အပိုင်း(၁)
အနည်းငယ်ညစ်ထေးနေပြီဖြစ်တဲ့ အုတ်ဂူရှေ့ မှာကောင်လေးတစ်ယောက်...
ပါးပြင်ထက်ကမျက်ရည်တွေက ထိုကောင်လေး ပူဆွေးမှုရဲ့ သက်သေတွေပဲဖြစ်တယ်...
တဆတ်ဆတ်တုန်ယင်နေတဲ့နှုတ်ခမ်းတစ်စုံက စကားတစ်ခွန်းပြောဖို့ အတွက်
ခဲယဉ်းနေသလို...အထီးကျန်စွာ ငိုကြွေးနေသူကောင်လေးအတွက် အဖော်အဖြစ်
တဖြည်းဖြည်းမှိုင်းညို့ လာခဲ့တဲ့မိုးတိမ်တိုက်တွေဆီက မိုးသီးမိုးစက်တွေ
သက်ဆင်းကြွေကျခဲ့ပြီ...သည်းထန်လာခဲ့တဲ့မိုးရေထဲမှာ အကာအကွယ်မယူပဲ
သူ့ မျက်စိရှေ့ ကဟောင်းနွမ်းကာ ရေညှိအချို့ တက်နေပြီဖြစ်တဲ့ အုတ်ဂူလေးကို
သာကြေကွဲဖွယ်မျက်ဝန်းတွေနဲ့ ခပ်တွေတွေငေးကြည့်နေခဲ့တယ် ...
အေးမြတဲ့မိုးရေစက်တွေကတောင် ထိုကောင်လေးရဲ့ စိတ် အပူမီးကို မငြိမ်းသတ်နိုင်ဘူး
ထင်ပါရဲ့  ...နှစ်တွေအများကြီးကြာနေခဲ့ပြီ...လာမတွေ့ ဖြစ်ခဲ့ဘူး...သတိမရလို့ တော့မဟုတ်ဘူး ...
ကျွန်တော်မယုံကြည်နိုင်သေးဘူး...ဒါပေမယ့်
နိုင်ငံရပ်ခြားကိုမသွားခင် ချစ်သူ
အိပ်စက်ရာနေရာကို ကျွန်တော်ပထမဆုံးနဲ့ နောက်ဆုံး အနေဖြစ်ရောက်လာခဲ့ပြီ ...လုဟန်
အသက် ၂၅ နှစ်(၁၉၈၅-၂၀၁၀)ရေညှိတစ်ချို့ တက်နေတဲ့ သူ့ နာမည်ရေးထိုးထားတဲ့သလင်းကျောက်မျက်နှာ
ပြင်ကိုလက်ချောင်းတွေနဲ့ အသာအယာထိ
တွေ့ ရင်း
//မတွေ့ ရတာကြာပြီနော် လုဟန်//
အားတင်းပြုံးကာနှုတ်ဆက်စကားဆို ဖြစ်တယ်...
တစ်စစီကြေမွပျက်ဆီးနေပြီဖြစ်တဲ့နုလုံးသားကတော့ သူ့ဆုံးရှုံးမှုအတွက်
ကံကြမ္မာကို မကျေမနပ်ဖြစ်ကာ အော်ဟစ်ကျိန်ဆဲနေပေမယ့် အပြင်ဘက်မှာတော့
ပြင်းထန်တဲ့ခံစားချက်တွေရဲ့ ရိုက်ခတ်မှုအတွက် ယဉ်ပါးတည်ငြိမ်နေပြီဖြစ်တဲ့
မျက်ရည်တစ်ချို့ ကသာဖော်ညွှန်းနေခဲ့တယ်... ကျွန်တော်ရင့်ကျက်နေခဲ့ပြီလေ...
ကျွန်တော်သာလွန်ခဲ့တဲ့နှစ်အနည်းငယ်ကတည်းကရင့်ကျက်ခဲ့မယ်ဆိုရင်
ခုလိုအခြေအနေတွေဖြစ်လာခဲ့မှာမဟုတ်ဘူးနော်...ကျွန်တော့်ရဲ့ မရင့်ကျက်မှုအတွက်
နောက်ဆုံးရလိုက်တဲ့ ပြစ်ဒဏ်က ခင်ဗျားကိုဆုံးရှုံးလိုက်ရခြင်းလား လုဟန်...
ပြန်မရနိုင်တော့တဲ့ သူ့ ကို သတိရခြင်းတွေနဲ့ အချိန်နဲ့ အမျှကျွန်တော်
ပူလောင်နေခဲ့ရတယ်...ကျွန်တော်အဆုံးသတ်ချင်ပြီ လုဟန်...ဒါပေမယ့်
ချစ်သူရဲ့ စတေးမှုကြောင့် ဖြစ်လာတဲ့ ကျွန်တော့်ဘဝကိုမဖျက်ဆီးရက်ခဲ့ဘူး...
ကျွန်တော်မပျော်ပေမယ့်လည်းပေါ့...
အဖြူရောင်နှင်းဆီပန်းစည်းကို အုတ်ဂူပေါ်ချလိုက်ရင်း
