Part-12

1.2K 141 2
                                    

Chanyeol တစ်ယောက် ရင်ထဲမှာပူလောင်မှု များစွာဖြင့် Soo ကို လိုက်ရှာနေမိသည်

Soo တစ်ယောက်လည်း ဝမ်းနည်းမှုများစွာဖြင့် ထွက်သာထွက်လာတာ ဘယ်နေရာရောက်လို့ ရောက်မှန်းမသိ မိုးကလည်းအဆက်မပျက် ရွာနေသည် လမ်းဆက်မလျှောက်နိုင်တော့ တာနဲ့ ရှေ့မလှမ်းမကမ်း သစ်ပင်ကြီးအောက်တွင်ရှိသော ထိုင်ခုံလေး တစ်ခုပေါ်ထိုင်ချလိုက်ပီး အားပါးတရ ငိုနေသည်

''Soo...''

ရုတ်တရက် ထွက်ပေါ်လာသောအသံကြောင့် Soo အသံလာရာကို မော့ကြည့်လိုက်သည်

''Soo...''

Sooလည်းထိုင်နေရာမှထကာကြောင်ကြည့်နေမိသည်

သူငိုနေတာလား ဒါမှမဟုတ် မိုးစက်တွေသူ့မျက်နှာပေါ်ကျနေလို့လား သေချာတာတစ်ခုက သူအသံတွေတုန်နေတယ်

''Soo...ကိုယ်စီကထွက်မသွားပါနဲ့ ကိုယ့်ကို မထားခဲ့ပါနဲ့ ''

Chanyeol လည်းပြောပြောဆိုဆို Soo ကိုယ်လေးကို သူ့ရင်ခွင်ထဲဆွဲယူပြီး တင်းကြပ်စွာဖတ်ထားလိုက်တယ်

''Soo... ကိုအရမ်းချစ်တယ်''

ဒါSooအကြားချင်ဆုံးစကားလေ Soo မှာ ဝမ်းသာတာရောအံ့သြတာရော ဘာမှကို မပြောနိုင်တော့တာ

''Soo ရော ကိုယ့်ကိုချစ်လားဟင်''

Soo ခေါင်းသာငြိမ့်နေမိသည်

ဒီမိုးတွေက Soo အတွက်အချစ်မိုးတွေ ဒီမိုးတွေကSooရင်ကိုအေးမြစေတယ် သူ့ရင်ခွင်ကတော့ Soo ခန္ဓာကိုယ်ကို နွေးထွေးစေတယ် ...

~~~~~~~~~~~~~~~~~~~~~~~~~~~~~

''Soo ကိုယ်ဝင်ခဲ့လို့ရမလား''

''Nae''

''Soo အခုမှ ရေးချိုးပြီးတာလား ထမင်းစားရအောင်လေ ကြည့်ပါအုံး ခေါင်းတွေလည်းခြောက်အောင်မသုတ်ဘူး လာကိုယ်သုတ်ပေးမယ်''

''ရပါတယ် သူဌေး''

''အခုထိသူဌေးလို့ခေါ်တုန်းပဲလား''

''Nae! Arrr အဲ့ဒါက ''

''Oppa လို့ခေါ်ကြည့်''

''O...O... Arnyi မခေါ်တတ်ဘူး ''

''ဟားဟား ဟုတ်ပါပီ တစ်နေ့နေ့တော့ ခေါ်နိုင်အောင်ကြိုးစားနော်''

You Don't know !Where stories live. Discover now