#OneShort#
HappyBirthday OhSebu
မနက်ခင်း နှိုးစက်သံလေးကြောင့် အိပ်ယာက နိုးလာတော့ မျက်လုံးလေး ပွတ်ပြီး ဖွင့်ကြည့်လိုက်တော့ လက်ဆောင်ထုတ်လေးတွေ
''fan တွေပို့ထားတာ ထင်တယ် ''
ထိုအချိန် member တွေ အခန်းထဲဝင်လာပြီး
''Happy Birthday Uri Maknae !!"
Chanyeol hyung အသံအကျယ်ဆုံး ကြားလိုက်ရတယ် . အကုန်လုံးက cake လေး စီစဉ်ပေးပြီး ပျော်အောင် လုပ်ပေးကြပေမယ့် ကျွန်တော့ရင်ထဲ တစ်ခုခုလိုနေသလို . ဘာလိုနေတာလဲ ?? aww BD wish လုပ်ပေးတဲ့သူတွေထဲမှာ Hyung မှမပါတာလေ . တကယ်ဆို အခုချိန် သူ့အသံပြဲကြီးနဲ့ အကျယ်ကြီး အော်ဆိုပေးမှာ . မနှစ်ကဆို အစောကြီး ကျွန်တော့ အတွက် မိယောဂု ချက်ပေးတာလေ . အခုကျတော့ ~~ D.Ohyung လည်း ချက်ပေးပါတယ် ဒါပေမယ့် hyung ကို သတိရနေမိတယ်လေ.
Hyung??? ကျွန်တော့်ရဲ့ hyung လေ . ကျွန်တော် trainee ဘဝကတည်းက ချစ်ခဲ့ရတာပေါ့ . hyung က နောက်ဆုံးမှ အဖွဲ့ထဲ ရောက်လာလေ . ဒါပေမယ့် သူက အရမ်းဖော်ရွေတော့ ရင်းနှီးလွယ်တယ်လေ . ကျွန်တော်လေ စတွေ့တုန်းက ကျွန်တော့ထက် ငယ်မယ်ထင်ထားတာ . နောက်တော့ ဘယ်လိုပြောရမလဲ hyung ပေါက်စနလေးပေါ့နော် . အရမ်းလည်း စပ်စလူးထလွန်းတယ် stage မှာဆို သူ့ကို တွေ့ရဖို့ လိုက်ဖမ်းနေရတယ် တကယ် . ပြီးတော့လေ ကျွန်တော် သူ့ကို ဘယ်တုန်းကမှ Chenhyung လို့ မခေါ်ခဲ့ဘူး . Jongdaehyung လို့ပဲ ခေါ်တာ . အဲ့နာမည်လေးကို ပိုသဘောကျလို့လေ
မနှစ်ကဆိုရင်လေ >>>>
*** flash back ****
''Sehunyaaa!! Maknae!!!! "
"အာာာ hyung ကလဲ အစောကြီးရှိသေးတယ် ခဏလေး အိပ်ပါရစေ နားကို အူသွားတာပဲ ''
''HappyBirthday uri maknae ^_^ ''
''ဟုတ်သားပဲ ဒီနေ့ ကျွန်တော့ မွေးနေ့ပဲ gomawol hyung !! "
ကွေးတတ်နေအောင် ရီလိုက်ပြီး မျက်လုံးလေးတွေတောင် မပေါ်တော့ အရမ်းချစ်ဖို့ကောင်းခဲ့တာ
''မြန်မြန်ထ မိယောဂု ချက်ထားတယ် သောက်လိုက်ဦးနော် ashit!! အခန်းကလည်း ပွနေတာပဲ သေချာမသိမ်းဘဲ ကြည့်စမ်း အရုပ်တွေ လည်း ပလဲနေတာပဲ fan တွေက ချစ်လို့ပေးထားတာကို . ''