Tao လဲ သူ့လက်ထဲက အဝါရောင်တွေတောက်နေတဲ့ ဗူးလေးကိုဖွင့်ကြည့်လိုက်တယ် ...
" ဟင် ... ဒါ ... ဒါလေးက "
ရုတ်တရက် အံ့အြလွန်းလို့ ဘာပြောရမှန်းတောင်မသိဖြစ်သွားမိတယ် ...
ဖြစ်ဆို ... သူမြင်လိုက်ရတာက ... အရုပ်ကလေးတစ်ရုပ်လေ ... အရုပ်တောင်မှ ကောင်လေးတစ်ယောက်ရဲ့ပုံစံတူ အရုပ်ကလေး ... လက်တစ်ဝါးစာသာအရွယ်ရှိတဲ့ ... အင်္ကျီအစိမ်းရောင် ၊ ဂျင်းဘောင်းဘီလေးဝတ်ထားပေးပြီး အင်္ကျီပေါ်မှာ သိုင်းကြိုးလေးပြန်သိုင်းထားတဲ့ ... ဆံပင်အဖြူအလယ်ခွဲလေးနဲ့ ... အသည်းယားစရာကောင်းလောက်အောင်ရယ်ပြနေတဲ့ ... သူ့လက်ထဲက အရုပ်ပိစိလေးက ... တစ်ကယ်တော့လဲ အထူးအဆန်းကြီးမဟုတ်ပါဘူးလေ ...
ဒါပေမယ့် ဒီအရုပ်လေးကိုကြည့်ရင်း သူပျော်လာမိတယ်... တစ်ကယ်ကိုချစ်စရာကောင်းတဲ့ အရုပ်ပိစိလေးရယ်ပါ ... တစ်ကယ်ကိုသဘောကျမိသွားတယ်လေ ...
ပြီးတော့ ... ဗူးထဲကအရုပ်ကလေးရဲ့အောက်မှာ စာရွက်ဖြူလေးတစ်ရွက်ရှိနေလေရဲ့ ...
ခေါက်ထားတဲ့ စာရွက်ဖြူလေးကို သူဖြန့်ကြည့်လိုက်တော့ ... မင်အနက်လေးတွေနဲ့ရေးထားတဲ့ စာတိုလေးတစ်ပိုဒ် ...
^ baba လေးအတွက် PaPa ရဲ့ Christmas လက်ဆောင်လေ ... သူ့နာမည်က Sehun တဲ့ ... သားလေးကို အထီးမကျန်စေဖို့ သူလေးကအတတ်နိုင်ဆုံးကူညီပေးလိမ့်မယ် ... သားလေးသေချာဂရုစိုက်ပေးနော် ... အော် ...သားလေးသူ့ကိုအရမ်းခင်တွယ်လာပြီဆိုရင်တော့ ... သားလည်ပင်းကဆြွဲကိုးလေး သူ့ကိုလက်ဆောင်ပေးလိုက်ပါကွယ် ...။
Love u babe...
Merry Christmas ^
သူစာလေးကိုဖတ်ရင်း မျက်ရည်တွေသာကျနေမိတယ် ... PaPa ... သူ့ PaPa တဲ့လား ... ဆွဲကြိုးအကြောင်းပါသိနေတာဆိုတော့ ... အဲ့ဒါ လဲ PaPa ဖန်တီးထားတာလား ... ပြီးတော့ ...ခုနက Santa Claus ကြီးက ... PaPa ပေါ့လေ ... ဘေဘီလို့ခေါ်ကတည်းက ထူးဆန်းနေခဲ့တာ ... ကျေးဇူးတင်ပါတယ် PaPa ရယ် ...