TaoHun - two shot လေးပါ
Christmas အမှတ်တရလေးပေါ့ yaoi လေးပါ✌
.
.
Tao တစ်ယောက် အချိန်ပိုင်းအလုပ်ကို ဒီနေ့စောစောလေးနားလာလိုက်တယ် ... ဒီနေ့က ခရစ်စမတ်နေ့မို့ ဆိုင်မှာလူအရမ်းကျတယ်လေ အဲ့ဒါကြောင့်ဆိုင်ရှင်ကမပြန်စေချင်သေးပေမယ့် ... သူလဲမတတ်နိုင် ... လူကလဲ သိပ်နေမကောင်းချင်သလိုဖြစ်နေတာကြောင့်လေ ... ကြည့်ရတာ သူဒီရက်ပိုင်း နားချိန်ဆိုတာမရှိခဲ့လိုနေမယ် ။
ဒါသူ့ဘဝပဲလေ ...
သူတို့ မိသားစုက အရင်ကတည်းက အတန်အသင့်ချမ်းသာကြတဲ့ မိသားစုရယ်ပါ ...
ဒါပေမယ့် ... papa ပိုင်တဲ့စက်ရုံကြီးမီးလောင်သွားပြီးတဲ့နောက် ... ရှိသမျှစည်းစိမ်အကုန်နဲ့ လျော်ကြေးတွေပေးလိုက်ရတာကြောင့် ... သူတို့မိသားစုကြီး ဒုက္ခရောက်ခဲ့ကြတယ်ဆိုပါတော့...
ဆင်းရဲတွင်းထဲမှာ လောကရဲ့ဒုက္ခတွေကို ၁ နှစ်လောက် ခါးစည်းခံခဲ့ကြပြီးတဲ့နောက် ...
လွန်ခဲ့တဲ့ ၂ နှစ်လောက်ကပဲ သူ့ကို မိဘနှစ်ပါးစလုံးက လူ့လောကကြီးမှာ စိတ်မချစွာနဲ့ပဲ ထားခဲ့ကြပြီလေ ... တက္ကသိုလ်ကျောင်းသားသာရှိသေးတဲ့ ZiTao ဆိုတဲ့ ကျတော်ပဲ လောကကြီးအလယ်မှာ အထီးကျန်စွာနဲ့ပဲ ရုန်းကန်ရင်း ကျန်နေခဲ့ရတယ်လေ ...
ဒီလိုနေ့မျိုးဆိုတာ အိမ်မှာ မိသားစုတွေနဲ့ ပျော်ပျော်ပါးပါး ခရစ်စမတ်ပွဲလေးဆင်နွှဲရင်း ပျော်ရွှင်နေရမယ့်နေ့မဟုတ်လား ...
သူလဲ အရင်ကတော့ အဲ့လိုမိသားစုဘဝလေးနဲ့ အဲ့လိုပျော်ရွှင်ခဲ့ရပါတယ် ... ဒါပေမယ့် ...
မိဘတွေဆုံးသွားပြီးတဲ့နောက် သူတစ်ယောက်တည်း ငှားနေရတဲ့ ခေါင်းမိုးခန်းလေးထဲမှာ ... ခေါက်ဆွဲပြုတ်လေးတစ်ပန်းကန်ကိုသာ အဖော်ပြုရင်း ဖြတ်သန်းလာခဲ့ရတာ ၂ နှစ်တောင်ရှိခဲ့ပြီပဲလေ ...။