Dream

1.4K 103 0
                                    

Appear You
Ep1

အူ....၀ူးးးးးးးးး.......၀ူးးးးးးးးး.....အူးးးးးး

ဆွဲဆွဲငင်​ငင်​နှင့်ကြက်​သီးထဖွယ်​​ကောင်း​လောက်​​အောင်​ကျယ်​​လောင်​ဆူညံစွာဖြင့်​​အေးချမ်းလှတဲ့ညအ​မှောင်​ထုကိုဖြိုခွင်းလာတဲ့ ​သန်း​ခေါင်​ချိန်​ ​​ခွေးအူသံ

အားးးးးးးးးးးးးးး
ကျယ်​​လှောင်​​သော​အော်​သံနှင့်​အတူအိပ်​မက်​မှဆိုးမှနိုးထလာတဲ့​ကောင်​​လေးတစ်​​ယောက်​အရမ်းကို​မောဟိုက်​​နေတယ်​....သူ့ရဲ့အသက်​ရှုသံပြင်းပြင်းက​တိတ်​ဆိတ်​​နေတဲ့အခန်းတစ်​၀ှုက်​ပျံ့နှံသွားတယ်​...​ခန္ဓာကိုယ်​အနှံ​ချွေး​စေး​တွေက​ရေချိုးထားသကဲ့သို့တစ်​ပြိုက်​ပြိုက်​ကျ​နေတယ်​....သူ့​ကုတင်​​ဘေးကစားပွဲခုံရှိရာကိုလက်​လှမ်းလိုက်​ပီးထို​ပေါ်မှာအသင့်​ရှိ​နေတဲ့​ရေဗူးကိုယူပီး​အငမ်းမရ​မော့​သောက်​​လိုက်​တယ်​.....

ဟူးးးးးးးးးးးးးးး

ရေ​သောက်​ပီး​​တော့သက်​ပြင်းချလိုက်​ပီးသူ့လက်​၂​ဖက်​နဲ့​ဆံပင်​​တွေကိုခပ်​ကြမ်းကြမ်းဆွဲကိုင်​ကာထိုင်​လျတ်​ပဲမျက်​လုံးကိုစုံမှိတ်​ထားလိုက်​တယ်

ဒီ​​နေ့လဲဒီအိပ်​မက်​ပဲလားကွာ????

ထိုသို့စိတ်​​​ခြောက်​ခြား​ယောက်​ယက်​ခက်​​နေစဉ်

"​ဒေါက်​ ​ဒေါက်​"

ဘယ်​သူလဲ??

Omaပါ....

Nae...၀င်​ခဲ့​လေ..Oma....

သား!ဘာဖြစ်​တာလဲ?​.....​အော်​သံကြားလို့..

ဘာဖြစ်​ရမလဲOmaရယ်​..ထုံးစံအတိုင်း​ပေါ့....

ထပ်​မက်​ပြန်​ပီလား?အရင်​​နေ့​တွေက​နဲ့အတူတူပဲလား???

ဟုတ်​တယ်​Oma...

ဘယ်​လိုဖြစ်​တာလဲOmaလဲမစဉ်းစားတတ်​​တော့ဘူး

သား​ရောပဲ...ဒီ​​နေ့နဲ့ဆို၃လပြည့်​ပီ..ဆက်​တိုက်​အဲ့အိပ်​မက်​ပဲ...​စိတ်​ညစ်​တယ်​ဗျာ....

ကဲပါ...သားရယ်​ စိတ်​ညစ်​မ​နေနဲ့​တော့..​မေ့​မေ့​ပျောက်​​ပျောက်​သာ​နေလိုက်​..​အဲ့ဒီအိပ်​မက်​ကိုပဲစိတ်​ထဲထားရင်းထားရင်းကပြန်​မက်​​နေတာ.​မေ့ထားလိုက်​ရင်​အဆင်​​ပြေသွားမှာပါ...​ကြည့်​ပါဦး​ချွေး​တွေလဲစိုရွှဲ​နေတာပဲ..အကျီင်္လဲပီးပြန်​အိပ်​​တော့​နော်​ ည၁နာရီပဲရှိ​သေးတယ်​.မနက်​​ကျောင်းသွားရဦးမယ်​မလား?အိပ်​​တော့​နော်​...

Appear YouWhere stories live. Discover now