Hoya: နင် ဘယ်သူလဲ ဘာလို့ ငါ့ အခန်းထဲ ရောက် နေတာလဲ နင်... နင် ငါ့ ကို ဘာလုပ် လိုက် သေးလဲ
Hoya ရဲ့ မေးခွန်း တွေကို မ ဖြေ နိုင်သေး ဘဲ
Nika ပြန်စဉ်းစား နေ၏။'မ နေ့ ည က ငါ ကားတိုက်ခံလိုက် ရတာပါ ဘာလို့ ဆေးရုံ မ ရောက်ဘဲ Hoya အခန်းထဲ ရောက် နေတာလဲ နေပါဦး ငါ သေ သွား ပြီလား'
Nika လန့် သွား၏။
Nika ရဲ့ လက်ကောက် ဝတ် မှာ တင်းကျပ် နေသလို ခံစားရတာ ကြောင့် ကြည့် လိုက် တော့
''Spell Of Angels'' ဟု ရေးထား သည့် ငွေရောင် လက်ပတ်တစ်ခု'Spell က အစွမ်းပြတာလား' 'ဒါပေ မယ့် ငါက ဝိညာဉ် ဖြစ်သွားတာလား'
Hoya: ဟေ့ ငါမေး နေတယ်လေ ဘယ်သူလဲ
ကြောက်လန့် တကြား ဖြစ်နေ သည့် Hoya ရဲ့ မျက်နှာ ကို ကြည့် ရင်း Nika ရယ်ချင် သွားသည်။
' ငါက သရဲ ဆို တာ ကိုသာ သူ သိသွားရင် လန့်ပြီး သေသွား လိမ့် မယ် ငါလိမ် ပြော မှပဲ' တွေးပြီး
Nika: ငါက နင့် ရဲ့ ကိုယ်စောင့်နတ်သမီးပဲ
နင် အိပ် ရာ ထ နောက်ကျ လွန်းတော့ ငါလည်း နတ်သဘင် အစည်းအ ဝေးကို အမြဲ နောက်ကျတယ်
ဒါကြောင့် ငါ နတ်ပြည်က နေ မောင်းချ ခံလိုက် ရတာ
နင့်အချိုး တွေကို ပြင်ပေး နိုင် မှ ငါနတ်ပြည် ပြန်လို့ရမှာHoya: ရယ် ရတယ် Ha ha ha ဂျင်းဘောင်းဘီ အတိုနဲ့ တီရှပ် ဝတ်တဲ့ နတ်သမီး ဘယ်မှာ ရှိလို့ လဲ လာလိမ်မ နေနဲ့
Nika: အခုက ရှေးခေတ် မှ မဟုတ်တော့တာ နတ်တွေလည်း လန်းကုန် ကြပြီ လေ
Hoya: တော်စမ်းပါ နင် က တကယ် နတ်သမီး အစစ်ဆို ရင် သက်သေပြ
Hoya စကားကြောင့် Nika အကျပ် ရိုက်ပြီး ဘာလုပ် ရမှန်း မသိ ဖြစ် သွားသည်။
ဒါပေ မယ့် လည်း ကိုယ့် ဟန် ကိုယ် ဖို့ ပြီး လက် ဖျောက်တစ်ချက် တီးလိုက် သည်။
အခန်းထဲ မှာ မြွေ တွေ အများ ကြီး ပေါ် လာ၏။
Hoya: OMMA!!!!!!
Hoya အော်ပြီး အခန်းထဲမှ ထွက်ပြေး သွား သည်။
Nika ကိုယ်တိုင် လည်း လန့် သွား သည်။
YOU ARE READING
My Spell On You (အချစ် ကျိန်စာ)
Fanficငါ နင့် ကို တစ်ကယ် ချစ် ရဲ့ လား ဆိုတာ ငါ သေချာ မသိဘူး ဒါက နင့် ရဲ့ အမှားပဲ ငါ့ကို အစကတည်း က နင် မပြုစား သင့်ခဲ့ဘူး Spell ကြောင့် သာ မဟုတ် ရင် ငါ နင့် ကို ချစ်မှာ မဟုတ်လောက်ဘူး :HOYA