး ဘယ်သူမှ မကြားနိုင်ဘူး
နှင်းပေါက်လေးတွေအတွက် သံစဉ်တွေလိုတောင် ဖြစ်နေပြီ
Kim myeon ရဲ့ ပျော်ရွှင်မှု အစစ်အမှန်ကို သူရှာဖွေတော့ မှာပါ
အချိန် တွေကို မြန်မြန်ကုန်ဆုံးစေပြီး မှုန်ဝါးဝါးး အနာဂတ်ကို သူမြင်ချင်နေပြီ !
ရွှေ ရောင်လို တစ်လဲ့လဲအလင်းပြန်နေတဲ့ နေရောင်
အထီးကျန်ကောင်လေးရဲံ့ ပြတင်းပေါက်မှန်ကနေ ထိုးဖောက်ဝင်လာနေတယ်
မြင်ရုံနဲ့ နူးညံ့ အိစက်နေတဲ့ မျက်နှာပြင်
နှာတံ စင်းစင်းလေးနဲ့
ပန်းဆီရောင် နှုတ်ခမ်းပါး
ပြာလဲ့လဲ့ မျက်ဝန်းတစ်စုံ ဂွမ်းစကို ဆီထိသလို
သာယာ ညင်သာ ပြီး ဖြည်းဖြည်းလေး ဖွင့်လိုက်တယ်
................................................Part 1 Coming soon