Merry Christmaspart-1

653 62 4
                                    

TaoHun - two shot ​လေးပါ

Christmas အမှတ်​တရ​လေး​ပေါ့ yaoi ​လေးပါ✌

.

.

Tao တစ်​​ယောက်​ အချိန်​ပိုင်းအလုပ်​ကို ဒီ​နေ့​စော​စော​လေးနားလာလိုက်​တယ်​ ... ဒီ​နေ့က ခရစ်​စမတ်​​နေ့မို့ ဆိုင်​မှာလူအရမ်းကျတယ်​​လေ အဲ့ဒါ​ကြောင့်​ဆိုင်​ရှင်​ကမပြန်​​စေချင်​​သေး​ပေမယ့်​ ... သူလဲမတတ်​နိုင်​ ... လူကလဲ သိပ်​​နေမ​ကောင်းချင်​သလိုဖြစ်​​နေတာ​ကြောင့်​​လေ ... ကြည့်​ရတာ သူဒီရက်​ပိုင်း နားချိန်​ဆိုတာမရှိခဲ့လို​နေမယ်​ ။

ဒါသူ့ဘဝပဲ​လေ ...

သူတို့ မိသားစုက အရင်​ကတည်းက အတန်​အသင့်​ချမ်းသာကြတဲ့ မိသားစုရယ်​ပါ ...

ဒါ​ပေမယ့်​ ... papa ပိုင်​တဲ့စက်​ရုံကြီးမီး​လောင်​သွားပြီးတဲ့​နောက်​ ... ရှိသမျှစည်းစိမ်​အကုန်​နဲ့ ​လျော်​​ကြေး​တွေ​ပေးလိုက်​ရတာ​ကြောင့်​ ... သူတို့မိသားစုကြီး ဒုက္ခ​ရောက်​ခဲ့ကြတယ်​ဆိုပါ​တော့...

ဆင်းရဲတွင်းထဲမှာ ​လောကရဲ့ဒုက္ခ​တွေကို ၁ နှစ်​​လောက်​ ခါးစည်းခံခဲ့ကြပြီးတဲ့​နောက်​ ...

လွန်​ခဲ့တဲ့ ၂ နှစ်​​လောက်​ကပဲ သူ့ကို မိဘနှစ်​ပါးစလုံးက လူ့​လောကကြီးမှာ စိတ်​မချစွာနဲ့ပဲ ထားခဲ့ကြပြီ​လေ ... တက္ကသိုလ်​​ကျောင်းသားသာရှိ​သေးတဲ့ ZiTao ဆိုတဲ့ ကျ​တော်​ပဲ ​လောကကြီးအလယ်​မှာ အထီးကျန်​စွာနဲ့ပဲ ရုန်းကန်​ရင်း ကျန်​​နေခဲ့ရတယ်​​လေ ...

ဒီလို​နေ့မျိုးဆိုတာ အိမ်​မှာ မိသားစု​တွေနဲ့ ​ပျော်​​ပျော်​ပါးပါး ခရစ်​စမတ်​ပွဲ​လေးဆင်​နွှဲရင်း ​ပျော်​ရွှင်​​နေရမယ့်​​နေ့မဟုတ်​လား ...

သူလဲ အရင်​က​တော့ အဲ့လိုမိသားစုဘဝ​လေးနဲ့ အဲ့လို​ပျော်​ရွှင်​ခဲ့ရပါတယ်​ ... ဒါ​ပေမယ့်​ ...

မိဘ​တွေဆုံးသွားပြီးတဲ့​နောက်​ သူတစ်​​ယောက်​တည်း ငှားေ​နရတဲ့ ခေါင်းမိုးခန်း​လေးထဲမှာ ... ​​ခေါက်​ဆွဲပြုတ်​​လေးတစ်​ပန်းကန်​ကိုသာ အ​ဖော်​ပြုရင်း ဖြတ်​သန်းလာခဲ့ရတာ ၂ နှစ်​​တောင်​ရှိခဲ့ပြီပဲ​လေ ...။

Merry ChristmasWhere stories live. Discover now